သူဌေး ဖြစ်မယ့်သူရဲ့ ခေတ်သစ် စီးပွားရှာနည်း (ပိုက်ဆံစုရုံနဲ့ သူဌေးဖြစ်မယ်လို့ ထင်နေကြတုန်းပဲလား)

တစ်ခါကပေါ့။ မြို့နဲ့မနီးမဝေးမှာ ငါးကန်လေးတစ်ခုဖွင့်ပါတယ်။ ”အခကြေးငွေ”ယူပြီး ငါးမျှားအပန်းဖြေတဲ့နေရာပေါ့။ ဖွင့်ပွဲနေ့မှာ အထူးအစီအစဉ်အနေနဲ့ ငါးမျှားလို့ ငါးမရတဲ့သူတွေကို ဘဲတစ်ကောင်လက်ဆောင်ပေးမှာဖြစ်ပါတယ်။

အဲဒါနဲ့ ဖွင့်ပွဲနေ့မှာပဲ ပျော်ပျော်ပါးပါးလာရောက်ငါးမျှားကြပါတယ်။ ငါးမရလည်း ဘဲယူပြန်ပေါ့၊ ဒီလိုနဲ့ ငါးကန်ပိုင်ရှင်ရဲ့ ဘဲတွေလည်းအကုန်ပြောင်ပဲ။ မျှားတဲ့သူတွေက ငါးရဖို့ထက် ဘဲတစ်ကောင်ရဖို့ကို ပိုစိတ်ဝင်စားကြလို့လား။ နောက်မှ သိလိုက်ရတယ်။

တကယ်တော့ ငါးကန်ပိုင်ရှင်သူဌေးဟာ အရင်က ဘဲမွေးမြူရေးလုပ်တာပါ။ အဲဒီနောက် ငါးမွေးမြူရေးကိုပြောင်းလုပ်ချင်ပေမယ့် ငါးမျိုးဝယ်ထည့်ဖို့က အရင်းအနှီုးမရှိ ဘဲတွေကလည်း ရောင်းမထွက်တော့ ဒီနည်းကိုသုံးလိုက်တာ တစ်ချက်ခုတ်ပြီး သုံးချက်ပြတ်သွားပါတယ်။

သူ့ ဘဲတွေလည်းကုန် ပိုက်ဆံလည်းရ ငါးမျှားတဲ့သူလည်းကျေနပ်ပေါ့။ ဒီလိုနဲ့ ငါးမွေးမြူရေးကိုအောင်မြင်စွာစတင်နိုင်ခဲ့တယ်။ နောက်တစ်လလောက်ကြာတော့ နောက်ထပ်ပရိုမိုးရှင်းထပ်လုပ်ပါတယ် မည်သူမဆို အခမဲ့ငါးမျှားနိုင်ပါသည်။ ငါးမိရင်တော့ တစ်ကီလိုကို ၅ ဒေါ်လာပေးရမည်။ တစ်သုတ်ပြီးတစ်သုတ်လာလိုက်တဲ့ ငါးမျှားဝါသနာရှင်တွေ ထူးဆန်းတာက မျှားတဲ့သူတိုင်း ငါးမိကြတာပါပဲ။

တစ်ကယ်တော့ ငါးကန်သူဌေးက ငါးတွေကိုပိုလျှံအောင် အများကြီးထည့်ထားပြီး ဝယ်လိုအား (demand) ထက် ထောက်ပံ့ပြေးနိုင်မှု (supply) ကိုပိုများအောင်လုပ်ထားတော့ ငါးမိနိုင်ခြေလည်းပိုများတာပေါ့။ နောက်ပြီး ငါးမျှားဝါသနာရှင်တိုင်းက ငါးမိရင် ပျော်တဲ့သူကြီးပဲလေ။ အဲဒီတော့ ဈေးမှာ တစ်ကီလိုကို ၃ ဒေါ်လာပဲပေးရပေမယ့် ကိုယ်တိုင်မိတဲ့ငါးကို ဈေးပိုပေးပြီးကျေနပ်စွာဝယ်ယူကြပါတယ်။

နောက်ရက်အနည်းငယ်ခန့်ကြတော့ ငါးတွေလည်း အရေအတွက်လျော့လာပြီ။ ငါးမျှားတဲ့သူတွေလည်း နည်းလာပြီးဆိုတော့ နောက်တစ်မျိုးပြောင်းလိုက်ပါသည်။ မျှားလို့ရတဲ့ငါးကို အခမဲ့ယူနိုင်တယ်။ ငါးမျှားချိန်ကို တစ်နာရီ ၁၀ ဒေါ်လာဆိုပြီးသတ်မှတ်လိုက်တယ်၊ လစဉ်ကြေးအနေနဲ့ မန်ဘာဝယ်မယ်ဆိုရင်တော့ တစ်လကို ဒေါ်လာ၅၀၀ ပေါ့။

ဝန်ဆောင်မှုအနေနဲ့ happy hour မှာ -ီယာ ၂ ပုလင်း နဲ့ အာလူးကြော်တစ်ပွဲအခမဲ့ပေးမယ်၊ နောက်အခြားသော ပျော်ရွှင်ဖွယ်အစီအစဉ်လေးတွေလည်းစီစဉ်ထားပါတယ်။ တံငါသည်ဝတ်စုံဝတ်ပြီး ရေသူမပုံဝတ်ဆင်ထားသော မော်ဒယ်ဂဲလ်လေးတွေနဲ့ ဓါတ်ပုံရှိက်တာတို့၊ ဖမ်းမိတဲ့ငါးတွေကို ကိုယ်တိုယ်ကင်စားတာတို့၊ ဘာတို့ပေါ့။ အဲဒီဝန်ဆောင်မှုတွေအတွက်ကတော့ သီးခြားအခကြေးငွေပေးရပါတယ်။ ဒီလိုနဲ့ငါးကန်လေးဟာ ပြန်လည်စည်ကားသိုက်မြိုက် လာခဲ့သည်။

နှစ်ဝက်အတွင်းမှာ ငါးကန်ပိုင်ရှင်ဟာ အမြတ်ငွေတွေအများကြီးရပြီး နောက်ထပ်အစီအစဉ်တစ်ခုကိုအကောင်အထည်ဖေါ်ပါတယ်။ သူငါးကန်မှာလာပြီး အပန်းဖြေတဲ့သူတွေအားလုံးက လုပ်ငန်းရှင်ဘောစိတွေကြီးပဲဆိုတော့ network တစ်ခုကိုရထားပြီးပြီလေ၊ အဲဒီတော့ ရှေ့လုပ်မယ့်လုပ်ငန်းအတွက် ရှယ်ယာခေါ်လိုက်ပါတယ်။ အင်းကြီးတစ်ခုလုံးကို နှစ်ရှည်ဌားမယ်.ပြီးရင် ဘန်ဂလိုလေးတွေဆောက်မယ်။ ဟိုတယ်ပုံစံလေးလုပ်ပြီး နွေရာသီအပန်းဖြေစခန်းတစ်ခု ဖန်တီးမယ်။

အပန်းဖြေဖို့အတွက် entertainment မျိုးစုံကိုစီစဉ်မယ် ဆိုပြီး သူ့ရဲ့ပလန်ကိုချပြပြီး ရှယ်ယာခေါ်လိုက်ပါတယ်။ နဂိုလုပ်ငန်းရဲ့အောင်မြင်တဲ့အရှိန်အဝါနဲ့ လုပ်ငန်းရှင်တွေရဲ့ယုံကြည်မှုကိုရထားပြီးသားဆိုတော့ ခဏတွင်းချင်းပဲ ရှယ်ယာအကုန်ရောင်းထွက်သွားပါတယ်။ နောက်တစ်နှစ်လောက်နေတော့ သူရဲ့အပန်းဖြေရေပေါ်ဟိုတယ်စီမံကိန်းကြီး အောင်မြင်စွာအကောင်အထည်ဖေါ်ခဲ့ပါသည်။

သတင်းမီဒီယာတွေက သူ့ရဲ့အောင်မြင်မှုနည်းလမ်းကို အင်တာဗျူးတော့ ငါးကန်ပိုင်ရှင်လေးက ဒီလိုဖြေသွားပါတယ်စီးပွါးရေးလုပ်ပြီဆိုရင် လူတွေရဲ့အကြောင်းကိုနားလည်ရမယ်လူတွေရဲ့လိုအပ်ချက်ကိုသိရမယ်လူတွေကိုပျော်အောင်လုပ်ပေးနိုင်ရင် ပိုက်ဆံရှာရတာလွယ်သွားပါမယ်။

တစ်နည်းအားဖြင့် လူတွေရဲ့ အမူအကျင့် (human behavior) ကိုနားလည်အောင်လုပ်ပါ။ စီမံခန့်ခွဲမှု (management) လည်းအဲဒါပဲ။ ဖတ်မိသောပုံပြင်တစ်ပုဒ်ကို ဆီလျော်အောင်ဘာသာပြန်ထားချင်းသာဖြစ်သည်။ (ကောင်းကင်ထက်က ကြယ်စင် {ကလေး})

Leave a Reply

Your email address will not be published.

x

You cannot copy content of this page