ကံဆိုးမ သွားရာ မိုးလိုက်လို့ အရွာခံရတဲ့ သူဌေးကြီး အီလွန်မက်စ် အာကာသဒုံးပျံယာဉ် ပေါက်ကွဲ

အီလွန် မက်စ်ရဲ့ SpaceX ကုမ္ပဏီမှ တီထွင်ထားတဲ့ မျိုးဆက်သစ် Starship အာကာသ ဒုံးပျံယာဉ်ကို ဇူလိုင် ၁၁ ရက် တနင်္လာနေ့က တက္ကဆက်မှာ စမ်းသပ်ပစ်လွှတ်ခဲ့ရာမှာ မီးလောင်ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။

ယခုဖြစ်ရပ်ကြောင့် ၂၀၂၂ ခုနှစ်အတွင်း အာကာပတ်လမ်းအတွင်းသို့ Starship အာကာသယာဉ် ကို လွှတ်တင်ရေး မက်စ်ခ်ရဲ့ ရည်ရွယ်ချက်ဟာ နှောင့်နှေးမှုများ ဖြစ်ပေါ်လာဖွယ်ရှိနေပါတယ်။ “အဖွဲ့အနေနဲ့ ပျက်စီးဆုံးရှုံးမှုများကို အကဲဖြတ်လျက်ရှိကြောင်း” ရှေ့ပြေးပုံစံ ဒုံးပျံယာဉ် ပေါက်ကွဲခဲ့အပြီးတွင် အီလွန် မက်စ်မှ တွစ်တာ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

Starship အာကာသဒုံးပျံယာဉ် ပေါက်ကွဲပျက်စီးမှုအတွင်း ဒဏ်ရာရရှိမှု အတိအကျကိုတော့ သိရှိရခြင်းမရှိသေးပါဘူး။ မီးတောက်နဲ့ မီးခိုးလုံးကြီးများ ပေါ်ထွက်လာခဲ့ပြီး ဒုံးပျံယာဉ်ရဲ့ အောက်ခြေဟာ ပေါက်ကွဲခဲ့ကာ၊ အင်ဂျင်လည်ပတ်မှု စတင်တဲ့နေရာက ပေါက်ကွဲခဲ့တာ‌ဖြစ်ကြောင်း မက်စ်ခမှ အင်္ဂါနေ့မှာ ပြောကြား ခဲ့ပါတယ်။

Starship အာကာသဒုံးပျံယာဉ် ပေါက်ကွဲမှုဟာ ပြင်းထန်လွန်းတာကြောင့် အနားမှာ ရိုက်ကူးနေတဲ့ ဗီဒီယိုကင်မရာများပါ တုန်ခါသွားကိုလည်း နာဆာ ဝဘ်ဆိုက်မှာ တင်ထားတဲ့ ဗီဒီယိုမှာ မြင်တွေ့ခဲ့ကြရပါတယ်။

မကြာသေးမီ ရက်များအတွက်ကလည်း သူဌေးကြီး အီလွန်မက်စ်အနေနဲ့ တွစ်တာဝယ်ယူမှုကို လက်လျှော့လိုက်တာကြောင့် တွစ်တာ ကုမ္ပဏီက လျော်ကြေး တစ်ဘီလီယံ တောင်းဆိုဖို့ တရားဆွဲသွားမယ်လို့ သိရပါတယ်။ ကမ္ဘာကျော်သူဌေးကြီး အီလွန်မက်စ် အတွက် ယခုနှစ် ဇူလိုင်လကတော့ ကံဆိုးတဲ့ လအဖြစ် မှတ်တမ်းဝင်သွားပြီ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page