စမ်းချောင်းမှာ တို့ဆေးမိပြီး ဖုန်းပါသွားတဲ့အဖြစ် (နည်းမျိုးစုံနဲ့ ခိုးဆိုးလုနှိုက်နေကြပါပြီ)

ကျတော့်ဆိုင်ဝန်ထမ်း၁ယောက် တို့ဆေးမိလာပုံလေး အားလုံးသတိထားလို့ရအောင်ပြောပြချင်လို့ပါ။ ကြာသပတေးနေ့ (၂၁.၇.၂၂ ) ညနေ ၄နာရီဝန်းကျင်တွင် ရွှေလဝန်းလမ်းရှိ ကွန်ဒိုတစ်ခုနား ဆိုင်က deli ကလေးတစ်ယောက် ပါဆယ်သွားပို့ပြီး ပြန်အလာ

ဇမ္ဗူရာဇ်လမ်းထိပ်နှင့် ရွှေလဝင်းလမ်းကြား ဗားကရာလမ်းဘက်တွင် အသားမည်းမည်း လူလတ်ပိုင်း ခန္ဓာကိုယ် မဝတဝ ဗိုက်ရွှဲရွှဲ နဲ့ သားသားနားနားဝတ်ထားသော လက်ထဲတွင် ကားသော့နဲ့ leather အိတ် ကိုင်ထားသော ယောကျာ်းတစ်ယောက်သည် ဆိုင်က အကိုအမများနဲ့ သိတယ် ရင်းနှီးတယ်ဟုဆိုပြီး ပစ္စည်းလေးလမ်းကြုံထည့်ပေးလို့ရလား လို့ deli ကလေးကိုမေးပါတယ်။

deli က ဆိုင်ကိုဖုန်းဆက်ကြည့်ပါလား လို့ပြောလိုက်တော့ အဲ့လူက ဖုန်းမပါလာလို့ ခဏပေးဆက်ပါလားလို့ပြန်ပြောပါတယ်။ အဲ့တာနဲ့ deli က ခဏလေး ဆက်ပေးမယ်ဆိုပြီး ဆိုင်ကလူကို လှမ်းဖုန်းဆက်ပြီး မေးနေချိန် လက်တစ်ဖက်က deli ရဲ့ လက်ကို ကိုင်လိုက်ပြီး နောက်တစ်ဖက်ကနေ ဖုန်းကိုဆက်ကနဲဆွဲယူကာ ဖုန်းပြောနေသူနဲ့ ရင်းနှီးသလိုပုံစံလုပ် ( ပြောချင်ရာပြောပြီး ) ဖုန်း ယူကာ ပန်းခြံလမ်းဘက်ထွက်သွားပါတယ်။

အဆိုပါလူ လက်ကိုင်လိုက်ချိန်မှာ deli က အသိစိတ်ခဏလွတ် လက်တွေလေးပြီး ကိုယ့်ရှေ့မှာ ဖြစ်နေတာကိုတော့ မြင်ရပေမယ့် ကားလမ်းကူးပြီးတစ်ဖက်ကိုထွက်သွားပေမယ့် ဘာမှမတုံ့ပြန်နိုင်ပဲ အဲ့နေရာမှာတင် ၁၅မိနစ်လောက်ကြောင်ပြီးရပ်နေခဲ့ပါတယ်။

သတိပြန်ဝင်လာပြီးနောက်ကလိုက်ပေမယ့် သတိကဝင်တစ်ချက် လွတ်တစ်ချက်နဲ့ဖြစ်နေတာကြောင့် လမ်းမှာလုပ်ဖော်ကိုင်ဖက်အချင်းချင်း တွေ့တာတောင်မှ မမှတ်မိ စကားမပြောနိုင်ပါဘူး။ သတိပြန်ရချိန်မှာတော့ မင်္ဂလာလမ်းထိပ်နားရောက်နေပြီး ဘာကြောင့်ရောက်နေမှန်းမသိပါဘူး။

ဆိုင်ကလူတွေက စိတ်ပူလို့သူ့ဖုန်းကိုတောက်လျှောက် ဆက်နေတဲ့အချိန် ယူသွားတဲ့လူက အလုပ်ပြီးရင် ပြန်ဆက်လိုက်မယ်ပဲ ရင်းနှီးတဲ့ပုံစံနဲ့ ဆက်တိုက်ပြောနေတာပါ။ ဖုန်းကိုင်တော့ ဘယ်မှာလဲ ဘာလဲမေးတော့လည်း မရေမရာတဲ့စကားတွေ တောင်စဉ်ရေမရတဲ့ပေါက်ကရစကားတွေပဲပြောနေတာပါ။ အဲ့တာနဲ့ပဲဆိုင်ကိုပြန်လာတဲ့အချိန်မှာ လက်ကိုစမ်းမိတော့ ချွဲကျိကျိဖြစ်နေတာကို သတိထားမိတယ်လို့ပြောပါတယ်။

ပြီးတော့ deli ကလေးရဲ့ ကောင်မလေးဖုန်းကိုလည်း ဆက်တိုက်ခေါ်ပြီး မကိုင်တော့ ကားနဲ့ စက်ဘီးနဲ့တိုက်မိလို့ ၄သောင်းလောက် ယူပြီးနေရာတစ်ခုကို လာခဲ့လို့ စာတွေဆက်တိုက်ပို့ထားပါတယ်။ ကံကောင်းလို့ လူကိုဘာမှမလုပ်သွားတာပါ။ အားလုံးသတိထားလို့ရအောင် ရှောင်လို့ရအောင်ပါ။ (လသာဆီချက်ဆိုင်)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page