ယနေ့ ကားဈေးတွေ မတန်တဆဖြစ်နေတဲ့အပေါ် ဝါရင့်ဝယ်ရောင်းတဦးရဲ့ ဖွင့်ဟဝန်ခံချက်

ဝယ်ရောင်းစစ်စစ်တွေက (Professional Car Dealer) ကားဈေးကျမှာကို မကြောက်ကြပါဘူး တည်ငြိမ်တဲ့ ကားဈေးကွက်ကြီး မဖြစ်နေတာကို ကြောက်ကြတာ ဗရမ်းဗဒါ ဈေးကွက်ပျက်သွားမှာကိုပဲ ကြောက်ကြတာပါ။

ကိုယ့်ရဲ့ Customer တွေ ဈေးသက်သာစွာနဲ့ စီးနင်းခွင့်ရနေရင် ကို ကျနော်တို့ မုဒိတာပွားမိနေသူတွေပါ ၊ ပြည်သူတွေရဲ့ အပေါ် စေတနာလေး ထားပေးကြပါလားဗျာ ၊ ဝယ်ရောင်းစစ်စစ်တွေ လက်ထဲရှိတဲ့ကား အခုတက်ဈေး နဲ့ ဝယ်ထားကြရတယ် ၊ ဒါပေမဲ့ အခုချက်ခြင်း ကားဈေးကျလဲ ကျနော်တို့ ဝမ်းသာတယ် အရှုံးရဲ့ဒဏ်ကိုလဲ ကျနော်တို့ ပျော်ပျော်ကြီးခံလိုက်ပါ့မယ် ၊ ပြဿနာ မရှိပါဘူး ၊

အရင်ကလဲ စားထားရတာပဲလေ ၊ ရှုံးလဲအေးဆေး ၊ ကိုယ်နိုင်တဲ့ဝန်ပဲ ကျနော်တို့ ထမ်းထားကြတာပါ ၊ တက်ရင် တက်ဈေးကောက်ပီး ရောင်းတယ် ၊ ကျသွားတော့လဲ ကျတဲ့ဈေးပေါ့ဗျာ ၊ တချို့က အတွေးမှား အမြင်စောင်းနေကြတယ်။ ကားဈေးတက်အောင်ဆွဲတင်နေတာ ဝယ်ရောင်းတွေ လို့ ထင်နေကြတာ မှားပါတယ်။

Professional ဝယ်ရောင်းစစ်စစ် တယောက်က ဒီလိုမျိုး အလုပ် မလုပ်ကြပါဘူး ၊ သေချာပါတယ် တိုင်းပြည်ရဲ့ လက်ရှိအခြေနေ ၊ စီးပွာရေး ၊ ငွေကြေးမတည်ငြိမ်မှု ၊ ဖောင်းပွမှု ၊ တနည်းပြောရရင် မြန်မာငွေ တန်ဘိုး တနေ့တခြား ကျဆင်းလာမှုတွေ ၊ သွင်းကုန် ထုတ်ကုန် (Export & Import) နဲ့ သက်ဆိုင်တဲ့ ဌာနဆိုင်ရာတွေရဲ့ စည်းကမ်းတင်ကြပ်မှုတွေ ၊ မထော်မနန်း ပေါက်ကရလုပ်ပုံတွေ ၊ ဗဟိုဘဏ်ရဲ့ ငွေကြေးဆိုင်ရာမူဝါဒတွေ ၊ ထိန်းချုပ်မှုတွေကြောင့် နယ်ပယ်မတူတဲ့ တခြားတနေရာကနေ လုပ်ငန်းရှင်တွေ သူဌေးတွေ ကားလုပ်ငန်းဘက် အရှိန်အဟုန် အလုံးအရင်း နဲ့ ဝင်လာတဲ့ အခါမှာ ၊ ဝယ်လိုအား ရောင်းလိုအား ရဲ့ သဘောအရ ( Sale & Demand ) ကားဈေးကွက်လဲ အကြီးအကျယ် အတက်ဘက်ကို ပြောင်းလဲသွားပါတော့တယ်။

တကယ်က သူတို့ဟာ ( Professional Dealer ) ပရိုဝယ်ရောင်းတွေ မဟုတ်ကြဘူးလေဗျာ ၊ တိုင်းပြည်ရဲ့ လက်ရှိအခြေနေ အားလုံးခြုံငုံပီး ၊ စိတ်ချရတယ်လို့ သူတို့တွေးထင်ထားတဲ့ ကားလုပ်ငန်းဘက် ရင်းနှီးမြုပ်နှံ (Investment ) လာတဲ့ ပြသနာရဲ့အစက ဝယ်ရောင်းတွေ ကားဈေးတက်အောင်ဆွဲတင်တယ်လို့ လူအများရဲ့ တလွဲအထင်မြင်မှားခြင်းကို ကျနော်တို့ရဲ့ ဘဝတူဝယ်ရောင်းစစ်စစ်တွေ ခါးစည်းပြီး ခံနေကြရတာပါ။ အမြင်တူတာ မတူတာတော့ ကျနော်မသိဘူး ရင်ထဲခံစားမိတာလေး ချပြရုံသက်သက်ပါဗျာ San Win Shein (Used Car Dealer)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page