လက်ရှိအချိန် မြန်မာပြည်မှာ ငွေရအလွယ်ဆုံး အလုပ်တခု (သေချာပေါက် ငွေဝင်မှာပါ)

ပိုက်ဆံ သိန်း60လောက်သာရှိရင် လှည်းတန်းမှာ တိုက်ခန်းကောင်းကောင်းလေးတစ်ခန်းငှားမယ် တစ်လ 5 သိန်းနဲ့ ခြောက်လစာချုပ် ချုပ်မယ်။ ဂျပန်ဆရာမ N3အောင် N5 N4သင်နိုင်မဲ့သူ 3ယောက်ငှားမယ် တစ်နေ့ 2 ချိန် တစ်ချိန် 2 နာရီကြာ တစ်နေ့လုံးမှ 4 နာရီပဲစာသင်ခိုင်းမယ်။ လစာ ငါးသိန်းပေးမယ်။ အေဂျင်စီနဲ့ချိတ်မယ်။ အကြွေးစနစ်ရလားဆိုရင် သိပ်ရတာပေါ့။ အတိုးတော့ပေးရမယ်နော်။

တစ်လ 1 ခါလောက်တော့ အင်တာဗျူးပေးမယ်။ ကျောင်းလာအပ်တစ်ခါပုံရိုက်ပြီး ဖေ့ဘုတ်ပေ့မှာ တင်မယ်။ စာသင်နေတဲ့ပုံလဲ တင်မယ်။ အင်တာဗျူး မဝင်ခင် ပုံလဲရိုက်တင်မယ်။ အင်တာဗျူးပြီးလို့အောင်ရင်လဲ ဓာတ်ပုံရိုက်တင်မယ်။ Coe ကျရင်လည်း ထပ်ရိုက်မယ်။ လေဆိပ်သွားရင်လည်း ရိုက်မယ်။ လေဆိပ်ရောက်ရင် အမှတ်တရ နောက်တစ်ပုံ။ လေယာဉ်ပေါ်တက်ရင် ဂျပန်ရောက်ရင် ပုံတွေဆက်တိုက်ရိုက်ပြီး ပေ့မှာတင်ပါမယ်။ ဒါနဲ့အရင်းအနှီးပြန်တွက်ပြမယ်။

လုပ်ငန်းလိုင်စင်လျှောက် – 3သိန်း တိုက်ခန်းငှား – 30သိန်း (၆လ)စာ ဂျပန်ဆရာမငှား – 15သိန်း (3ယောက်စာ 1ယောက် 5သိန်း) ဝန်ထမ်း – 4သိန်း (2ယောက်စာ တစ်ယောက် 2သိန်း) စာသင်ခုံ ထိုင်ခံဘာညာ – 10သိန်း (မလုပ်ဖြစ်ရင်ပ့န်ရောင်းလို့ရ) တစ်လစာရေဖိုး မီးဖိုး – 3သိန်း စုစုပေါင်း – 65သိန်း

ဂျပန်ကျောင်းစဖွင့်ပြီဆိုပါစို့ N5 N4 6 လပြတ် တစ်ယောက် 3 သိန်း အယောက် 200 လောက် လာအပ်ပြီပဲထား section 6 ခုရှိမယ် တစ် section 33 ယောက် လာအပ်တဲ့လူဦးရေက ဒီထက်များဖို့ပဲရှိတယ် သင်ကြားချိန် တစ်နေ့မှ 2 နာရီ 2 ချိန်ထဲနော် အခန်းသုံးခန်းပဲလိုတယ်။ 250 x 3သိန်း = 75,000,000 သိန်း သိန်းခုနှစ်ရာ့ငါးဆယ် နော်။

ဒါတောင် ဘယ်လိုဘယ်ပုံထပ်တောင်းလို့ရသေးတယ်ဆိုတာ တက်နေတဲ့သူတွေသိတယ်မလား ကျန်တာတွေကိုယ့်ဘာသာပဲပြန်တွက်ကြည့်တော့ ညကထိုင်တွေးမိတာလေး ဂျပန်မသွားဘဲ ဒီမှာပဲလုပ်စားရင် ကောင်းမလားလို့။ (Chue Huo)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page