တောင်ဒဂုံ (၅၃) ဈေးထဲမှာ တိုလီမုတ်စ ပစ္စည်းလေးတွေရောင်းတဲ့ (၇၅) နှစ်အရွယ် အဘ

အဘက တိုလီမုတ်စပစ္စည်းလေးတွေ ရောင်းတဲ့ အဘဦးဟုတ်စိန် ဖြစ်ပါတယ်။ ရောင်းနေတာ နှစ် ၂၀ လောက်ရှိပြီလို့ သိရပါတယ်။

အဘက နားသိပ်မကောင်းတော့ပါဘူး။ အသက်ကတော့ ၇၅နှစ်ရှိပါပြီလို့ သိရပါတယ်။ မိုးစက်က အဘကို ၁သိန်းကူညီပေးခဲ့ပါတယ်။

အဘရောင်းတာလေးတွေ အားပေးချင်ရင် တောင်ဒဂုံ ၊ (၅၃) စျေး ၊ သမထိပ် မှာဝယ်ယူအားပေးနိုင်ပါတယ်။

အခုခေတ်မှာ ပြည်သူတွေ အားလုံး ကြပ်တည်းနေကြချိန်မှာ ခိုကိုးရာမဲ့ သက်ကြီးရွယ်အိုတွေက ပိုပြီး ခက်ခဲကြပါတယ်။

လမ်းမပေါ်မှာ ဈေးရောင်းနေကြတဲ့ သက်ကြီးရွယ်အိုတွေ တွေ့ရင် အားပေးလိုက်ကြပါဦးလို့ ဒီနေရာကနေ တိုက်တွန်းလိုက်ရပါတယ်ဗျာ။

Photo-MoeSat

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page