ရွှေဈေး၊ ဒေါ်လာဈေး ကျပြီဆိုတာ တကယ်လားဆိုတဲ့ မေးခွန်းနဲ့ တဟုန်ထိုးတက်နိုင်မယ့် အခြေအနေ

ငါလေ ရယ်ချင်တာ တခုက ရွှေစျေး၊ ဒေါ်လာစျေး၊ စက်သုံးဆီစျေးတွေ အများကြီး စျေးကျဆိုလို့ စျေးတွေ ကြည့်လိုက်တာ ရွှေစျေးက 29 သိန်း။ ဒါတောင် ဝယ်မရ။ ဒေါ်လာစျေးက 3500။ အဲဒါက နှစ်ပတ်စာ တက်တာကို ဆွဲချပြတာ။ အနိမ့်ဆုံး 3100 အောက်မကျဘူးဆိုတာ မအလနဲ့ မိတ်ဖက် လေယာဉ်လက်မှတ်စျေးတွေက သက်သေပြနေတာ။ လုပ်ပွဲသဘောပေါ့။

တကယ်ကျဖို့က ဒေါ်လာတု၊ ရွှေတုတွေနဲ့ စျေးကွက်ထဲမှာ အတု ပိုက်‌ေ-ာမိပြီး လူတွေ ကြောက်ပြီး မဝယ်ရဲအောင် အတုလုပ်တဲ့ လူယုတ်မာတွေ ရှိမှ ဖြစ်မှာ။ မြောက်ကိုရီးယားမှာဆို ဒေါ်လာတုတွေနဲ့ သူပြည်တွင်းမှာ ကိုယ်တိုင်ထုတ် တွင်တွင်ကျယ်ကျယ်သုံးတဲ့ ရာဇဝတ်ဂိုဏ်းတွေက အဆင်သင့်ဆိုတော့ ပြည်တွင်းမှာ ဒေါ်လာအတုနဲ့ ဟန်မပြတ်။

မြန်မာမှာလည်း ဒေါ်လာတုတွေ အရမ်းဝင်ခဲ့လို့ ငွေလဲဆိုင်တွေက ခေါင်းကြီး ခေါင်းသေးဆိုပြီး မဝယ်တဲ့ ဂဏန်းတွေ နံပါတ်တွေ ရှိခဲ့ဖူးတယ်။ သန်းရွှေခေတ်က ဒေါ်လာတုတွေ ပေါခဲ့သလို ဒေါ်လာဆိုတာ မမြင်ဖူးကြတဲ့သူတွေ များတော့ အတုအစစ် ရောသုံးခဲ့ကြတာ။ နောက်တော့ အမေရိကန်အစိုးရက ဆယ်နှစ်တကြိမ် သူ့ရဲ့ ငွေကြေးတွေကို ပုံစံသစ်နဲ့ ရိုက်ထုတ်လာပြီး နည်းပညာတွေ မြင့်လာတော့ ဒေါ်လာအသစ်တွေမှာ အတုကိစ္စနည်းသွားသလို နောက်ပိုင်း ဘဏ်စနစ်တွေ ဖုန်းစနစ်တွေနဲ့ ငွေကိုပေးချေကြတော့ ဒေါ်လာအတု ကိစ္စဟာ သူတို့ဆီမှာ အတော်နည်းသွားတယ်။

ဒီတော့ မြန်မာပြည်မှာ ဒေါ်လာကိုင်ထားမယ်ဆိုရင် 2020 နောက်ပိုင်း အသစ်ထုတ်တဲ့ ဒေါ်လာတွေပဲ ကိုင်ထားသင့်တာ။ အခု စျေးကွက်ထဲမှာ နံပါတ်စီးရီးလိုက် အစည်းတွေဆိုတာ ဒေါ်လာအတုတွေ ဖြစ်နိုင်တယ်။ လောဘနဲ့ အမြန် လုပ်ကြ၊ ယုံကြည်မှုလွန်ပြီး လုပ်မိကြရင် ခံရမှာက ချွေးနည်းစာနဲ့ စုဆောင်းထားတဲ့ ပြည်သူတွေပဲ။

ဒီလိုပဲ ရွှေဆိုတာလည်း ဘယ်ဆိုင်ကြီးက ရောင်းတာဆိုပြီး စိတ်ချလို့ မရတဲ့အဆင့်တွေ။ ဆိုင်ကြီး နာမည်ခံပြီး အတုလုပ်ဖို့က သိပ်လွယ်တာ။ ရွှေတုံးဆိုတာ ကတ်ကြေးနဲ့ ညှပ်ကြည့်မှ အထဲမှာ စစ်မစစ် သိသာတာ။ အခုခေတ်က ရွှေစျေးတွေ ကောင်းနေတော့ စျေးကွက်မှာ ရွှေတုံးအတုတွေလည်း ပေါလာမှာ။ တချိန်က အသိ ဝ ကုမ္ပဏီဆီလာပြီး ရွှေတုံးအတုတွေ စလုတ် လယ်သမား 3 ယောက်လာရောင်းလို့ ဖမ်းပြီး ထောင်ထဲမှာ စစ်ချက် ယူဖို့ ဘာသာပြန် လုပ်ခဲ့ဖူးရသေးတယ်။

အဲတုန်းက ပန်ဒါဟိုတယ်မှာ တက်ဖမ်း သက်သေတွေ ယူပြီး သဲလွန်စတွေ ရှာခဲ့တာ ။ လူကြည့်တော့သာ နိုင်ငံခြားသားတွေ မြန်မာပြည်က သူဌေးကုမ္ပဏီနဲ့ လိပ်စာတွေကို ယူထားတာ မနည်းဘူး။ စစ်ဆေးချက်ယူပြီး စစ်တော့မှ သူတို့ လိမ်ခဲ့တဲ့ ရွှေတုတွေကြောင့် ခံရတဲ့သူတွေ မနည်းဘူး။ အများစုက ကုမ္ပဏီကြီးက သူဌေးတွေဆိုတော့ လောဘကြောင့် ခံရတာ ရှက်ပြီး အမှုမဖွင့်ကြတာ။

အခု ရွှေစျေး၊ ဒေါ်လာစျေးတွေက ဆက်ကစားဖို့ တက်မည့်သဘောတွေ။ မနက်ဖြန်လည်း ကမ္ဘာစက်သုံးဆီစျေးတွေ ကျလို့ ဆီစျေးက တလီတာ100၊ 200 လောက် ဆက်ကျဦးမှာ။ ရွှေစျေးထက် မြန်မာပြည်မှာ ဒေါ်လာဝယ်လိုအားက များတော့ ဒေါ်လာလိုချင်တဲ့သူတွေကြောင့် ဒေါ်လာစျေးက 3000 ကနေ အဆမတန် ခုန်တက်ဖို့ကလည်းရှိနေတယ်။

ဒါတွေဟာ စကစရဲ့ ကြားဝင်မှုတွေ မပါရင် ဖြစ်နိုင်တဲ့ အခြေအနေကို ပြောတာ။ စကစရဲ့ လုပ်ဆောင်ချက်တွေကလည်း ရွှေ ဒေါ်လာ ကုန်စျေးနှုန်းကို အများကြီးရိုက်ခတ်နိုင်တော့ အရောင်းအဝယ် ဘာပဲ လုပ်လုပ် အဝင် အထွက်မှန်ဖို့လိုတယ်။ အခုက လောဘလူသား အာဏာရှင်တွေ ဖန်တီးထားတဲ့ လုပ်ဇာတ်လှိုင်းပေါ်မှာ မငတ်ဖို့ စီးပွါး မရှာမရ ရှာနေရတော့ တချက်မှားတာနဲ့ ဘဝပျက်သွားမှာ။

ဒီတော့ လောဘကို -တ်ပြီး အရှိကို အရှိတိုင်း မြင်ကာသတိနဲ့ စီးပွါးလုပ်မှ အငတ်ဘေးက လွတ်မယ်ဆိုတာ စေတနာရှေ့ထား အသိပေးပါရစေ။ အားလုံး လောဘကင်းပြီး အသိအမြင်တွေ ကြည်လင်ကြပါစေ။ မြန်မာပြည်သူတွေကို ကယ်တင်နိုင်ကြပါစေ။ (Aung Kyaw Oo)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page