အသေးစား ဆီတင်သင်္ဘောလေး (၂) စီးမှာ ပါလာတဲ့ ဆီက တနိုင်ငံလုံး ဘယ်နှရက် သုံးရမှာလဲ

မြန်မာ့ ရေပိုင်နက် ပင်လယ်ဝကို ရောက်နေတဲ့ စက်သုံးဆီတင် သင်္ဘော ၂ စင်းကတော့ ယနေ့ နေ့လယ်ပိုင်း ကစပြီးတော့ အမှန်တကယ်ကို ဆီချနေပြီဆိုပြီး မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းက ထုတ်ပြန်ထားပါတယ်။

ယနေ့ မေလ ၂၁ ရက်နေ့ နေ့လယ်ပိုင်းမှာ တန်ချိန်ပေါင်း (၁၇၂၀၀)သယ်ဆောင်လာသော MT YU HAI သင်္ဘော နှင့် တန်ချိန်ပေါင်း (၂၀၀၀၀) သယ်ဆောင်လာသော Aberlour (အာပလာ) အမည်ရ သင်္ဘော (၂) စီး ယနေ့ဆီချလျှက်ရှိနေပါကြောင်း အများပြည်သူသိရှိနိုင်ရန် သတင်းပေး အပ်ပါတယ်လို့ ဆိုပါတယ်။

စက်သုံးဆီ ဝယ်ယူနေရသူတစ်ဦးက “ အခု ဈေးကွက်ထဲ 92 နဲ့ 95 က ဝယ်မရဘူး ။ ဆီချတာ မချတာ ထက် အနယ်နယ်အရပ်ကို လိုအပ်သလို ရောင်းဝယ်နိုင်ဖို့ပဲ လိုတယ်။ အခု ဟာက ခုတ်ရာတစ်ခြား ရှရာ တစ်ခြား ဖြစ်နေတယ်။ အခုတစ်ချို့နယ်က ဆိုင်တွေဆိုရင် ဆီကို ဝယ်မရတော့ဘူး” လို့မှတ်ချက်ပေးပါတယ်။

လက်ရှိအချိန်မှာတော့ ဆီအသင်းကတော့ ဆီသင်္ဘောတွေထပ်ရောက်မယ်လို့ ပြောနေပေမယ့်လည်း ဈေးကွက်အတွင်း စက်သုံးဆီက လိုသလောက်မရသလို ဈေးကလည်း မြင့်သထက် မြင့်နေတယ်လို့ စက်သုံးဆီ ဝယ်ယူသုံးစွဲနေသူတွေက တညီတညွတ်တည်းပြောပါတယ်။

ယခု ဆီချနေတဲ့ သင်္ဘော (၂) စီးပေါင်း ဆီတန်ချိန်ဟာ လေးသောင်းနီးပါးပဲ ရှိပါတယ်။ မြန်မာတနိုင်ငံလုံး စက်သုံးဆီ အသုံးပြုမှုက ပျမ်းမျှ အားဖြင့် တနေ့ကို တန်ချိန် ၆၀၀၀ ရှိပါတယ်။ လက်ရှိအချိန်မှာ နိုင်ငံ မငြိမ်သက်တဲ့အတွက်ကြောင့် စက်သုံးဆီ အသုံးပြုမှု လျော့ကျလာတယ်လို့ သတ်မှတ်ပြီး တနေ့ကို တန်ချိန် ၃၀၀၀ ပဲ ထားပြီး တွက်ကြည့်လိုက်ပါမယ်။

အဲဒါဆိုရင် တန်ချိန် လေးသောင်းက (၁၅) ရက်စာတောင် ရှိမှာ မဟုတ်ပါဘူး။ အဲဒါကြောင့် ယခုတကြိမ် ဆီတွေ ချပြီး တန်းမစီရတော့ဘူး ဆိုနိုင်ပေမယ့် နောက်(၂) ပတ်လောက်ကြာရင် ဒီလိုပဲ ဆီတွေ တန်းစီနေရဦးမှဦပဲ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဘယ်လိုဆွဲချချ ကျမှာ မဟုတ်တော့ပါဘူး။ ဆီတခါပြတ်ရင် ၂၀၀ လောက်တက်တာနဲ့ ကြားထဲမှာ တက်တာနဲ့ဆိုရင် ဝါတွင်း မရောက်ခင် 92 တလီတာ ၃၀၀၀ နီးပါး ရောက်သွားနိုင်ပါတယ်။

ဆီတွေ ပြတ်လို့ ဆီသင်္ဘောကြီးတွေ ချက်ချင်း ရောက်လာတယ်ဆိုတဲ့ အူကြောင်ကြား ထုတ်ပြန်ချက်တွေ ထုတ်ပြီး ဆေးမြီးတိုနဲ့ လိုက်ကုနေမယ်ဆိုရင်တော့ ဆီဈေးတက်သထက် တက်ပြီး အကုန် ငါးပါးမှောက်မှာ ဖြစ်တဲ့အကြောင်း သုံးသပ်လိုက်ရပါတယ် ခင်ဗျာ။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page