လာမယ့် ၄၈ နာရီအတွင်း တိုင်းနဲ့ပြည်နယ် (၉) ခုမှာ အချိန်အခါမဟုတ် မိုးရွာသွန်းမည်

ဇန်နဝါရီ ၂၀ ရက်ကနေ ၂၃ ရက်အတွင်း ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ် ၉ ခုမှာ အချိန် အခါမဟုတ် မိုးရွာသွန်းနိုင်တယ်လို့ မိုး/ဇလက ထုတ်ပြန်လိုက်ပါတယ်။

ယနေ့ ဇန်နဝါရီ ၁၈ ရက်နေ့ နံနက်ပိုင်း အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်မည့်သတိပေးချက် အမှတ်စဉ် (၀၃/၂၀၂၂) အရ တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများတွေ့ဆုံမှုကြောင့် ရွာသွန်းမယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါတယ်လို့ သိရပါတယ်။

ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် နေရာကျဲကျဲရွာသွန်းနိုင်တယ်လို့လည်း ဆိုပါတယ်။

အထက်ပါ ဒေသမှာ နေထိုင်ကြတဲ့ တောင်သူလယ်သမားကြီးများ ရိတ်သိမ်းခြွေလှေ့ရာမှာ မိုးဖျက်နိုင်သဖြင့် အထူးဂရုပြုကြရန် အသိပေး တိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page