ဘေထုပ် ဝတ်ရလို့ လုံးဝ ရှက်စရာမလိုပါ (ကမ္ဘာမှာ ဘေထုပ်ထည်တွေ ထိပ်ဆုံးရောက်နေရတဲ့ အကြောင်း)

ဘေထုပ်လို့ ပြောတာနဲ့ အယူအဆ မှားနေတဲ့ လူတချို့က ဟင်ခနဲဆိုဖြစ်ပါတယ်။ တကယ်တော့ နိုင်ငံတကာမှာ Vintage ခေါ် ဘေထုပ် အဝတ်အထည် များကို သာမာန် အဝတ်အထည် များထက် ပိုပြီး စိတ်ဝင်စားလေ့ ရှိပါတယ်။

ဘာကြောင့်လဲဆိုတော့ နံမည်ကြီး အမှတ် တံဆိပ်တွေမှာ အသစ်ထပ်မံ ထုတ်လုပ်ခြင်း မရှိတော့တဲ့အဝတ်အထည်တွေကို တစ်ခုတည်းသော ရရှိနိုင်တဲ့ နေရာက Vintage (ဘေ) ဆိုင်တွေမှာပဲ ဖြစ်ပါတယ်။

သူက အသစ် မဟုတ်လို့ဆိုပြီး ဝယ်ရင် စိတ်မသန့်တာမျိုး မဖြစ်ပဲ ဒီဇိုင်း ကွာလာတီကို ပိုကြိုက်လို့ဆိုပြီး ဝယ်ကြတာ များပါတယ်။

ဒါ့အပြင် ဒီဇိုင်းအသစ်တွေ ဘဝမှာ တစ်ခါမှ မမြင်ဘူးတဲ့ ပုံစံတွေ မြန်မာနိုင်ငံထုတ်မဟုတ်ပဲ နိုင်ငံခြားက ထုတ်တဲ့ အဝတ်အထည်တွေ ကို ဈေးနှုန်း သက်သာစွာနဲ့ ရ ရှိနိုင်တဲ့ အခွင့်အရေးကို မရွေးချယ်မိဘူး ဆိုရင်တော့ သင်ဟာ အရမ်း ခေတ်နောက်ကျနေပါပြီ။

မြန်မာပြည်မှာဆိုရင်လည်း ဘေထုပ်ထည် ဈေးကွက်က အလွန်ကို ကြီးမားကျယ်ပြန့်လာပါပြီ။ အထူးသဖြင့် ရာသီဥတုအေးတဲ့ ဒီလိုအချိန်မှာ နာမည်ကျော် တံဆိပ် အနွေးထည်တွေကို ဈေးသက်သက်သာသာနဲ့ ရနိုင်တာ ဘေထုပ် အထည်တွေပဲ ရှိပါတယ်။

ဒါကြောင့် မြန်မာမှာသာမက ကမ္ဘာပေါ်မှာ ကျော်ကြားနေတဲ့ ဘေထုပ်ထည်ကို ဝတ်ရရင် သင် ရှက်စရာမလိုပါ။ ဂုဏ်ယူနေဖို့ပဲ လိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page