ကမ္ဘာ့ဖလားမှာ ဝင်ကန်ခဲ့ဖူးတဲ့ မြန်မာ့လက်ရွေးစင် ဘောလုံးသမားရောင်းတဲ့ ဘေထုပ်

၂၀၁၅ ခုနှစ်တုန်းက ယူ- ၂၀ ကမ္ဘာ့ဖလား ဝင်တဲ့အထိ ကြိုးစားခဲ့တဲ့ မြန်မာလက်ရွေးစင် ယူ ၂၀ အသင်း ရဲ့ ညာနောက်ခံလူ နန်းဝေမင်းက လက်ရှိမှာတော့ ဘေထုပ်အထည်လေးတွေ ရောင်းချလျက်ရှိပါတယ်။

၂၀၁၅ တုန်းက ကျင်းပခဲ့တဲ့ ယူ-၂၀ ကမ္ဘာ့ဖလားပွဲမှာ မြန်မာ့လက်ရွေးစင် ယူ-၂၀ အသင်းဟာ ထိုက်ထိုက်တန်တန်နဲ့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။

အဆိုပါ ကမ္ဘာ့ဖလားပွဲရဲ့ ခြေစစ်ပွဲအဖြစ် ၂၀၁၄ ခုနှစ်တုန်းက ရန်ကုန်မှာ အာရှဖလား ယူ-၂၀ ပြိုင်ပွဲကြီး ကျင်းပခဲ့ပြီး ပြည်သူတွေရဲ့ တခဲနက် အားပေးမှုနဲ့အတူ ဆီမီးဖိုင်နယ်ကို ရောက်ရှိခဲ့ပြီး ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့ ယူ-၂၀ လက်ရွေးစင်အသင်းကို မြန်မာ့ဘောလုံးလောကရဲ့ ရွှေရောင်မျိုးဆက်တွေလို့ တင်စားခဲ့ကြပြီး တနိုင်ငံလုံးက ဝိုင်းဝန်းပံ့ပိုးပေးခဲ့ကာ အားပေးခဲ့ကြပါတယ်။

ဒါပေမယ့် ဘောလုံးလောကနဲ့ နိုင်ငံရေး အလှည့်အပြောင်းတွေကြောင့် မြန်မာ့ဘောလုံးအားကစားဟာ သမိုင်းတလျှောက် ပရိသတ်ရဲ့ အားပေးမှု အနိမ့်ဆုံးကို ရောက်ရှိနေပြီး ပွဲတိုင်းရှုံးအနေအထား ဖြစ်နေတာကို တွေ့ရှိရပါတယ်။

ဘောလုံးလောက ကသောင်းကနင်း ဖြစ်နေမှုနဲ့အတူ ဘောလုံးသမားတွေရဲ့ ဘဝဟာလည်း မသေချာ မရေရာတဲ့ အဖြစ်ကို ရောက်ရှိခဲ့ပါတယ်။

ခြေစွမ်းကောင်းမွန်တဲ့ တချို့နာမည်ကြီး ကစားသမားတွေကတော့ ပြည်ပကို ထွက်ခွာပြီး ကစားကြပေမယ့် လေ့ကျင့်ရေးနဲ့ အဆက်ပြတ်သွားသူတွေကတော့ ကြုံရာအလုပ် ဝင်လုပ်ပြီး ဘဝကို ဖြတ်သန်းနေကြတာကို တွေ့ရပါတယ်။

အခုလည်း မြန်မာ့ဂုဏ်ဆောင်ခဲ့တဲ့ ယူ-၂၀ လက်ရွေးစင်အသင်းက ညာနောက်ခံလူ ဖြစ်တဲ့ နန်းဝေမင်းကတော့ ဘောလုံးနဲ့ မဆိုင်တဲ့ ဘေထုပ်ရောင်းတဲ့ အလုပ်ကို ရဲရဲဝံ့ဝံ့ လုပ်ချလိုက်ပါပြီ။

အလုပ်ဟူသမျှ ဂုဏ်ရှိစွဆိုတဲ့ စကားအတိုင်း ခေတ်ဆိုးခေတ်ကျပ်ကြီးမှာ ရတဲ့ အလုပ်ကို လုပ်ကိုင်နေတဲ့ နန်းဝေမင်းကို လေးစားသမှုနဲ့ ဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page