နတ်လမ်းဂျင်းနဲ့ ဝမ်းနည်းစရာ အဖြစ် (ဘာသာရေး လုပ်စားသူများ ဖတ်ဖို့)

ဒီရေ အတိုးအဆုတ်လမ်းကို နတ်လမ်း ဆိုပြီး ကြပ်မပြည့်တာတွေ မလုပ်စမ်းပါနဲ့ဗျာ..

ဘာသာရေး ကုသိုလ်ရေး ပါ ဆိုရင်လဲ တွေးခေါ်စဉ်းစားဉာဏ်နဲ့ယှဉ်သွားကြပါ.. အင်္ဂလန် နိုင်ငံမှာ အပျော်များများ ဒီရေ အတိုး သောင်ခုံပျောက်လို့ အပြုံလိုက် သေကြတာ သတင်းတွေမှာ ဖတ်ရဖူးတယ်.. ရေစပ်မှာ ပျော်တတ်သူတွေကို ကမ်းခြေစောင့်ရဲတွေက အမြဲ မပြတ် လိုက်မောင်းထုတ်ရတာ အခါခါပဲ.. အဲဒီမှာက လွှတ်ထားပေးတာ ရဲတွေ ဆိုလဲ ကိုယ့်အသက်ကိုယ် ကာကွယ်နေကြရတာ..

ဘိုးဘေးတွေလဲ ကြံဖန် တည်တတ်တယ်နော်.. ပင်လယ်ထဲ ၁.၆၁ မိုင် လမ်းလျှောက်ရတယ်.. ယုံကြည်မှု၊ ကိုးကွယ်ရာ၊ ပတ်ဝန်းကျင် ရာသီဉတုပြောင်းလဲမှု၊ ဘေးအန္တရာယ်၊ Risk, Resilient and Illusion.. ကိုယ့်ဖာသာကို စဉ်စားကြပါတော့..

ကျိုက်နဲရေလယ်ဘုရားပွဲတော် နောက်ဆုံးရသတင်း..

ကျိုက်နဲရေလယ်ဘုရားပွဲတော်၌ ဘုရားဖူးများ တိုးဝှေ့ခြင်းနှင့် ပင်လယ်ရေလှိုင်း ရိုက်ခတ်ခြင်းကြောင့် ဘုရားဖူး ၂၁ ဦးထက်မနည်းသေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူများအား ဆက်လက်ရှာဖွေနေဆဲပါ။

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အံခဲ ကျေးရွာနှင့် ဝဲကလောင်းကျေးရွာကြား ပင်လယ်ကမ်းခြေမှ နှစ်မိုင်ခန့်အကွာ ပင်လယ်အတွင်းရှိ ကျိုက်နဲရေလယ်ဘုရားပွဲတော်၌ နိုဝင်ဘာ ၂၁ ရက် (ယနေ့) နံနက် ခုနစ် နာရီခန့်က ဘုရားဖူးများတိုးဝှေ့ခြင်း နှင့် ပင်လယ်ရေလှိုင်းရိုက်ခတ်ခြင်းကြောင့် ဘုရားဖူး ၂၁ ဦးထက်မနည်းသေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူများအား ဆက်လက်ရှာဖွေမှုများပြုလုပ်နေကြသည်။

ပျောက်ဆုံးသွားသူများကို ရှာဖွေနေဆဲတွင် ရေထပ်မံ တက်လာသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ယာယီရပ်နားထားပြီး ရေကျချိန်စောင့်နေကြောင်း သိရသည်။

“ရေတအား ပြန်တက်လာလို့ ကယ်ဆယ်ရေးရပ်ထားရတယ်။ ရေကျမှ ပြန်ရှာရမယ်။ နှစ်တိုင်းဆို ဘုရားနားရောက်တဲ့အထိ ဘုရားလမ်းက ရေကျတယ်။ ဒီနှစ်က ရေက အရင်နှစ်လောက်မကျဘူး။ အဲဒါ ခါတိုင်းလိုပဲ ရေကျမယ်ထင်ပြီး သွားလိုက်တာဖြစ်မယ်။ လူတွေကများတော့ ရှေ့ကလူတွေက တဖြည်းဖြည်းနဲ့ ရေမကျသေးတဲ့အပိုင်းကို ရောက်နေပြီး ရေက ရင်ဘတ်လောက်ရောက်နေတဲ့အချိန် လှိုင်းပုတ်တော့ ပါသွားတာ။ မနက် ၃ နာရီလောက်မှာ ဖြစ်တယ်ထင်တယ်။ ကျွန်တော်တို့ဆီ အကူအညီတောင်းလာတာ မနက် (၅)နာရီခွဲလောက်။ အဲဒီအချိန်မှာ အလောင်း (၁) လောင်းနဲ့ အရှင် (၅)ဦး ဆယ်နိုင်ခဲ့တယ်။

အဲဒီအချိန်ထိ လူကဘယ်လောက်ပျောက်မှန်း မသိသေးဘူး။ တစ်ချို့လည်း ဘုရားပေါ်ရောက်သွားတယ်ထင်နေတာကနေ ပြန်ချိန်ရောက်မှ မိသားစုလူမစုံတော့ ပျောက်မှန်းသိတာတွေ ထွက်လာတာ။ မိသားစုတွေ တစ်ယောက်ပျောက်၊ နှစ်ယောက်ပျောက်တွေ အခုထိ လူဘယ်လောက် ပျောက်နေမှန်း မသိကြသေးဘူး။ ” ဟု ကယ်ဆယ်ရေးလုပ်နေသည့် မွန်မြတ်စေတနာလူမှုကူညီရေးအသင်း (အဖွဲ့ခွဲ) ကျုံကတ်မှ တာဝန်ခံ ကိုကောင်းက ပြောပါတယ်။

ကျိုက်နဲရေလယ်ဘုရားရှိရာ ကျောက်ဆောင်သို့ တစ်နှစ်လျှင် တစ်ကြိမ် ရေကျချိန်၌ သွားရောက်ဖူးမြော်လေ့ရှိကြပြီး ယခုနှစ်တွင် ညပိုင်းမထွက်ရအချိန်များရှိသဖြင့် အရပ်ဝေးမှလာသည့် ဘုရားဖူးများက ကမ်းပါး၌ ညအိပ်စောင့်ပြီး ဖူးကြသဖြင့် လူအလွန်များပြားနေခြင်းဖြစ်ကြောင်း သိရသည်။

“အခုက ညပိုင်းသွားလာရလည်း ခက်တော့ ညအိပ်ကိုစောင့်ကြတာ။ တစ်ချို့ဆို ည (၁၀)နာရီ၊ (၁၂)နာရီကတည်းက စောင့်ဖူးကြတော့ လူတွေက တဖြည်းဖြည်းများပြီး ရှေ့ကလူတွေက တိုးရင်းတိုးရင်းနဲ့ ရေမကျသေးတဲ့အပိုင်းထဲ တဖြည်းဖြည်းရောက်သွားကြတာ။ “ဟု ကယ်ဆယ်ရေးလုပ်နေသည့် ကိုကောင်းက ပြောပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page