ရေငုပ်သင်္ဘောတွေမှာ ဘာကြောင့် မီးအနီရောင်ကို သုံးတာလဲ၊ ဘယ်လိုအခြေအနေတွေမှာ သုံးတာလဲ

ရေငုပ်သင်္ဘောတွေမှာ ဘာကြောင့် မီးအနီရောင်ကို သုံးတာလဲ၊ ဘယ်လိုအခြေအနေတွေမှာ သုံးတာလဲ..?

ရေငုပ်သင်္ဘောတစ်စီး၏ အတွင်းပိုင်း အလုပ်လုပ်ဆောင်ပုံကို အပြင်မှာမမြင်ဘူး၊ မတွေ့ဘူးခဲ့လျင်၊ သို့မဟုတ် ယူကျု ကဲ့သို့သော ဗီဒီယိုဆိုက်များ၌လည်း ရှာဖွေတွေ့မြင်မှု မရှိနိုင်ခဲ့စေကာမူ ကမ္ဘာကျော်နာမည်ကြီး ရေငုပ် သင်္ဘော ဗီဒီယိုဇာတ်ကားများကိုတော့ ကျွန်ုပ်တို့ကြည့်ဖူးကြပေလိမ့်မည်ဖြစ်သည်။ ၎င်းဇာတ်ကားများထဲမှ ကျွန်ုပ်တို့ နှင့် ရင်းနှီးနေကြဇာတ်ဝင်ခန်းများသည် များသောအားဖြင့် ပယ်ရီစကုပ်တည်ရှိရာ ရေငုပ်သင်္ဘောထိန်းချုပ်ရေးအခန်း၊ တော်ပီဒိုများထားရှိရာအခန်းနှင့် တခါတရံ သင်္ဘောသားများနေထိုင်မှုအခန်းတို့သာဖြစ်သည်။

အဆိုပါဇာတ်ဝင်ခန်းများကို တွေ့မြင်နေကြဖြစ်သော်လည်း ကျွန်ုပ်တို့သတိမထားမိသည်မှာ ရေငုပ်သင်္ဘော များ၌ မီးအနီရောင်ကို သုံးနေသည်ကိုသတိမထားမိခြင်းပင်ဖြစ်သည်။ သာမန်အားဖြင့် ရန်သူစစ်ရေယာဉ်၊ သို့မဟုတ် ရေငုပ်သင်္ဘောများနှင့် ထိပ်တိုက်တွေ့ဆုံနေသည့်အချိန်၌ ရေငုပ်သင်္ဘောပါတပ်ဖွဲ့များကို အချက်ပေးသည့်အနေဖြင့် မီးနီလင်းလာခြင်းကို သတိပြုမိကြမည်သာဖြစ်သည်။ သို့သော် ထိုထက်ပို၍ ကျွန်ုပ်တို့အများစုအနေဖြင့် စဉ်းစားကြည့် ကြမည်မဟုတ်သလို သက်ဆိုင်ရာနားလည်သိတက်သူများအနေဖြင့်လည်း ထူး၍ရှင်းပြထားခြင်းလည်းမရှိပေ။ ထိုအချက်သည် အရေးပေါ်ဆိုသည်နှင့် မီးလောင်သည့်အချိန်၊ လူနာတင်ကားဖြတ်သွားသည့် အချိန်၊ အရေးကြီးပုဂ္ဂိုလ် သွားလာသည့်အချိန်နှင့် ရဲကင်းလှည့်ကားမောင်းနှင်နေသည့်အချိန်မျိုးတွင် မီးနီကိုအသုံးပြုနေခြင်းကြောင့် လည်း ရေငုပ်သင်္ဘောများ၌ မီးနီအသုံးပြုခြင်းကို ထူး၍တွေးမိကြခြင်းမဟုတ်သည်လည်း ဖြစ်နိုင်ပေသည်။

ရေငုပ်သင်္ဘောတွင် အဖြူရောင်မီးကိုလည်း အသုံးပြုကြပါသည်။ သို့သော် လေ့လာမှုများအရ ရေငုပ်သင်္ဘော၌ အနီရောင်မီးကို သုံးသည့်နေရာသည် ၂ နေရာသာရှိပြီး တစ်နေရာသည် အိပ်စက်သည့်နေရာနှင့် နောက်တစ်နေရာသည် ရေငုပ်သင်္ဘောထိန်းချုပ်ခန်းပင်ဖြစ်သည်။ သာမန်အခြေအနေများဖြစ်သည့် လှုပ်ရှားရလွယ်ကူစေခြင်းနှင့် တပ်ဖွဲ့ဝင်များ ကိုအသိပေးခြင်းကဲ့သို့ကိစ္စရပ်များတွင် အဖြူရောင်မီးကိုအသုံးပြုကြသလို ဆိပ်ကမ်း၌လည်းကောင်း၊ ရေငုပ်သင်္ဘောအ နေဖြင့် ရေပေါ်၌ မောင်းနှင်နေသည့်အခါ၌လည်းကောင်း အဖြူရောင်မီးကိုအသုံးပြုကြသလို တစ်ခါတစ်ရံ ငုပ်လျှိုးနေ သည့်အချိန်၌ လည်းအသုံးပြုကြလေ့ရှိသည်။

ယခင်က အများစုမှတ်ယူနေခဲ့ကြသည့် အနီရောင်မီးသည် အမှောင်အတွင်း၌ မြင်နိုင်စွမ်းနည်းသည်ဆိုခြင်းမှာ လက်တွေ့မဆန်သော စိတ်ကူးယဉ်ဆုံးဖြတ်မှုအဖြစ် ကျန်ရစ်ခဲ့ပြီလည်း ဖြစ်သည်။ အမှန်စင်စစ်အားဖြင့် အနီရောင်မီးသည် အမြင်အာရုံကို ထိန်းညှိပေးခြင်းသာဖြစ်သလို ရေငုပ်သင်္ဘောများသာမက လေဆိပ်ထိန်းချုပ်မျှော်စင်များ၊ နက္ခတာရာပြခန်းနှင့် အချို့သော ရုပ်ရှင်ရုံများတွင်လည်း အနီရောင်မီးကို အသုံးပြုလျက်ရှိကြသည်။ ထိုသို့အသုံးပြုရခြင်းမှာ အလင်းမှ အမှောင်သို့ အမြင်အာရုံကူးပြောင်းမှုတွင် ကြည့်ရှုသူအတွက်လွယ်ကူစေရန် အတွက်လည်း ဖြစ်သည်။ ရေငုပ်သင်္ဘောတွင် တာဝန်ထမ်းဆောင်ရသည့် ရေတပ်သားများ အတွက် ညဘက်တာဝန်ထမ်းဆောင်ချိန်တွင် မျက်လုံးကိုကျင့်သားဖြစ်နေစေရန်လိုအပ်ပေသည်ဖြစ်ရာ အမြင်အာရုံကို ထိန်းညှိရန်နှင့် မျက်လုံးထိခိုက်မှုဒဏ်ကို ကာကွယ်နိုင်ရန်အတွက် အနီရောင်မီးကို အသုံးပြုခြင်းသည်လည်း အကြောင်းပြချက်တစ်ခုပင်ဖြစ်သည်။

အခြားတစ်ချက်မှာ တစ်စုံတစ်ရာအကြောင်းကိစ္စတစ်ခုအတွက် ပယ်ရီစကုပ်ကို မြင့်တင်လိုက်ခြင်းမှ ထွက်ပေါ်လာသည့် အလင်းကို တားမြစ်ရန်အတွက်လည်း အနီရောင်မီးကိုအသုံးပြုခြင်းလည်းဖြစ်သည်။ သို့သော်လည်း စကုပ်၏နောက်ကွယ်မှ အခြားအလင်းများလည်း ထွက်ပေါ် သည်ဖြစ်ရာ ထိုအလင်းထွက်မှုကို မိုင်များစွာမှတွေ့မြင်နိုင်သည့်အတွက် ၎င်းသည် ရေငုပ်သင်္ဘောအတွက် အလွန်အန္တရာယ်ကြီးမားမှုသည့် အခြေအနေပင်ဖြစ်သည်။

နောက်ထပ်တစ်ချက်မှာ လူ့မျက်လုံးသည် ရှည်လျားသည့် လှိုင်းအလျားများ၏ ထိခိုက်မှုဒဏ်ကိုခံရမှုနည်းသည်ဟု သိပ္ပံပညာကဆိုထားပါသည်။ ညဘက်တာဝန်ထမ်းဆောင်ရသည့် တပ်ဖွဲ့ဝင်များအနေဖြင့် ၎င်းတို့၏ တာဝန်ကျရာ ကိရိယာမျက်နှာပြင်ကို ကြာရှည်ကြည့်မြင်နိုင်ရန် လိုအပ်သည်လည်းဖြစ်သည့်အတွက် အနီရောင်မီးကိုအသုံးပြုခြင်းလည်းဖြစ်သည်။ အနီရောင်မီးသည် အလင်းအားလုံးထဲ၌ ဖိုတွန်စွမ်းအင်ထုတ်လွှတ်မှုအနည်းဆုံး၊ ကြိမ်နှုန်းအနှုန်းဆုံးနှင့် လှိုင်းအလျားအရှည်ဆုံးလည်း ဖြစ်ပေသည်။

အခြားအချက်တစ်ချက်မှာ နေ့အခါ၌ ရေငုပ်သင်္ဘောအနေဖြင့် ရေအောက်တွင်ရှိနေစေကာမူ ပြင်ပအလင်းရောင်ထိုးဖောက်နိုင်သည့် လုံလောက်သည့် အခြေအနေမျိုးတွင် အဖြူရောင်မီးကိုအသုံးပြုနေကြသော်လည်း နက်ရှိုင်းစွာငုတ်လျှိုးရန်လိုအပ်သည့်အခါမျိုးတွင် ပြင်ပအလင်းရောင် မရရှိနိုင်တော့သည့်အခါ၊သို့မဟုတ် ညအခါတွင် မီးနီအဖြစ်ကိုပြောင်းလဲအသုံးပြုကြလေ့ရှိသည်။ အဆိုပါလုပ်ဆောင်ချက်မှာ အပေါ်တွင်ရေးသား ဖော်ပြထားသကဲ့သို့ အချက်များကြောင့်လည်းဖြစ်သည်။

နောက်ဆုံးအချက်အနေဖြင့် ရေငုပ်သင်္ဘောသားများကို ၎င်းတို့၏ အလှည့်ကျတာဝန်ထမ်းဆောင်ရန် နှိုးဆော်သည့်အခါ အိပ်စက်အနားယူနေသည့် ရေငုပ်သင်္ဘောသားများအနေဖြင့် ရုတ်ခြည်းအားဖြင့် အလင်းရောင်စူးရှမှုဒဏ်ကို မခံရစေရန် အနီရောင်မီးကို အသုံးပြုကြခြင်းလည်းဖြစ်သည်။

ယခုအခါ ရေငုပ်သင်္ဘောများ၌သာမက အရပ်ဘက်သုံး ရေယာဉ်များ၌လည်း ညအခါတွင် သင်္ဘောများ၌ မီးနီအသုံးပြုခြင်းဖြင့် ၎င်းတို့၏ ရေယာဉ်ပေါ်တွင် မြင်တွေ့နိုင်စွမ်းအလျဉ်းသင့်စေရန် ဆောင်ရွက်လျက်ရှိကြောင်း ရှာဖွေရေးသားဖော်ပြလိုက်ရပါသည်။

MyanmarNews24

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page