“မြန်မာလူမျိုးဆိုတာ လေထဲမှာ လက်ကလေးနဲ့တောင် ဘက်ခွဲလို့ရတဲ့ လူမျိုး” ဆိုတဲ့ ဖြစ်ရပ်

“မြန်မာလူမျိုးဆိုတာ လေထဲမှာ လက်ကလေးနဲ့တောင် ဘက်ခွဲလို့ရတဲ့ လူမျိုး”

ဇာတ်မင်းသားလေး သိန်းဇော်တို့ နာမည်ကြီးခဲ့တဲ့ ခေတ်တုန်းက မန္တလေး မြောက်ပြင်မှာ ဇာတ်လာကတယ်။

ဇာတ်က နေတုန်း မှာ မန္တလေးသိန်းဇော် နဲ့ သူ့ညီ က ဇာတ်စင်ပေါ်မှာ ကနေရင်း ပြောကြဆိုကြရာက။ သူညီက ပြောတယ် အစ်ကိုက နာမည်ကြီးတဲ့သူဖြစ်နေလို့ ပရိတ်သတ် ရှိတာပါတဲ့ တကယ်တော့ ကျွန်တော်က အက ပိုကောင်းပါတယ်တဲ့ ပန်တျာကျောင်းမှာတုန်းက ဆို သူဘယ်လို အကဆုတွေ ဘာတွေ ရခဲ့တာတွေ ပြောတယ်။

သိန်းဇော်ကလည်း သူအကကောင်းလို့ ပရိတ်သတ်ရှိတာ ပရိတ်သတ် အားပေးတာ မင်းသား က သူကြိုးစား က နိုင်လို့ ဘာညာပြောကြငြင်းကြတယ် ပေါ့လေ။

ဒီလိုနဲ့ သူတို့ က ဒီလိုဆို ဒို့နှစ်ယောက် ပြိုင်က မလားပေါ့။ ဟန်နဲ့။ နောက်တစ်ယောက်ကလည်း စိန်လိုက်လေ၊ ပြိုင်က ကြမယ်ပေါ့။

ဘယ်သူပိုကောင်းသလဲဆိုတာ ဘယ်လိုဆုံးဖြတ်ကြမလဲ ဆိုတော့။ တစ်ယောက်က ဒီလိုလုပ်ဆိုပြီး ဇာတ်စင်ပေါ်ကနေ အလယ်မှာရပ်ပြီး လက်ကလေးနဲ့ တစ်ဝက်တိတိနေရာမှာ ပိုင်းလိုက်တယ်။ ဒီဖက်ခြမ်းက ကျွန်တော့် ပရိသတ်၊ ကျန်တစ်ဖက်ခြမ်းက အစ်ကို့ပရိသတ်ပေါ့။ ဒီလိုလုပ်ကြမယ် ။ တစ်ယောက်တစ်လှည့်စီ ကကြမယ်၊ အစ်ကို ကပြီးလို့ ဒီဖက်က အားပေးကြတဲ့ လက်ခုတ်သံနဲ ကျွန်တော်ကပြီးလို့ ကျန်တဲ့ ဖက်က အားပေးတဲ့ လက်ခုတ်သံ ပြိုင်မယ်ဆိုပြီး က ကြတယ်။

ဒီလိုနဲ့ တစ်ဖက်က ကလိုက် သူပရိတ်သတ်ကို အားပေးဖို့ ပြောလိုက် ၊ လက်ခုတ်တီးလိုက်ကြ။ နောက်တစ်ဖက်က ကလိုက် ၊ ကျန်တဲ့ဖက်ကသူတွေကို ပိုကျယ်အောင် လက်ခုတ် တီးခိုင်းလိုက် လုပ်ပြီး ပြိုင်ကြတယ်တဲ့ ။

အဲဒီအကြောင်းကို ပြောပြတာက မန္တလေးမှာ UD မီးစက်နဲ့ နာမည်စကြီးခဲ့တဲ့ မန္တလေးက လုပ်ငန်း ရှင်ကြီး UD ဦးခင်မောင်ဝင်း UD Khin Maung Win က ပြောပြတာပါ။ ဘေးမှာ Zarni Aung ရှိတယ်။ သူပြောတော့ သူတို့က မလှမ်းမကမ်းက ကားအပေါ်ကနေ လှမ်းကြည့်နေကြတယ်တဲ့ ။ နောက် သူ ဆက်ပြောပြတာ စိတ်ဝင်စားစရာကောင်းတာက။

ဒီလိုနဲ့ ကကြရင်း ကိုယ်ဖက် မဟုတ်တဲ့ သူက က ရင် ဘယ်လောက်ကောင်းကောင်း လက်ခုတ်မတီးကြတော့ဘူးတဲ့ ။ ဒီဖက်က က ရင် ဟိုဖက်က လက်ခုတ်မတီး ၊ ဟိုဖက်က က ရင် ဒီဖက်က လက်ခုတ်မတီး ဖြစ်ပြီး ၊ ကိုယ့်ဖက်က က တာနဲ့ ကိုယ် အစွမ်းကုန်လက်ခုတ်တီးကြတယ်တဲ့ ။

သူသုံးသပ်ပြတာက – ကိုယ့်မန်မာလူမျိုးတွေများ ဘက်ခွဲရတာ လွယ်မှလွယ် ဇာတ်စင်ပေါ်ကနေ လက်ကလေးနဲ့ ဒါ မင်းဖက်၊ ဒါ ငါ့ဖက် လုပ်လိုက်တာနဲ့ ၂-ဖက်က မိတ်ဆွေတွေ သူငယ်ချင်းတွေ အချင်းချင်း သူဖက် ကိုယ်ဖက်နဲ့ပဲ အားပေးကုန်ကြတော့တယ်တဲ့ ။ မြန်မာတွေက အဲလို ဘက်နဲ့ပဲ နေချင်သတဲ့ ။

ဒါနဲ့ စကားဝိုင်းက အခြားတစ်ယောက်က ဝင်ပြောတယ်။ ရွာမှာ ရွာဦးကျောင်း ၂ ကျောင်း ရှိခဲ့ရင် ၂-စု၊ ဒီဖက်ဘုန်းကြီး ရွာသားအုပ်စုနဲ့ ဟိုဖက်ဘုန်းကြီး ရွာသားအုပ်စု ရှိကြတယ်တဲ့။ ၂ ကျောင်းက မတည့်တာ များတယ်တဲ့ ။ ရွာတောင်ခြမ်းနဲ့ မြောက်ခြမ်း တည့်ဖို့ တောင်ရွာ မြောက်ရွာ မတည့်ဘဲ ချနေဖို့ လိုတယ်တဲ့ ရွာ ၂ ရွာ ပြိုင်နေမှ မတည့်မှ တစ်ရွာထဲသား အချင်းချင်းက စည်းလုံးတယ်တဲ့။ ဒီလိုပဲ တောင်ရွာမြောက်ရွာတည့်ဖို့ အခြား မြို့နယ်နဲ့ ပြိုင်မှ သူတို့ချင်း ပြန်တည့်သတဲ့ ။

ဒါကြောင့် မြန်မာလူမျိုးတွေဟာ ဘက်နဲ့နေချင်ကြတယ်။ သူရဲကောင်းကို မက်တယ် အားကိုးတယ်။ ယှဉ်ပြိုင်မှု့ ကို ခုံမင်တယ် လို့ စကားဝိုင်းမှာ သုံးသပ်မိကြ ပြောဆိုမိကြတယ်။

ဘာရယ်လို့ မဟုတ်ပါဘူး ။ ကိုယ့် လူမျိုးအထာ သိသူတွေက ကိုယ်လူမျိုးကို အချဉ်ကြီးလို အပိုင် သဘောထားပြီး လိုတဲ့သူကို လိုသလို သွေးခွဲလိုက်ကြတိုင်း အလိုတူအလိုပါ နဲ့ လွယ်လွယ်လေးပဲ သွေးကွဲကြ , အချင်းချင်း ချကြ, ဘက်တွေ နဲ့ ဆော်ကြ, ကွဲကြ , ပြဲကြတွေ တွေ့နေလို့ပါ။

UD ကြီးပြောသလို (မြန်မာလူမျိုးဆိုတာ) လေထဲမှာ လက်ကလေးနဲ့တောင် ဘက်ခွဲလို့ ရတဲ့ လူမျိုးဆိုတာလေး သတိရမိလို့ပါ။

YeMyatThu

ဒါနဲ့ခင်ဗျားတို့ကရော ဘယ်မင်းသား “ဘက်” ကလဲလိုစ့်…

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page