အနောက်နိုင်ငံသားတွေ ကြောက်ကြတဲ့ ၁၃ ရက် သောကြာနေ့ (Friday the 13th) အကြောင်း

ဒီနေ့ ၁၃ ရက် သောကြာနေ့ (Friday the 13th) ပါ။ကုန်သည်စီးပွားရေးသမားများဟာ ၁၃ ရက် သောကြာနေ့ (Friday the 13th) မှာအရောင်းအဝယ်စာချုပ်ချုပ်ဆိုတာ၊ စီးပွားရေးကိစ္စနဲ့ ခရီးသွားတာ ရှောင်ကြတယ်။ အမှားအယွင်း ဖြစ်တတ်ကြလို့ပါ။

ဒီလိုရှောင်ကျဉ်လို့ နှစ်စဉ် ၁၃ ရက် သောကြာနေ့ (Friday the 13th) တိုင်းမှာ ငွေကြေးအမေရိကန်ဒေါ်လာသန်း ၉၀၀ ခန့် ဆုံးရှုံးတယ်လို့ အမေရိကန်သုသေသနဌာနကြီးတခုက ခန့်မှန်းခဲ့ဖူးတယ်။ ၁၃ ရက် သောကြာနေ့ (Friday the 13th) နာမည်နဲ့ ခြောက်ခြားဖွယ် ရုပ်ရှင်ရှိတယ်။

လူတွေမှာ နံပတ် ၁၃ ဂဏန်းကို ကြောက်တဲ့ရောဂါရှိတတ်ကြတယ်။ သဘာဝအားဖြင့် တနှစ်မှာ ၁၂ လ ဂြိုလ်ရာသီခွင် ၁၂ ခုပဲရှိတယ်။ သဘာဝက သူ့မူလသတ်မှတ်ထားတဲ့ ၁၂ ကိုကျော်လွန်ပြီး ၁ ထပ်တိုးပေါင်းထားတဲ့ ၁၃ နံပတ်ကို ကံကြမ္မာဆိုးနံပတ်လို့ လူများသတ်မှတ်ထားကြတယ်။

ကမ္ဘာ့ထိပ်တန်းဟော်တယ်ကြီးများမှာ ၁၃ ထပ်နဲ့အခန်းနံပတ် ၁၃ ဆိုတာမရှိဘူး။သင်္ဘောသစ်ကို ၁၃ ရက် သောကြာနေ့ (Friday the 13th) ဘယ်တော့မှရေမချဘူး။ လူတွေဟာ အရေးကြီးတဲ့ အလုပ်အကိုင်ကိစ္စ ပြောဆိုတာ၊ အိမ်ပြောင်းတာ၊ ဆရာဝန်ပြတာ၊ အိမ်ထောင်ပြုတာတွေကို ၁၃ ရက် သောကြာနေ့ (Friday the 13th) ဆိုရင် ရှောင်ကြတယ်။

ခရစ်ယန်ဘာသာမှာ Lord Jesus နဲ့သာဝကကြီး ၁၂ ယောက်စုစုပေါင်း ၁၃ ယောက်ညလယ်စာ (Last Supper) အပြီးနောက်တနေ့ Friday မှာ Lord Jesus ကားစင်တင်ခံခဲ့ရတယ်။ ကံမကောင်းစေတဲ့ Friday the 13th ပါ။

အင်္ဂလန်မှာ ကြိုးပေးခံရတဲ့အကျဉ်းသားကို ပါးကွက်သားကြိုးစင်တင်တဲ့နေ့ဟာ ၁၃ ရက် သောကြာနေ့ (Friday the 13th) ဖြစ်ခဲ့ဖူးတယ်။ အနောက်နိုင်ငံများမှာ ၁၃ ရက် သောကြာနေ့ (Friday the 13th) ကို Day of Evil အဖြစ်သတ်မှတ်ထားကြတယ်။

၁၃ ရက် သောကြာနေ့ (Friday the 13th) ဟာ တနှစ်မှာ ၁ ခါကနေ ၃ ခါအထိ ဖြစ်နိုင်တယ်။၂၀၂၃ မှာ ၁၃ ရက် သောကြာနေ့ (Friday the 13th) နှစ်ရက်ရှိတယ်။ အောက်တိုဘာမှာ ၁၃ ရက် သောကြာနေ့ (Friday the 13th) ဖြစ်ပါအုံးမယ်။ (လွင်ဦး_ရန်ကင်း )

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page