အရည်အသွေး မမီတဲ့ Mask တွေကြောင့် အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေတဲ့ မြန်မာပြည်

အရည်အသွေး မမီတဲ့ Mask တွေကြောင့် အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေတဲ့ မြန်မာပြည်…

Mask တပ်ပါ Mask တပ်ပါဆိုတာ အကျိုးမရှိဖြစ်နေတယ်။ ဒါကိုလူတိုင်းလက်ခံတယ်။ ဒါပေမယ့် အဓိကအပြစ်တင်နေကြတာ မေးစိချိတ်တယ်ဘာညာပေါ့။ မေးစေ့မချိတ်တဲ့သူရော သေချာပြီလား မကူးဘူးဆိုတာ။

မသေချာဘူးဗျ။ Mask သေချာဝတ်ပါတယ်ဆိုတဲ့သူ ကူးခံရလို့ဆိုတာ ဖတ်လိုက်ရသေးတယ်။ Mask မှာ ကျနော်မြင်တဲ့ပြဿနာက နောက်တစ်ခုရှိသေးတယ် မနေ့က နာမည်ကြီးသူဌေးတစ်ယောက်ဆုံးသွားတယ်။ ကိုဗစ်နဲ့ပဲလို့ကြားတာ ဟုတ်မဟုတ်မသိ။ ပြောချင်တာ သူဌေးတွေပါ သေတယ်ပေါ့ဗျာ၊ အဲ့အကြောင်းဆက်မပြောခင် ကျနော်မြင်နေတဲ့မြင်ကွင်းလေးတွေပြောပြမယ်။

ဧပြီကစပြီး delivery စပို့တယ် ဒီတော့ ကိုယ့် Customer သူဌေးတွေနဲ့ တွေ့ရ စကားပြောရတယ်ပေါ့ဗျာ (အရင်က တော်ရုံဆို ထွက်ကိုမတွေ့တာ၊ ရောင်းတဲ့ဝန်ထမ်းတွေရောင်း၊ ကိုယ့်အခန်းထဲပဲ ကွန်ပြူတာတစ်လုံးနဲ့ ပိတ်နေတာ) ဘာသွားတွေ့ရလဲဆိုတော့ အဲ့သူဌေးတွေ Mask တပ်ထားပြီး စကားပြောရင် လျှောလျှောကျပြီး ဆွဲဆွဲတင်ရတယ် စကားပြောရင် Mask လျှောကျတာ ကြုံကြမယ်ထင်ပါတယ်။ ဘာကြောင့်ဖြစ်လဲ၊ နှာခေါင်းဖိ သံပြားတန်း ကွာလတီမပြည့်၊ လုံအောင်ဖိလို့မရရင် ဖြစ်တယ် နားသိုင်းကြိုး တင်းတင်းရင်းရင်းမရှိဘဲ လျော့ရင်ဖြစ်တယ်..

နှစ်ခုလုံးက ကွာလတီအရမ်းခိုတဲ့ Mask တွေမှာတွေ့ရတယ်။ နောက်ပြီး မေးချိတ်လိုက်လို့ နားသိုင်းကြိုးချောင်သွားတာမျိုးလဲရှိတယ်။ နောက်ပြီး လူကောင်သေး မျက်နှာသေးတဲ့သူတွေဟာ သာမာန် Mask ဆိုချောင်နေတတ်တယ်။ သူတို့အတွက် ကြိုးတိုတဲ့ Size အသေးသတ်သတ်လိုတယ် ဒီလိုမျိုးတွေဖြစ်ရင် ကြိုက်သလောက် Mask တပ်၊ ဘာမှ မကာဘူး။ ပိုတောင်ကူးအုံးမယ်..

သူဌေးတွေ ပိုက်ဆံရှိရက်နဲ့ Mask အပေါစားတွေသုံးပြီး ကူးခံရတာမျိုးဆို သူတို့အနေနဲ့ ဘယ်လောက်စိတ်နာဖို့ကောင်းလဲ။ ဒီ Mask ဖိုးဟာ သူတို့အတွက် ကလေးမုန့်ဖိုးတောင်မရှိဘူး။ ကောင်းကောင်းမသုံးမိတော့ ကူးရော။ အဲ့လိုသူဌေးတွေ အများကြီးပဲ ကျနော်တွေ့နေရတာ။ တပ်တော့တပ်တယ် ကြောက်လဲကြောက်တယ် Mask က အစုတ်ဖြစ်နေတော့ အိတ်ပေါက်နဲ့ ဖါးကောက်သလိုပဲ။ ကူးရော..

ခက်တာက Mask အကောင်းစားဝယ်ဖို့နေရာက ရှာရခက်တာတော့ အမှန်ပဲ။ ဘယ်နေရာကြည့်လိုက်ကြည့်လိုက် တစ်ဘူး ၁၅၀၀-၂၀၀၀ တန်တွေပဲကြီးစိုးနေတာ။ ဘယ်လောက်ဆိုးလဲဆို KN95 တို့ 3M N95 တို့တောင် အတုတွေ သွင်းနေတယ်ဆိုတာ ကြားထားပြီးသား။ ဒီတော့ Mask တပ်ပါဆိုပြီး ကွာလတီမပြည့်တဲ့ Mask တွေကို မထိန်းနိုင်ရင် မထိရောက်ဘူး။

စင်္ကာပူတို့ ထိုင်းတို့ ဗီယက်နမ်တို့ဘာလို့ထိန်းနိုင်လဲ။ အခုလိုအပေါစား Mask တွေ သွင်းမရအောင် import ကိုသေချာထိန်းနိုင်တာ တစ်ချက်ပါမယ်။ မယုံရင် သူတို့နိုင်ငံတွေမှာ ထုတ်လုပ်သူမပါ ဘားကုတ်မပါ မမှန်တဲ့ နာစ့်မတံဆိပ် Mask လိုမျိုးရှိမရှိသာ သွားကြည့်၊ လုံးဝမရှိဘူး..

ဘားကုတ်ဆိုတာ GS1 အဖွဲ့မှာ ကုမ္ပဏီနာမည်နဲ့ ဝယ်ထားရတာ၊ ထည့်ချင်တိုင်းကောက်ထည့်တဲ့ ဘားကုတ်အတုလားဆိုတာ စစ်ချင်ရင် လွယ်လွယ်လေး ဒီမှာတော့ အစိုးရရော Volunteer တွေရောက နာစ့်မတံဆိပ် Mask တွေကို ကာကွယ်ရေးအဖြစ် အားရပါးရဝေနေတာ။ အစိုးရအနေနဲ့ ထိန်းသင့်သလို ဆေးဆိုင်တွေအနေနဲ့လဲ ထိန်းသင့်တယ်။ ဈေးပေါမှ ရောင်းရတာဆိုတဲ့ အတွေးထက် ငါတို့ အပေါစားရောင်းလိုက်ရင် ပြည်သူတွေ ကူးကုန်မှာဆိုပြီး ကိုယ်ချင်းစာသင့်တယ်..

ဘယ်လောက်ဆိုးလဲဆို ဆရာဝန်ထဲမှာပါ Mask အပေါစားတွေ လှိမ့်ရောင်းနေလို့ unfriend တောင်လုပ်ပလိုက်တယ် follower များတဲ့ ဆရာဝန်မပဲ။ Mask Quality ကိုမထိန်းပဲ ကြိုက်သလောက် Mask campaign လုပ်၊ ကူးနေနိုင်တယ်ဆိုတာ သတိထားသင့်နေပြီ..

Mask ကိစ္စပြောရင်းဆက်ပြောလိုက်အုံးမယ် မြန်မာနိုင်ငံမှာ Mask ရဲ့ QC ဘယ်သူ့ထိန်းချုပ်မှုအောက်မှာရှိလဲ လိုက်မေးကြည့်တယ် FDA နဲ့လဲမဆိုင်ဘူးတဲ့ဗျ ကျန်းမာရေးဝန်ကြီးဌာနကလဲ မသိဘူးပြောတယ် ကုန်သွယ်ရေးဖက်ကလဲ မသိဘူးဆိုလား..

Mask ကွာလတီထိန်းဖို့က ဘယ်သူ့အဖေခေါ်ရမှန်းမသိဘူးဖြစ်နေတယ်။ ဒီလိုနဲ့ နာစ့်မတွေတက်မွှေတာ တစ်နိုင်ငံလုံးလဲကုန်တော့မယ် လုပ်ကြပါအုံး သိသူများ ပြောကြပါအုံး။

ဒေါက်တာကျော်ကျော်စိုင်း

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page