ကိုဗစ်ဖြစ်ပြီး ဘယ်နှစ်ရက်ကြာရင် ရောဂါ မကူးနိုင်တော့ဘူးလဲ (အမေရိကန် CDC နဲ့ WHO အရ)

ကိုဗစ်ဖြစ်ပြီး ဘယ်နှစ်ရက်ကြာရင် ရောဂါမကူးနိုင်တော့ဘူးလဲ?

🇺🇸 အမေရိကန် CDC guidelines နဲ့ WHO ရဲ့ criteria ကိုအခြေခံပြီးပြောပါမယ်။

(၁) Duration of isolatiin and precautions

ကိုဗစ်ရောဂါလက္ခဏာပြသောလူအများစုအတွက် သီးသန့်ခွဲနေခြင်း၊ (isolation) Q ဝင်ခြင်းကို ကိုဗစ်ရောဂါလက္ခဏာတစ်ခုခုပြအပြီး (၁၀) ရက်အကြာတွင် ရပ်လို့ရပါပြီ။

အဲ့လို Q ဝင်ခြင်းကထွက်မယ်ဆိုရင် ၂၄ နာရီအတွင်း ကိုယ်အပူချိန် fever တက်တာမရှိရပါ။ ပြီးတော့ အဲ့လို ကိုယ်ပူမတက်အောင် ပါရာစီတမောလိုဆေးသောက်ပြီး ကိုယ်ပူချိန်ချထားတာမရှိရပါ။ ပြီးတော့ အခြားကိုဗစ်ရောဂါလက္ခဏာတွေလည်း သက်သာရပါမယ်။

ဥပမာ – လူတစ်ယောက်ဟာ ကိုယ်ပူ၊ ခေါင်းထိုးကိုက်၊ ချောင်းခြောက်ဆိုး၊ အနံ့စပျောက် တာစတဲ့ရက်ကာနေ ၁၀ ရက်မြောက်နေ့မှာ ကိုယ်မပူဘူး။ ကိုယ်ပူကျအောင်ပါရာစီတမောလိုဆေးမျိုးသောက်ပြီး Q ထွက်ချင်လို့ လုပ်ထားတာမျိုးမဟုတ်ရရင်ရပြီ။

အဲ့ဒီမှာချွင်းချက်က လူအချို့မှာ ရောဂါပြင်းထန်ပြီး replication competent lentiviruses (RCL) က ၁၀ ရက်အကျော်ကာလမှာကျန်နေတတ်တယ်။ အဲ့လိုလူမျိုးကို ရောဂါလက္ခဏာစပြတဲ့နေ့ကနေ ရက် ၂၀ အထိ Q ဝင်ပါ။ ကူးစက်ရောဂါဆရာဝန်နဲ့လည်းတိုင်ပင်ပြီးမှ Q ထွက်ပါ။ အဲ့ဒီတော့ ရောဂါလက္ခဏာပြင်းထန်ထားတဲ့လူတွေကို စိတ်ချချင်ရင် ရက် ၂၀ Q ဝင်တဲ့အပြင် ဆရာဝန်ရဲ့ confirm ယူသင့်တယ်။

စာကိုအဆုံးထိဖတ်ပေးပါ။

ရောဂါလက္ခဏာလုံးဝမပြတဲ့ asymptomatic သမားတွေဆိုရင် swab test က positive ပြတဲ့နေ့ကနေ ၁၀ ရက်ဆိုရင် Q ထွက်လို့ရပြီ။

(၂) Q ထွက်ရင် PCR Test လုပ်ဖို့လိုမလို

ကိုယ်ခံအားစနစ်အားနည်းတဲ့ရောဂါရှိသူတွေမှာ ကူးစက်ရောဂါဆရာဝန်နဲ့ Test လုပ်ဖို့လိုမလို တိုင်ပင်ရပါမယ်။ ကျန်တဲ့သူတွေက Test ထပ်လုပ်ဖို့မလိုပါ။

(၃) Q ထွက်ပြီးမှရောဂါလက္ခဏာတစ်ခုခုပေါ်ခဲ့သော်

ကိုဗစ်ဖြစ်ခဲ့ဖူးပြီး ပထမဆုံးအကြိမ်ဖြစ်တုန်းကရောဂါလက္ခဏာစပြတဲ့နေ့ကနေ ၃ လအတွင်းမှာ ဘာရောဂါလက္ခဏာမှမပြရင် Test ထပ်လုပ်ဖို့ အကြံမပေးပါ။ ၃ လကျော်လို့မှ ကိုဗစ်လက္ခဏာတစ်ခုခုပြလာရင် Test လုပ်ရင်လုပ်ပေါ့။

ကိုဗစ်ဖြစ်ခဲ့ဖူးပြီး ပထမဆုံးအကြိမ်ဖြစ်တုန်းကရောဂါလက္ခဏာစပြတဲ့နေ့ကနေ ၃ လအတွင်းမှာ ကိုဗစ်ရောဂါလက္ခဏာတစ်ခုခုပြလာပြီး အခြားရောဂါဆိုင်ရာသက်ဆိုင်မှုတစ်ခုခုမတွေ့ခဲ့ရင် ကူးစက်ရောဂါဆရာဝန်နဲ့ Test လုပ်သင့်မသင့်တိုင်ပင်ပါ။

Test လုပ်နေစဉ်ကာလမှာ Q ဝင်ပြီး Test အဖြေကိုစောင့်ပါ။ အထူးသဖြင့် ရောဂါရှိသူနဲ့ ၁၄ ရက်အတွင်းထိတွေ့ထားရင် ကိုဗစ်ဖြစ်ဖူးလည်း ရောဂါလက္ခဏာပြန်ပေါ်တယ်ထင်ရင် Q ဝင်ပြီး Test လုပ်သင့်ပါတယ်။

အရင်က asymptomatic ဖြစ်ခဲ့သူက ၃ လတွက်ချင်ရင် PCR Test positive ဖြစ်ခဲ့တဲ့နေ့ကိုတွက်ပါ။

(၄) Serologic သွေးစစ်ကြည့်ဖို့လိုမလို

ကိုဗစ်ပြန်ဖြစ်မဖြစ်ကို စစ်မယ်ဆိုရင် CDC က Serologic Test နည်းလမ်းကိုမသုံးသင့်ပါတဲ့။

အပေါ်ကအခြေအနေ (၄) ရပ်ကိုကြည့်ပြီး အမေရိကန်သမ္မတထရမ့်ရဲ့သမားတော်တွေက သမ္မတထရမ့်ရဲ့ကျန်းမာရေးအခြေအနေကိုကြည့်ပြီး ရောဂါလက္ခဏာစပေါ်တဲ့ ရက်ကနေ (၁၀) ရက်ကျော်တာနဲ့ မကူးစက်နိုင်တော့ဘူးလို့ ပြောခဲ့တာပါ။

ကဲ.. ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ Scientific Brief ဘက်ကနေပြောရအောင်။

ရောဂါလက္ခဏာပြတဲ့ symptomatic patients တွေဆိုရင် ပထမဆုံးရောဂါလက္ခဏာပြတဲ့နေ့ကစပြီး (၁၀) ရက်အကြာ + ၃ ရက် = ၁၃ ရက်မှာ Q ထွက်လို့ရပါပြီ။

ရောဂါလက္ခဏာမပြတဲ့ asymptomatic patients တွေဆိုရင် swab Test က positive ပြတဲ့နေ့ကနေ ၁၀ ရက်အကြာမှာ Q ထွက်လို့ရပြီ။

နမူနာတွက်ပြမယ်။ လူတစ်ယောက်မှာ ကိုဗစ်လက္ခဏာတစ်ခုခုပြတာ (ဥပမာ – ကိုယ်ပူတာ) ၃ ရက်ကြာတယ်ဆိုပါစို့၊

ကိုယ်ပူ ၃ ရက် + စိတ်ချ ၁၀ ရက် = ကိုယ်စပူတဲ့နေ့ကနေ ၁၃ ရက်ကြာရင် Q စိတ်ချလက်ချထွက်လို့ရပြီ။ သူများကိုမကူးစက်နိုင်တော့ဘူး။ လူတစ်ယောက်က ၃ ရက်ကိုယ်ပူတယ်၊ ချောင်းဆိုးတယ်။ ကိုယ်ပူကျပြီးတော့ ချောင်းဆိုးတာ ၁၄ ရက်ကြာတယ်။ ကိုယ်ပူချောင်းဆိုးစတာကနေ ချောင်းဆိုးပြီး ၁၄ ရက် + စိတ်ချ ၃ ရက် = ၁၇ ရက်ကြာရင် သူများကိုမကူးစက်နိုင်တော့ဘူး။

လူတစ်ယောက်ဟာ ကိုဗစ်ကြောင့်ချောင်းဆိုးတာ ရက် ၃၀ ကြာတယ်။ ပြီးမှပျောက်တယ်ဆိုပါစို့။ ချောင်းဆိုး ၃၀ ရက် + စိတ်ချ ၃ ရက် = ၃၃ ရက်ဆိုရင် သူများကိုမကူးစက်နိုင်တော့ဘူး။

ဒါဆိုရင် ကိုဗစ်ဖြစ်ပြီး အနံ့ပျောက်တာ ၂ လ ကြာတဲ့သူတွေရောဘယ်လိုလုပ်မလဲ?

အဖြေကို ဘယ် guidelines မှာမှ မတွေ့ပါ။

ကျနော့်အမြင်ပြောရရင် ချောင်းဆိုးတာက viral shedding ပိုးပွားနိုင်ပြီး အနံ့ပျောက်တဲ့ case က viral shedding ဆက်ဖြစ်နိုင်ချေနည်းပါတယ်။ အနံ့ပျောက်တဲ့သူကို အနံ့စပျောက်တဲ့နေ့ကနေ ၁၀ ရက် + ၃ ရက် = ၁၄ ရက်ဆိုရင် စိတ်ချရပြီလို့ယူဆပါတယ်။ အဲ့ဒီတော့အပေါ်မှာရေးခဲ့တဲ့ အခြေအနေနဲ့ ချိန်ထိုးကြည့်ကြဖို့ အကြံပေးပါတယ်။

Richard Myo Thant
19-October-2020

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page