“ထုံကျင်နာအတွက် လေရှုနည်း” – ဆရာကြီးဦးရန်အောင် (သြ/သု)
“ထုံကျင်နာအတွက် လေရှုနည်း”
လက်တွေထုံတာ နှုတ်ခမ်းခြောက်တာ ခြေဖနောင့်ကွဲတာတွေဟာ အစွန်အဖျားကိုသွားတဲ့ ‘လေ’ အားနည်းလို့ဖြစ်ပါတယ်။ လေသန့်သန့်ကို ဝအောင်ရှုဖို့ လိုအပ်ပါတယ် ။ ဒီလိုရောဂါတွေမဖြစ်လည်း လူတိုင်း ဆောင်ရွက်သင့်တဲ့ လေရှုနည်းလေးကို ပြောပြပါမယ်။
လေရှုတဲ့အခါမှာ တစ်ချို့ကျင်တတ်တဲ့သူတွေက ပင့်သက်နဲ့ ရှုပါတယ်။ မေးစေ့လေးကို မပြီး ရှိုက်ပြီးတော့မှ ပင့်သက်နဲ့ရှုမှ ဝတာတွေ့ရပါတယ်။ အဲ့လိုဘာ့ကြောင့်ရှုသလဲဆိုရင် အထဲကိုလေရှုသွင်းတာ မရလို့ပါ။ အထဲမှာ လေအောင်းနေလို့။
ဒီတော့ ဘာလုပ်ရမလဲဆိုရင်… ဝင်လေနဲ့ ထွက်လေမှာ ထွက်လေကိုအရင်ထုတ်ရပါမယ်။ နှာခေါင်းက ရှုသွင်းမယ်။ ပါးစပ်က ထုတ်မယ်။ ပထမ ဆယ်ကြိမ်မှာ ရှုလေက လျော့ထား ၊ ထုတ်လေကို များရမယ်။ အထုတ်များတဲ့အတွက် ရင်ဘတ်ကြီး ချောင်မသွားဘူးလား။ တကယ်လက်တွေ့ လုပ်ကြည့်ပါ။ ဆယ်ကြိမ်ကျော်လာရင် ဝင်လေနဲ့ ထွက်လေ မျှအောင် ရှုတော့ ။အဲ့လိုရှုလိုက်ရင် ကျင်နေတာ၊ အုံနေတာ၊ ထုံနေတာ၊ ခဲနေတာ၊ တင်းနေတာတွေ၊ ကျပ်နေတာတွေ သက်သာသွားလိမ့်မယ်။ လမ်းလျောက်ရင်း လျူတာက ပိုကောင်းတယ် ။
ချိုမိုင်မိုင် ရှုနည်း လည်းရှိသေးတယ်…
ထိုင်နေရင်းရှုတဲ့အခါမှာ ချိုမိုင်မိုင်က ရှုမယ်။ လက်ကိုဆုပ်တယ်။ ပြန်ဆန့်မယ်ပေါ့ ။နှာခေါင်းက ရှုသွင်းတဲ့အခါ လက်ကိုဆန့်ထားရမယ်။ ပါးစပ်က လေထုတ်တဲ့အခါမှာလက်ကို ဆုပ်ရတယ်။ ရှုသွင်းရှုထုတ်မှာ လက်ကို ကွေးဆန့်ပေးရမယ်ပေါ့ ၊ လက်လိုပဲ ခြေချောင်းလေးတွေကိုလည်း ဆန့်ချည်ကွေးချည် လုပ်ပေးရပါ့မယ်။ တစ်ကြိမ်လုပ်ရင် အခါ ( ၂၀ ) ခန့် လုပ်ပေးပါ။ ထုံတာကျင်တာ တွေ ပျောက်ကင်းပါလိမ့်မယ်။
ဆရာကြီးဦးရန်အောင် (သြ/သု)