အောင်မင်္ဂလာ ကားဝင်းမှာ အုပ်စုဖွဲ့ အကြောင်ရိုက် လုယက်နေတဲ့အဖွဲ့ (ခံရတဲ့သူ အတော်များပါပြီ)

မနက်က YBS စီးပြီး ပါဆယ် သွားပို့ပါတယ် အောင်မဂ်လာရောက်တော့ ဆိုင်ကယ်ကယ်ရီ စီးပြီး ပါဆယ်ကို ဂိတ်အပ် (ကျွန်မအပြင်ထွက်ရင် ဘယ်တော့မှ သားသားနားနား မဝတ်ပါ စုတ်ပျက်နေအောင်သွားပါတယ် အိတ်ထဲတော့ ပိုက်ဆံ ၄ သိန်းကျော် ပါပါတယ်)

တန်ဆာခပေးနေတဲ့ချိန် ဆိုင်ကယ်ကယ်ရီသမား ကျွန်မပိုက်ဆံကို မြင်သွားပါတယ် ပြီးတော့ သူ့ဆိုင်ကယ်နဲ့ပဲ YBS ဂိတ်ကို ပြန်စီးလာခဲ့ပါတယ်။

YBS စောင့်နေချိန် ကျွန်မဘေးနားကို လူတစ်စု ရောက်လာပြီး လက်ထဲလဲ အနီကတ်တွေ ခင်းလိုက်ပါတယ် ပြီးတော့ ပိုက်ဆံ‌တွေထိုးနေကျပါတယ်။

အဲ့ချိန် ကျွန်မကို ဘေးက လူတစ်ယောက်က ညီမလေး နင့်အတွက်ထိုးပေးတာ ရော့ဆိုပြီး ပိုက်ဆံ ၁၀၀၀၀ ပေးပါတယ်။ ကျွန်မက ကျွန်မ မသိဘူး ထိုးလဲမထိုးဘူး သူများပိုက်ဆံလဲ အချောင်မလိုချင်ဘူးလို့ ကျွန်မပြောချိန်မှာ သူထိုးတာ ၅၀၀၀၀ လေ ပေးလိုက်လို့ ဆိုပြီး အနီကတ်ရှေ့ထိုင်နေတဲ့လူကြီးကို လှမ်းပြောပါတယ်။

အဲ့လူကြီးက ငါပေးမယ် သူ့မှာ ၅၀၀၀၀ ပါလား အရင်မေးကြည့်ဆိုတော့ ကျွန်မက မပါဘူး မရှိဘူးပြောတာကို ခုန ‌သူထိုးပေးထားတယ် ပြောတဲ့တစ်ယောက်က အိတ်ကို လာဆွဲပြီး သူ့မှာပါတယ် ပြလိုက် ညီမလေး ပြီးရင် နင် သူ့ဆီက ယူပြီးပြန်တော့တဲ့ ဆိုပြီး အိတ်ကို အတင်းဆွဲပါတယ်။

ပိုက်ဆံကိုလဲ အတင်းနှိူက်တာ ၅၀၀၀ တန် တထပ်ပါသွားပါတယ် ကျွန်မပိုက်ဆံပြန်ပေးဆိုပြီး တောင်းတော့ နင့် ၅၀၀၀၀ ပါလား ပြခိုင်းတာဆိုပြီး လေသံမာမာနဲ့ ထပ်ပြောပါတယ်။

ကျွန်မပတ်ချာလည်မှာ လူအနည်းဆုံး ၇ ယောက်လောက် ရှိပါတယ်။ ဈေးဆိုင်က လူတွေ ကားစောင့်နေတဲ့လူတွေ တခွန်းဆို တခွန်း ဝင်မပြောပါဘူး ဝိုင်းကြည့်နေပါတယ်။

အဲ့ချိန် ကျွန်မ အိတ်ကို ကျွန်မ အတင်းပြန်ဆွဲချိန် အပြင်ကလူတစ်ယောက်က ကျွန်မကို သွားတော့ဆိုပြီး မျက်စ ပစ်ပြပါတယ်။ အဲ့ချိန်ကျွန်မလဲ ပိုက်ဆံပြန်မတောင်းတော့ပဲ တွေ့တဲ့ YBS ကားပေါ် တက်လာခဲ့ပါတယ်။

ကားပေါ်ရောက်တော့ အိမ်ကိုဖုန်းဆက်ပြီး ပြောပြနေတဲ့ချိန် က‌‌လေးချီထားတဲ့ကောင်မလေးက အမ ညီမလဲ ၃၀၀၀၀ ပါသွားတယ် အမရေတဲ့

သတိထားကျပါလို့ တစ်ယောက်ထဲမသွားကျပါနဲ့နော် ကျွန်မဆို အခုချိန်ထိ လုခံရတာ ခါးပိုက်နှိူက်ခံရတာ တခါမှမဖြစ်ဘူးလို့ ဝောာ်တော်နဲ့ရင်တုန်တာမပျောက်ပါဘူး အိမ်ရောက်တော့လဲ တော်တော်လဲ ငိုလိုက်ပါတယ်။

သားပိုက်ကောင်

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page