အသက်ရှင်ဖို့ လုံးဝမဖြစ်နိုင်တဲ့ နေရာမှာ လိုက်ပါလာပြီး ထူးဆန်းစွာ အသက်ရှင်နေခဲ့သူ
ဒီနေ့ အမေရိကန်ရဲ့ ကြောက်စရာကောင်းတဲ့ သတင်း..
အမေရိကန်နိုင်ငံ ဂွါတီမာလာ (Guatemala) က မိုင်ယာမီကို ပျံသန်းလာတဲ့ အမေရိကန်လေကြောင်းလိုင်း ခရီးစဉ်အမှတ် ၁၁၈၂ မှာ ဖြစ်ခဲ့တာပေါ့။ ၂၀၂၁ နိုဝင်ဘာ ၂၈ ရက်နေ့ မနက် ၁၀ နာရီမှာ လေယဉ်ဆိုက်တယ်။
လေယာဉ်ထဲမှာ ဘယ်ကဘယ်လိုရောက်နေမှန်းမသိတဲ့ ခရီးသည်တစ်တယောက်ရှိနေခဲ့တယ်။ သူက လေယာဉ် ဆင်းသက်ရင် အသုံးပြုတဲ့ ကမ်းတက်ဂီယာ (Landing gear) ဘီး နေရာကွက်လပ်ထဲမှာပုန်းပြီး အမေရိကန် မိုင်ယာမီကို ခိုးဝင်လာတာဖြစ်တယ်။
အဲဒီ အမျိုးသား လေယာဉ်ဂိတ်ကို ရောက်တဲ့အချိန်မှာ လေဆိပ်အမှုထမ်းတွေက ဖမ်းမိပြီး ဆေးရုံပို့လိုက်ကြတယ်။
“လေယာဉ်ပျံနေတုန်း လေဖိအားမျိုးကို သူ ဘယ်လိုခံနိုင်ခဲ့လဲ စိတ်ကူးကြည့်ပါတော့ ” Vasquez ဆိုတဲ့လူက ပြောတယ်။
၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက် မနက်ပိုင်းတုန်းကလည်း ကင်ညလေကြောင်း လေယာဉ်အမှတ် KQ505 ဟာ Accra မြို့ကနေ နိုင်ရိုဘီမြို့ကိုဆင်းနေတုန်း လေယဉ် အဆင်းဂီယာမှာ ပုန်းလိုက်လာတဲ့ သူကိုတွေ့ခဲ့ဘူးတယ်။ သူကတော့ အေးခဲပြီး သေဆုံးနေတဲ့ အလောင်းကိုပဲ ပြန်ရခဲ့တယ်။
အမေရိကန် မိုင်ယာမီကို ခိုးလိုက်လာတဲ့ အဲ့ဒီ အမျိုးသားက လေယဉ်ဘီးထဲကို ဘယ်လိုဝင်လာသလဲဆိုတာ အရေးယူဖို့ စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်တဲ့။ ဒီကိစ္စက သိပ်ကြောက်စရာကောင်းတယ်။ အဲဒီအမျိုးသားက လေယာဉ်ကို တခုခုလုပ်မယ့်သူဆို မတွေးဝံ့စရာပါပဲ။
ဩဂုတ်လကတုန်းကလည်း အမေရိကန်စစ်တပ်က အာဖဂန်နစ္စတန်ကလူတွေကို သွားပြီး ကယ်ဆယ်တဲ့ လေယဉ်မှာ ရာနဲ့ချီတဲ့ အရပ်သား လေယာဉ်စီးဖို့ တွယ်ကပ်လိုက်ခဲ့ကြတဲ့ အဖြစ်မျိုး ရှိခဲ့ဖူးတယ်။ အဲဒီလေယာဉ်လည်း ကဘူးလ် နိုင်ငံတကာလေဆိပ်က ထွက်ပြီး ကာတာနိုင်ငံကို ဆင်းတဲ့အချိန် C-17 ကုန်တင်လေယာဉ်ရဲ့ လေယာဉ်ဘီးနေရာ ကွက်လပ်ထဲမှာ လူရုပ်အလောင်းတွေ တွေ့ခဲ့ရတယ်။
ကမ္ဘာကြီးမှာဒုက္ခရောက်နေသူတွေ အများကြီးရှိနေတယ်။ သူတို့ဟာ ဒုက္ခကလွတ်မြောက်အောင်ကြိုးစားရင်း အဲ့ဒီလို စွန့်စားခဲ့ကြ..။
မရွှေမိုး – ကိုရီးယား (28-11-2021)