အဆိပ်ရှိတဲ့ မြွေနဲ့ အဆိပ်မရှိတဲ့ မြွေအမျိုးအစားတို့ကို အလွယ်တကူ ခွဲခြားသိမြင်နိုင်တဲ့နည်း
အဆိပ်ရှိတဲ့ မြွေနဲ့ အဆိပ်မရှိတဲ့ မြွေအမျိုးအစားတို့ကို အလွယ်တကူ ခွဲခြားသိမြင်နိုင်တဲ့နည်း…
ကမ္ဘာပေါ်မှာ မြွေမျိုးစိတ်ပေါင်းရာချီရှိပြီး အဆိပ်မရှိ တဲ့မြွေမျိုးစိတ်ေ တွလည်းရှိပါ တယ်။ ဘယ်သူမ ဆို မြွေဆိုတဲ့သတ္တ ဝါကိုမြင်တာနဲ့ အဆိပ်ရှိတ ယ်လို့ပဲသတ်မှတ်ပြီး ဝေးဝေးကရှောင်ကြေ လ့ရှိပါတယ်။ ဒါပေမယ့် ကိုယ်မြင် တဲ့မြွေဟာ အဆိပ်ရှိမရှိ ကို မြင်တာနဲ့သိနိုင်တယ်ဆိုရင် ပိုမကောင်းဘူးလား ။ အခုလည်း မြွေကို ကြည့် ရုံအဆိပ်ရှိမရှိ သိနိုင်မယ့်န ည်းလမ်းလေးေ တွကိုပြောပြသွားမှာပါ ။
၁- မျက်လုံး- အဆိပ်မရှိတဲ့မြွေတွေရဲ့မျက်လုံးထဲမှသူငယ်အိမ်ကတော့ခပ်ဝိုင်းဝိုင်းအနေအထားရှိတဲ့ အဆိပ်ရှိတဲ့ မြွေတွေ ကတော့ ဒေါင်လိုက်ရှည်မြောမြောအနေအထားရှိပါတယ်။ ဒါပေမယ့် အာဖရိကမှမြွေဟောက်နက် ၊ မြွေပွေး မျိုးစိတ်တွေနဲ့ တာပန်မြွေတွေကတော့ အဆိပ်ရှိပေမယ့် ခပ်ဝိုင်းဝိုင်းသူငယ်အိမ်ရှိပါတယ်။
၂- အပူအာရုံခံပေါက် – များသောအားဖြင့် အဆိပ်ရှိတဲ့မြွေတွေမှာ မျက်လုံးနဲ့နှာခေါင်းကြားအလည်တည့်တည့်မှာ သားကောင်တွေကိုအာရုံခံနိုင်မယ့် အပူအာရုံခံပေါက်ပါရှိပါတယ်။
၃- ပါးပျဉ်း- အဆိပ်ရှိတဲ့မြွေအများစုဟာ လည်ပင်းသေးငယ်ပြီးတော့ ပါးပြင်းခွက်လေ့ရှိပါတယ် ။ အဆိပ်မရှိတဲ့မြွေတွေကတော့ ခေါင်းခပ်လုံးလုံးပုံသဏ္ဍာန်ရှိပါတယ်။
၄- အမြှီး – အဆိပ်မရှိတဲ့မြွေတွေရဲ့ အမြှီးဟာ အကြေးခွံနှစ်ထပ်ဖြစ်နေလေ့ရှိပြီး အဆိပ်ရှိတဲ့မြွေတွေရဲ့အမြှီးကတော့ အရစ်အရစ်ပုံစံမျိုးပေါ်နေလေ့ရှိပါတယ်။
၅- အရောင် – အဆိပ်ရှိတဲ့မြွေအများစုဟာ အလွန်ထင်ရှားတဲ့အရောင်ရှိပြီးတော့ မြင်တာနဲ့သိနိုင်လောက်အောင် တောက်ပတဲ့ အရောင်မျိုးတွေရှိပါတယ်။ မြွေဟောက် နဲ့ မြက်လျောမြွေတွေကတော့ အရောင်ခပ်မှိုင်းမှိုင်းရှိတတ်ပြီး မြက်လျောမြွေဟာလည်ပင်းမှာ အဝါရစ်လေးပါတတ်ပါတယ်။
၆- အကြေးခွံပုံစံ – မြွေရဲ့အကြေးခွံပုံစံဟာ တြိဂံပုံစံမျိုးတွေဖြစ်နေမယ်ဆိုရင်တော့ ဒီမြွေဟာအဆိပ်ရှိတာသေချာနေပါပြီ။
၇- ရေကူးခြင်း – အဆိပ်ရှိတဲ့မြွေတွေဟာ ခေါင်းဖော်ပြီးရေကူးလေ့ရှိပြီးတော့ အဆိပ်မရှိတဲ့မြွေတွေကတော့ ရေအောက်ကို ငုပ်လျိုးပြီးကူးခတ်သွားလာလေ့ရှိကြပါတယ်။
(DHN)