တကမ္ဘာလုံး ကိုဗစ် ပျံနှံ့ရခြင်း နောက်ကွယ်မှ WHO အကြီးအကဲနှင့် တရုတ်နိုင်ငံ အရှုပ်တော်ပုံ

တကမ္ဘာလုံး ကိုဗစ် ပျံနှံ့ရခြင်းနောက်ကွယ်မှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အကြီးအကဲနှင့် တရုတ်နိုင်ငံ အရှုပ်တော်ပုံ (သာကောကြီး နဲ့ WHO အကြီးအကဲတို့ရဲ့ လုပ်စား ဇာတ်လမ်းတွေ ပွင့်ထွက်လာခဲ့ပြီလော)

အဲဒီကိုဗစ်ပျံနှံ့ရခြင်းအတွက် တရုတ်ကွန်မြူနစ်ပါတီ၏ သတင်းထိန်ချန်မှု့ကြောင့် တာဝန်ယူသင့်သည်သာမဟုတ် သမာသမတ် မကျစွာ ဆောင်ရွက်ခဲ့သော ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အကြီးအကဲဖြစ်သော Dr. Tedros Adhanom Ghebreyesus တွင်လည်းတာဝန်ရှိသည့်အတွက် နှုတ်ထွက်ပေးရန် လူ ၇ သိန်း လက်မှတ်ထိုးကာ တောင်းဆိုခဲ့ကြပါသည်..

ထို့ကြောင့် စိတ်ဝင်စားစရာကောင်းသော နောက်ကွယ်က ချိတ်ဆက်မှု့များကို ရှာဖွေဖေါ်ထုတ်လာကြလေတော့သည်..ထိုပုဂ္ဂိုလ်သည် အီသီယိုပီးယား နိုင်ငံသားဖြစ်ပြီး Dr. Tedros ဟုခေါ်ကြသော်လည်း Medical Doctor မဟုတ်ဘဲ Ph.D သာဖြစ်ပြီး Community Health သာဖြစ်ကြောင်း အီသီယိုပီးယားကျန်းမာရေး ဝန်ကြီးဌာနတွင် ၇ နှစ်တာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ၄ နှစ်တာဝန်ထမ်းဆောင်ဘူးပါသည်..

ထို့နောက်တွင် ကမ္ဘာ့ကုလသမဂ္ဂရဲ့ ကျန်းမာရေးအဖွဲ့တွင် ညွန်ကြားရေးမှုးချူပ်ရာထူးအတွက် အရွေးခံခဲ့ရသူဖြစ်ပါသည်.. သို့သော် သူ့ကိုယ်ရေးရာဇဝင်တွင် ကျန်းမာရေး ဝန်ကြီးဟု ဖေါ်ပြထားခဲ့ကြောင်း ဖေါ်ထုတ်သိရှိရပါသည်..

သူ့ရဲ့ ဖုံးကွယ်မှု့ဆိုင်ရာ ကျွမ်းကျင်မှု့များအဖြစ် အီသီယိုပီးယားမှာ ဖြစ်ခဲ့ဘူးတဲ့ 2006-2009-2011 Outbreak တွေအတွက် လူတွေ သေခဲ့သော်လည်း အရည်ဝမ်းသွားခြင်းသာဖြစ်ကြောင့် လျှော့ပေါ့ကာ ဖုံးကွယ်ခဲ့ဘူးကြောင်း မှတ်တမ်းရှိပါသည်..

WHO ရာထူးအတွက် ကျိူးပမ်းစဉ်ကာလမှာ တရုတ်ပြည်ရဲ့ Harvard University လို့ပြောလို့ရတဲ့ ပီကင်းတက္ကသိုလ်မှာ ပညာရေးဆိုင်ရာ ဟောပြောပွဲအတွက် အဖိတ်ကြားခံရပြီး အပေးအယူ တချို့ရှိခဲ့ပုံပေါက်ပါတယ်.. အဲဒီနောက်မှာတော့ တရုတ်ပြည် က သူ့ကို ညွန်ချူပ်ဖြစ်ဖို့ အားတက်သရော ထောက်ခံပါတော့တယ်.. တနိုင်ငံထဲ မူဝါဒရှိပေမယ့် ကုလသမဂ္ဂ မူဝါဒအရ ထိုင်ဝမ်ကိစ္စကို သတိကြီးစွာ ကိုင်တွယ်ရမယ့်လို့ ပြောခဲ့ပါတယ်..

2017 သြဂုတ်လမှာတော့ တရုတ်ပြည်ကိုသွားပြီး WHO အတွက် သီးခြားလူဒါန်းငွေ ၅၀ % တိုးရအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ပို့စ်တင်ခဲ့တယ်.. အဲဒီအချိန်မှာ တရုတ်ရဲ့ WHO အတွက် ထည့်ဝင်ငွေ ၁၀ သန်းသာရှိပြီး အမေရိကန်က သန်း ၄၀၀ ရှိခဲ့တယ်..

2019 ဒီဇင်ဘာမှာတော့ ထိုင်ဝမ်ကနေ အခုတရုတ်ပြည်မှာ ဖြစ်နေတဲ့ ကိုရိုနားဗိုင်းရပ်စ ဟာ လူကနေ လူခြင်း ကူးစက်တဲ့အတွက် အန္တရာယ်အလွန်ကြီးကြောင်းနဲ့ သူတို့နိုင်ငံထဲမှာတွေ့နေပြီဖြစ်ကြောင်း သတင်းပို့ခဲ့ပေမယ့် မသိကျိူးကျွန်ပြုခဲ့တယ်..

(ဗီဒီယို ဖိုင်တခုမှာဆိုရင် ထိုင်ဝမ် သတင်းထောက်က WHO က ဒုတိယ ညွန်ကြားရေးမှု့တယောက်ကို ငါတို့က WHO ရဲ့ အဖွဲ့ဝင်မှ ဟုတ်သေးရဲ့လားလို့ မေးတာကို ဘာမှ ပြန်မဖြေဘဲ လိုင်းပေါ်က ဆင်းသွားတယ် ပြန်ခေါ်တော့လည်း အင်းအဲ လုပ်နေတယ်..)

2020 ဇန်နဝါရီ တရုတ်မှာ ကိုရိုနာ ထိန်မရတော့မှန်း လူတိုင်းသိချိန်မှာ သူက WHO အကြီးအကဲ တယောက်အနေနဲ့ Pandemic ကူးစက်ရောဂါမဟုတ်ဘဲ Epidemic ဒေသတွင် ကပ်ရောဂါ သာဖြစ်ပြီး တရုတ်အစိုးရအနေနဲ့ ကောင်းမွန်စွာ ကိုင်တွယ်ထိန်းချူပ်နိုင်ကြောင်း ယုံကြည်တယ်လို့ ကြေငြာချက်ထုတ်ခဲ့တယ်..

2020 ဖေဖဝါရီမှာ အခြားနိုင်ငံများက တရုတ်ပြည်နဲ့ အသွားအလာပိတ်ဖို့ အမိန့်တွေထုတ်တော့ ထိုသို့သော အလွန်အကျူးမူဝါဒတွေ မချမှတ်ဖို့တောင် ကမ္ဘာနိုင်ငံတွေကို တောင်းဆို ခဲ့ပါသေးတယ်..

2020 မတ်လမှာ ကိုဗစ် ကို ပြည်တွင်းမှာတင် ကောင်းကောင်းထိန်းချူပ်နိုင်ပြီဖြစ်ကြောင်း တရုတ်က သတင်းပို့လာတဲ့အတွက် လွန်စွာဝမ်းမြောက်ဂုဏ်ယူကြောင်း Amazing Achievement လို့သုံးပြီး သူ့တွစ်တာမှာ တင်ခဲ့တယ်.. အဲဒီနောက် ကိုဗစ်-၁၉ လို့ နာမည်ပေးပြီး ကူးစက်ရောဂါအဖြစ်ကြေငြာဖို့အတွက် တရုတ်တုန့်ပြန်မှု့ကို စောင့်နေခဲ့တဲ့အတွက် ၂ ပတ်ကနေ ၄ ပတ်အတွင် နောက်ကျခဲ့တယ်လို့ ဝေဖန်ကြပါတော့တယ်..

2020 ဧပြီလမှာတော့ အမေရိကန်စီးနိတ်လွတ်တော်အမတ် စုံစမ်းရေး ကေ်ာမရှင်အဖွဲ့ဝင် ကနေ ဒေါက်တာ တက်ထရို့စ်အနေနဲ့ ကိုရိုနားဗိုင်းရပ်စ တိုက်ဖျက်ရေးကာလမှာ တရုတ်ရဲ့ အကျိူးစီးပွားအတွက် ကမ္ဘာကို လှည့်ဖျားခဲ့ကြောင်း အထောက်အထားတွေ အများကြီး ရထားပြီးဖြစ်ကြောင်း ထ ကြေငြာပါတယ်. အဲဒီလှည့်ဖျားမှု့အောက်မှာ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတဲ့အတွက် နှုတ်ထွက်ပေးဖို့ တောင်းဆိုပါတော့တယ်..

သူကလည်း သူ့ကို နီဂရိုး လူမည်းလို့ တိုက်ခိုက်မှု့တွေတောက်လျှောက်ခံရကြောင်း အဲဒါဟာ လူမည်းထု တရပ်လုံးကို စော်ကားလိုက်တာဖြစ်ကြောင်း အသက်အန္တရာယ်အထိ ချိန်ခြောက်မှု့များပင် ရှိကြောင်း အထူးသဖြင့် ထိုင်ဝမ်က အဖွဲ့ဖြစ်ကြောင်း ထိုင်ဝမ်အစိုးရကလည်း ထိုအဖွဲ့ကို အရေးမယူကြောင်း သတင်းစာရှင်လင်းပွဲလုပ်ပြီး သူ့အနေနဲ့ ထိုတိုက်ခိုက်မှု့များကို ဂရုစိုက်မှာ မဟုတ်ကြောင်း ဖြေကြားသွားပါတယ်..

အဲဒါကြောင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ပွန်ပီယိုကလည်း WHO ကိုထည့်ဝင်နေတဲ့ငွေတွေကို ပြန်သုံးသပ်မှာဖြစ်ကြောင်းကြေငြာခဲ့ပြီး သမ္မတ ဒေါ်နယ်ထရန့်ကလည်း ငါတို့ထည့်တဲ့ငွေထက် ၁၀ ပုံတပုံဘဲထည့်ပြီး ဒီလိုအခွင့်အရေးတွေယူနေလို့ရမလား..

သူတင်မဟုတ်ဘူး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO မှာလည်း ခုထိ ဖွင့်ဖြိုးဆဲနိုင်ငံဆိုပြီး တရုတ်ကို ပေးနေရတဲ့ အခွင့်အရေးတွေကို လုံးဝလက်ခံနိုင်စရာမရှိဘူး သူများတွေ ပေးရင်ပေးမယ် ငါ့အစိုးရလက်ထက်မှာတော့ မရစေရဘူး လိုအပ်ရင် နှုတ်ထွက်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်..

သူတို့ဆိုလိုတာက ညွန်ချူပ်ပြောင်းရင် ရပြီလား WHO အဖွဲ့ကြီး တခုလုံးပျက်စီးနေတာလားဆိုတော့ မဟုတ်ပါဘူးတဲ့ WHO အဖွဲ့ကြီးကို သူ့အရင် ဦးဆောင်မှု့ပေးခဲ့တဲ့ ဒေါက်တာ မားဂရက် ချန်းဆိုတာ ဟောင်ကောင်ကျန်းမာရေးဌာနက ညွန်ကြားရေးမှု့ပါ.. တဲ့..

သူ့လက်ထက် တရုတ်မှာ SARS ဖြစ်တော့ ဟောင်ကောင်မှာ ကြိုတင်ပြင်ဆင်မှု့တွေ အချိန်စော လုပ်ပြနိုင်ခဲ့ပါတယ်.. ဒါတောင် ဟောင်ကောင်မှာ အသေအပျောက်များခဲ့ပါသေးတယ်..

သူ WHO အကြီးအကဲဖြစ်တော့ အာဖရိကမှာ အီဘိုလာဖြစ်ခဲ့တယ်.. အဲဒီတုန်းက ထိုရောဂါကို တွန်းလှန်ဖို့ ရုပ်ဝတ္တုပစ္စည်းအရကော အာဖရိက ဓလေ့ထုံးစံတွေအရရော WHO အနေနဲ့ တုန့်ပြန်မှု့အားနဲခဲ့ကြောင်း ကြေငြာဖူးခဲ့တယ်.. ရုပ်ဝတ္တုက ပိုက်ဆံပိုထည့်ပြီး ဖြည့်လို့ရပေမယ့် နိုင်ငံတနိုင်ငံရဲ့ ဝင်ရောက်ရခက်တဲ့ ဓလေ့ထုံးစံကတော့ ဘာမှ လုပ်လို့ မရနိုင်ခဲ့ဘူး..

ထိုင်ဝမ်ကို ဆက်ဆံဖို့ရာအတွက် တရုတ်ကြီးတားနေတဲ့ကြားက တရုတ်ကြီးလဲ ကျေနပ်အောင် Taiwan Province Of China ဆိုတဲ့ခေါင်းစဉ်အောက်ဆွဲထည့်ပြီး ရှဉ့်လည်းလျှောက်သာ ပျားလည်းဆွဲသာ လုပ်ပေးခဲ့တယ်..

အဲဒါကြောင့် ထိုင်ဝမ်အနေနဲ့ ကုလသမဂ္ဂတက်ဖို့ တရားဝင် အခွင့်အရေးလည်း ရခဲ့တယ်.. အဲဒါကြောင့် ဦးဆောင်မှု့အမှားတွေပေးနေတဲ့ ညွန်ချူပ်ပြုတ်ရင် WHO က ခရီးဆက်လျှောက်နိုင်ပါတယ်.. တဲ့..

အခုကတော့ အမေရိကန်တင်မကဘူး ဂျပန် ဒုတိယ ဝန်ကြီးချူပ်က World Health Organization WHO အစား China Health Organization CHO လို့ ပြောင်းသင့်ကြောင်း ရိသဲ့သဲ့ ပြောခဲ့ဘူးပါတယ်..

အကြောင်းကတော့ ကမ္ဘာလူထုရဲ့ ယုံကြည်မှု့ ပျောက်ဆုံးနေပြီဖြစ်တဲ့ WHO အဖွဲ့ဟာ ကိုရိုနာတိုက်ဖျက်ရေးအတွက် လက်ရှိသက်သာပျောက်ကင်းသွားတဲ့ တရုတ်သာလျှင် အားကိုးရာဆိုပြီး ဝါဒဖြန့် မှိုင်းတိုက်နေလို့ ဘယ်လိုမှ နားမလည်နိုင်ကြောင်းလည်း ဆိုပါတယ်..

အဲဒီအပြင်ကို ကုလသမဂ္ဂမှာ သူတို့ရဲ့ သြဇာသက်ရောက်အောင် ကဏ္ဍပေါင်းစုံကနေ ဝင်ရောက်နေကြောင်းလည်း ထောက်ပြကြပါတယ်..

ဥပမာအားဖြင့် တိဘက်အရေး ဟောင်ကောင်အရေး တီယန်မင်ရင်ပြင် ရှင်ကျန်ပြည်နယ် အရေးအခင်းတွေအရ လူ့အခွင့်အရေး လုံးဝမရှိတဲ့ တရုတ်နိုင်ငံဟာ လူ့အခွင့်အရေးကော်မရှင်ရဲ့ စုံးစမ်းစစ်ဆေးရေးမှု့ရာထူး ၁၇ နေရာ ရယူထားကြောင်း ထောက်ပြကြပါတယ်..

အထက်ပါ အချက်အလက်များအရ သူတို့တွေ တကယ်ဘဲ အချိတ်အဆက်ရှိစွာ လှုပ်ရှားခဲ့ကြသလော.. သို့တည်းမဟုတ် Blame Game သက်သက်လောဆိုသည်မှာ စဉ်းစားစရာပင် .. (ဝင်းဗိုလ်)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page