မန္တလေးတောင်အရှေ့ဖက်မှာ ဆိုင်ကယ် လမ်းကြုံလိုက်စီးတဲ့ သရဲမလေးအကြောင်း

မန္တလေးတောင်အရှေ့ဖက်မှာ ဆိုင်ကယ် လမ်းကြုံလိုက်စီးတဲ့ သရဲမလေးအကြောင်း…

တနင်္ဂနွေ နေ့ ညတိုင်း နန်းရှေ့ ရွှေကျောင်းကြီး တောင်ဘက်က ပရဟိတ ၁၀ တန်း အခမဲ့ ကျူရှင်ကို လုပ်အားဒါန Guide သွားပြသေးတယ် နေတာကတော့ အောင်ချမ်းသာ ဘက်လောက်ကပေါ့ဗျာ မန္တလေးတောင် ပတ်ပြီးသွားရတာ သိပ်တော့ မသက်သာ လှ ဘူး ဆိုင်ကယ်နဲ့ပါ ၉၅ စစ်တပ်နားကတော့ မီးတွေ ညဘက် လင်းနေတော့ Guide က အပြန် သိပ်ပြီး မကြောက်ရဘူး ကြောက်လည်း မကြောက်တတ်ဘူး ပြန်တာကတော့ ၁၁ ခွဲ ၁၂ ပဲ တစ်ခုပဲဗျ ၉၅ စစ်တပ် မရောက် ခင် မန္တလေးတောင် အရှေ့ကြော လမ်းက သိတဲ့အတိုင်း မှောင်တာမှမဲလို့ လူမပြောနဲ့ ခွေးတောင် မရှိဘူး။

လမ်း၂ ဘက်လုံး သစ်ပင်တွေ ၉၅ ဂိတ်ပေါက်ကျမှ မီးက လင်းတာ ကျန်တဲ့ နေရာက မီးမှမရှိတာ အချိန်လည်း ကြည့်ဦး ၁၁ ခွဲ ၁၂ တဲ့ ၉၅ ကွေ့က ယာဉ်တိုက်မှုဖြစ်တိုင်း မသာပေါ်တာ ခပ်များများရယ် တလောကလည်း ကောင်မလေး တစ်ယောက် သေတယ်ပြောတာပဲ ကြာပါပြီ အဲ့တုန်းကတော့ တစ်ပတ်လောက်ရှိဦးမှာပေါ့ ပြောကြတာတော့ဗျာ လမ်းကြုံ လိုက်စီးတယ် ဆိုလားပဲ ပြီးရင် ပျောက်ပျောက်သွားတာတဲ့ ကံကကောင်းချင်တော့ဗျာ ကျုပ်က ပြန်တာ တစ်ယောက်တည်း ဗျ ဆိုင်ကယ် ရှေ့မီးက ဖြစ်ချင်တော့ ပျက်နေတာ ဖုန်းမီးလေးနဲ့ဖြည်းဖြည်းလေး မောင်းရတာပေါ့။

အချိန်က ၁၁ နာရီ ၅၀ မိနစ် ကျော်လောက်ပေါ့ဗျာ ၁၂ ထိုးတော့မှာ အဲ့ချိန်မှာ ဆိုင်ကယ်က 125 ထင်တယ် လဲနေတာ လူကတော့ ကုန်းထနေတာ ယောကျ်ားတစ်ယောက်ဗျ အသက်က ၂၀ ကျော်လောက်ရှိဦး အင်္ကျ ီက လက်တိုနဲ့ ဂျင်း ကွာတားဝတ်ထားတာ အဲ့ဒါသရဲတော့ မဟုတ်ပါဘူး လူအစစ်ပါဆိုပြီး ကျုပ်ကိုကျုပ် သတိပေး လိုက်တယ် လမ်းကဘာမှ မရှိတော့ အရှေ့ ကိုက် ၂၀၀ လောက် လှမ်းမြင် နေရတာပေါ့။

အမှန်က မကြောက်တတ်ဘူး ပြောထားတဲ့ အရှိန်နဲ့မလို့ ဒါပေမယ့် သေတာက မိန်းကလေး ခုဟာက ယောကျ်ားလေး ပြောလို့တော့မရဘူး ယောကျ်ားလေးတွေ လည်း အရင်က ဂိထားတာပဲဗျ အတွေးတွေ နဲ့ တောင်တွေးမြောက်တွေးရင်း အင်္ကျ ီ အဝါ လေးနဲ့ ကောင်မလေး တွေ့လိုက်တယ် ညမလို့လား မသိဘူး ဖုန်းမီးနဲ့ထိုးမိတာ လှတာဗျာ ကံကောင်းချင် တော့ ဆိုင်ကယ်တားတာဗျ ရှေ့က လူက သရဲလား လူလား မသဲကွဲသေးဘူး ကောင်မလေးတစ်ယောက်တွေ့ရတော့ ပျော်သွားတာပေါ့ဗျာ။

ဝတ်ပုံစားပုံက အမျိုးကောင်းသမီး ပုံပါပဲ အတော်တော့ လှတယ် ချမ်းလို့လားမသိဘူး ကြက်သိန်းတွေ ထတာမှ ဖျင်းခနဲ့ ဖျင်းခနဲ ပဲ သူက အသံတိုးတိုး လေးနဲ့ပြောတယ် ညီမလေးဆိုင်ကယ် ပျက်သွားလို့တဲ့ ဘုန်းတော်တိုး ထိပ်ထိ ပို့ပေးပါ လားတဲ့ ဒါနဲ့ ကျွန်တော် မေးလိုက်သေးတယ် ဆိုင်ကယ်ရော လို့ ဘယ်ဆိုင်မှာလဲ ကျူရှင်က တပည့်တွေ ယူခိုင်း ပေးရ မလားဆိုတော့ မဖြေတော့ဘူး ဒါနဲ့မိန်းကလေး တစ်ယောက် ည၁၂နာရီ တောင်ခြေဘက် ရောက်နေတာ ဟိုလိုဟာတော့ ထင်မိတယ် ဒါပေမယ့် အဲ့အချိန်က တောင်ပြုန်းပွဲနားနီးတော့ တောင်ပြုန်း လာရင်း ဖြစ်တယ်မှတ်တာပေါ့။

ညပိုင်း သွားကြတာမှ အများကြီးပါပဲ ဒါပေမယ့် မတ္တရာ လမ်းအတိုင်းသွားကြတာ များပါတယ် ၁၁ နာရီ ၁၂ နာရီထိ ကြိုကြားကြိုကြား သွားနေကြတာလေ ဒါပမယ့် ကူညီလိုက်ပါတယ် တက်ပါညီမလေး အကိုက ကျူရှင် သင်တာပါ ဘာညာ ဆိုပြီး တက်ခိုင်းလိုက်တယ် ပြီးတော့ ခဏနော် ဆိုင်ကယ်လဲတဲ့လူ မေးလိုက်ဦးမယ် ဆိုပြီး သူ့ကို ခဏ ဆင်းခိုင်း လိုက်တယ် သူက လမ်းဘေးမှာ ရပ်နေတယ် ဖုန်းမီးလေးဘာလေးတောင် ကိုင်မပေးဘူးလို့ ကျွန်တော် အပြစ်တင်နေ တာပေါ့ စိတ်ထဲက။

ဟိုလဲတဲ့လူက တောင်ပြုန်းက ပြန်လာတာ ပွဲနေ့ဆို တိုးမရလို့ ပွဲမရောက်ခင် ကြိုသွားဆက်တာ လမ်းကျ နည်းနည်း သောက်လာတော့ မှောက်တာပါတဲ့ အဲ့လူကို ထူပေး ဆိုင်ကယ် နည်းနည်းပါးပါးကြည့်ပေးပြီးတော့ အဲ့လူလည်း ကျေးဇူး တင်ကြောင်း ပြောပြီး မောင်းသွားပါလေရော ကျွန်တော်လည်း ယောင်ပြီး ဆိုင်ကယ် ကောက်မောင်းတော့တာပေါ့ ပြီးမှ ဟိုကောင်မလေးကျန်သေးတယ် ဆိုပြီး လှည့်အကြည့် သူက ကျွန်တော့်နောက်မှာ ရုပ်ကဗျာ ဆံပင် တစ်ခြမ်းလေး ဖုံးနေ တာ လှသလားတော့ မမေးနဲ့ နောက်တစ်ခါလှည့်ကြည့်တော့ လေကနည်းနည်း တိုက်သွားတယ်ဗျ လူကို မမြင်ချင် ယောင်ဆောင်ပြီး ဆိုင်ကယ်ရှေ့ကြည့် နေလိုက်ရတယ်

တော်ရုံလူဆို ဆိုင်ကယ် မှောက်မှာ ဆံပင်တစ်ခြမ်းဖုံးနေတဲ့ဘက်ကို မြင်လိုက်ရတာကိုးဗျ မသိချင်ယောင်က လည်း ဆောင်ထားရသေးတယ် နို့မို့ဆို သူ့ကို သရဲမှန်းသိသွားပြီ ဆိုပြီး မထူးဇာတ်ခင်းပြီး ကျွန်တော့်ကို တစ်ခုခု လုပ်သွားမှာ ကြောက်တာ ဆိုင်ကယ်က မူမမှန်တော့ဘူးလေ လီဗာ ဇွတ်တင်ပြီး အသားကုန် ကြုံးတော့တာပဲ စိတ်ထဲကတော့ ပြောလိုက်တယ် ဘုန်းတော်တိုးထိပ်ရောက်ရင် ဆင်းပါတော့ဗျာ ကျုပ် ပရဟိတ လုပ် နေတဲ့ ကျူရှင်ဆရာပါဆိုပြီး ပြောမိတယ် သူက ကျွန်တော်စိတ်ထဲက ပြောတာကို ဘယ်လိုသိလဲမသိဘူး အင်းပါတဲ့ အဲ့ကျမှ သေရော ဟန်ကို မဆောင်နိုင်တော့ဘူး ရသမျှဘုရားစာ ရွတ်ဖို့ စိတ်ကူးလိုက်တယ်။

အရေးဆို သမ္ဗုဒ္ဓေ က အစမေ့နေတာ အဲ့အချိန်ဗျာ လက်အေးကြီးက ခါးလာဖက်တယ် လူကို သေချင်စိတ်ကို ပေါက်သွား တာပဲ ကျွန်တော့် အင်္ကျ ီ က ပါးပါးရယ် စာသင်တာဆိုတော့ အဖြူ စတစ် လေ လက်ကအေးစက်နေတာ ငါတော့ ဒီသရဲမ နဲ့ ညားတော့မယ် ကွာ ဆိုပြီး ကြိတ်မှိတ် နေလိုက်ရတယ် သမ္ဗုဒ္ဓေ ကလည်း စဉ်းစားလို့ကို မရတော့ဘူး သူကအာ့လိုလုပ် လိုက်တော့ သူက လူအနား တိုးပြီးကပ်ထိုင်တယ်ဗျ ကျွန်တော်တစ်ခုပဲ ပြောလိုက်တယ် မလုပ်ပါနဲ့ဗျာ ကြောက်လို့ပါ လို့ ဟုတ်တယ် လူက ချွေးတွေထွက်ပြီး ခေါင်းတွေက မူးနေပြီ အားကို မရှိတော့ဘူး။

အဲ့ဒါနဲ့ ဘုန်းတော်တိုးထိပ်လည်း ရောက်လာပါလေရော သွားပြီနော်တဲ့ ဆိုက်ကယ်လည်း ပေါ့သွားတယ် အိမ်လည်း ရောက်ရော အိမ်ရှေ့က ပန်းအိုး ဝင် ကြုံးမိတော့တာပဲ တံခါးက သော့မခတ်ပါနဲ့ ပြောထားတာ အိမ်က တနင်္ဂနွေ တိုင်း ပြောထားတာကို ခတ်ခတ်ထားတယ်လေ ခါတိုင်းကတော့ တစ်နာရီလောက် အော်နှိုးပြီးစောင့်ပါတယ် ဒီနေ့တော့ တံခါး ဆောင့်ကန်ပြီး လူနဲ့တိုက်ဖွင့်တာ ပတ္တာတွေရော ကျိုး သော့လည်း ဘယ်ရောက်မှန်းမသိ အဲ့ကျမှ အိမ်က လူတွေ နိုးပြီး ဗျောက်ဖောက် ပါလေရော သရဲတွေ့လာတာဗျ မသိရငိအသာနေ သရဲပါလာလို့ ဆိုပြီး ပြောပြောဆိုဆို ဘုရားစင်က ရေမန်းဘူးလည်း ကောက်မော့ရော ခုနက တံခါးရိုက်ချိုးလို့ ဆူမယ့်လူတွေ ပါးစပ်ပိတ်သွားပါလေရော နောက်နေ့ကစပြီး ကျုပ်မလာမချင်း တံခါးသော့မခတ် ထားတော့ဘူးဗျ သရဲမလေး ကျေးဇူးပေါ့ဗျာ…

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page