အာဆင်နယ်နဲ့ ချဲလ်ဆီးပွဲ ကြည့်ရှုရန် ဖိတ်ခေါ်မူအား ငြင်းပယ်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း
အာဆင်နယ်နဲ့ ချဲလ်ဆီးပွဲ ကြည့်ရှုရန် ဖိတ်ခေါ်မူအား ငြင်းပယ်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း…
ကျွန်တော့်တို့ရဲ့ ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းရဲ့ အကြောင်းကို ကျွန်တော်တို့ မြန်မာလူမျိုးတွေ ဟာ စာအုပ်တွေကတဆင့်သော်လည်းကောင်း ရှေးလူကြီးသူမများကတစ်ဆင့် သိရှိကြတာ များပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာနိင်ငံလွတ်လပ်ရေး ရရှိအောင် အစွမ်းကုန် ကြိုးစားခဲ့တယ်ဆို တာကို အားလုံးအသိဘဲ ဖြစ်မယ်ထင်ပါတယ်။ ထိုအကြောင်းအရာများထဲမှ လူသိနည်းတဲ့ အကြောင်းလေးကို ရေးလိုက်ပါတယ်။ အဲဒါ့ကတော့ ဗိုလ်ချုပ် အောင်ဆန်း နဲ့ ဘောလုံးပွဲအကြောင်းပါ။
ဗိုလ်ချုပ် အောင်ဆန်းဟာ ဗမာနိင်ငံလွတ်လပ်ရေးပေးဖို့ အင်္ဂလိပ်တို့ထံ တောင်းဆိုရန် အတွက် ၁၉၄၇ ဇန်နဝါရီလ ၂ ရက် နံနက် ၇ နာရီအချိန် တိတိတွင် မင်္ဂလာဒုံလေဆိပ်မှ စတင်ထွက်ခွာလာခဲ့ပါတယ်။ ၁၉၄၇ ဇန်နဝါရီလ ၉ ရက် ည ၉ နာရီ မိနစ် ၄၀ မှာ လန်ဒန်သို့ ရောက်ရှိခဲ့ပါတယ်။
(စာကြွင်း ဗိုလ်ချုပ် အောင်ဆန်းဟာ လန်ဒန်သို့ တိုက်ရိုက် မသွားဘဲ ဇန်နဝါရီလ ၂ ရက် ညနေ ၄ နာရီ ၄၀ ချိန်တွင် နယူးဒေလီ ဝယ်လင်တန် လေဆိပ်သို့ ရောက်ရှိခဲ့ကာ အိန္ဒိယ ခေါင်းဆောင်ကြီး နေရူးနဲ့ တွေ့ဆုံခဲ့ပါတယ်။ ၁၉၄၇ ဇန်နဝါရီ ၄ရက်နေ့တွင် ဗိုလ်ချုပ်ဟာ နယူးဒေလီမှ ကရာချိ ကရာချိမှ အီရတ် နိင်ငံ ဘဂ္ဂဒတ် မြို့တော်အနီး ဟီဗာနီးယား လေဆိပ် မှ လန်ဒန် စသည်ဖြင့် ထွက်ခွာ လာခြင်း ဖြစ်ပါတယ်)
ဗိုလ်ချုပ် အောင်ဆန်း လန်ဒန်သို့ ရောက်ရှိလာသည့် ၁၉၄၇ ခုနှစ်အချိန်တွင် အင်္ဂလန်နိင်ငံမှာ ဘောလုံးအားကစား ထွန်းကားနေပြီ ဖြစ်သလို ကလပ်အသင်းများ ကစားစေသည့် စနစ်မှာလည်း နှစ်ပေါင်း ၅၉ နှစ်ကြာမြင့် ခဲ့ပြီ ဖြစ်သည်။ (ထိုစဉ်က ပရီးမီယားလိဂ်အမည်ဖြင့် ကျင်းပ ခြင်းမဟုတ်)
ဗိုလ်ချုပ် အောင်ဆန်းဟာ လန်ဒန်သို့ ရောက်ရှိစဉ် ကာလအတွင်း အင်္ဂလိပ်တို့ထံမှ လွတ်လပ်ရေး ရရှိရန်သာ စိတ်ဆန္ဒပြင်းပြနေသဖြင့် အင်္ဂလိပ်တို့၏ ဘောလုံးပွဲ ကြည့်ရူရန် ဖိတ်ခေါ်မူကို ငြင်းဆိုခဲ့ခြင်းဖြစ်သည်။
အင်္ဂလိပ်တို့သည် ထိုစဉ်ခေတ်အခါများကတည်းက အခြားနိင်ငံမှ ခေါင်းဆောင်များအား အချိန်ပေးကာ သူတို့နိင်ငံ၏ အားကစားတိုးတတ်မူကို ဂုဏ်ယူဝင့်ကြွား စွာပြသလေ့ရှိသည်။
အင်္ဂလိပ်လူမျိုးများသည် သူတို့နိင်ငံ၏ ဘောလုံးအားကစား တိုးတတ်မူကို မြန်မာ ခေါင်းဆောင်များကို ပြသရန်အတွက် ၁၉၄၇ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ကစားသည့် အာဆင်နယ်နဲ့ချဲလ်ဆီးပွဲအား ရွေးချယ်ခဲ့သည့်အပြင် အစည်းအဝေး ကျင်းပချိနိကိုလည်း ဘောလုံးပွဲချိန် ညနေကိုသာ ရွေးချယ်ခဲ့သည်။
သို့သော် ဗိုလ်ချုပ် အောင်ဆန်းဟာ ဗြိတိလျှ အစိုးရနဲ့ ဆွေးနွေးရာတွင် အဆင်ပြေစေရန်အတွက် ကြိုတင် ပြင်ဆင်မူများအား အနှောင့်အယှက် မဖြစ်စေရန် ငြင်းပယ်ခဲ့ပြီး သခင်မြကိုရွေးချယ်ခဲ့သည်။ ထို့ကြောင့် သခင်မြသည် (ယခုအခေါ်အင်္ဂလန်ပရီးမီးယားလိဂ်) ကို မျက်ဝါးထင်ထင် အားပေးခွင့်ရခဲ့သော ပထမဆုံး ဝန်ကြီး ဖြစ်ခဲ့သည်။
ထရီဇာအောင်ငြိမ်းဦး
တဣသိုလ်နေဝင်း (ဗိုလ်ချုပ် အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမူ သမိုင်းစာအုပ်)