တောင်ကိုရီးယားကနေ အာဏာရှင် မြောက်ကိုရီးယားသို့ ရှားရှားပါးပါး ဘက်ပြောင်းခိုလှုံခဲ့သူတဦး
တောင်ကိုရီးယားနိုင်ငံကနေ အာဏာရှင် မြောက်ကိုရီးယားနိုင်ငံသို့ ရှားရှားပါးပါး ဘက်ပြောင်းခိုလှုံခဲ့သူတဦး..
အာဏာရှင်တိုင်းပြည်တွင် နေထိုင်ရန် ကြိုးပမ်းသော လူတစ်ဦး၏ အလွန်ရှားပါးသော ဖြစ်စဉ်အဖြစ် တောင်ကိုရီးယား နိုင်ငံသားတစ်ဦး မြောက်ကိုရီးယားသို့ ဘက်ပြောင်းခိုလှုံခဲ့သည်။ ၎င်းသည် ၁၉၈၀ ပြည့်နှစ် ကာလများက မြောက်ကိုရီးယား သို့ ဘက်ပြောင်းခဲ့သော ထိပ်တန်းအဆင့် သံတမန်နှစ်ဦး၏သား ချိုအင်ဂတ်ခ် ဖြစ်သည်။
မြောက်ကိုရီးယားပိုင် မီဒီ ယာဖော်ပြချက်အရ ချိုအင်ဂတ်ခ် သည် မြောက်ကိုရီးယားတွင် နေထိုင်မည်ဖြစ်ပြီး ကိုရီးယားနှစ် နိုင်ငံ ပြန်လည်ပေါင်းစည်းရေး အလုပ်လုပ်မည်ဖြစ်သည်။ မြောက်ကိုရီးယားမှ တောင် ကိုရီးယားသို့ ဘက်ပြောင်းသူ ပိုများသဖြင့် ယခုဖြစ်ရပ်က ရှားရှားပါးပါးဖြစ်သည်။
ကိုရီးယားနှစ်နိုင်ငံသည် သဘောတရားရေးအရ စစ်ဖြစ် နေဆဲဖြစ်ပြီး တောင်ကိုရီးယား နိုင်ငံသားများအနေဖြင့် မြောက်ကိုရီးယားသို့ အလည်အပတ်သွားလျှင် ခွင့်ပြုချက်တောင်းရန်လိုသည်။ ချိုအင်ဂတ်ခ်သည် ၎င်း၏ ခရီးစဉ်အတွက် ခွင့်ပြုချက် တောင်းခြင်းမရှိကြောင်း တောင်ကိုရီးယား၏ ပြန်လည်ပေါင်းစည်း ရေးဝန်ကြီးဌာနက အတည်ပြုခဲ့သည်။
အကယ်၍ ချိုအင်ဂတ်ခ်အနေဖြင့် အစိုးရထံမှ ခွင့်ပြုချက် မတောင်းဘဲ တောင်ကိုရီးယား ဥပဒေကို ချိုးဖောက်ပါက တောင်ကိုရီးယားသို့ ပြန်လာသည့်အခါ ဖမ်းဆီးခံရနိုင်ကြောင်း နိုင်ငံရေး ကျွမ်းကျင်သူများက ပြောသည်။
၎င်း၏မိဘနှစ်ပါးသည် ကိုရီးယားစစ်ပွဲ ပြီးဆုံးပြီးနောက်ပိုင်း မြောက်ကိုရီးယားသို့ ဘက်ပြောင်းခဲ့သော တောင်ကိုရီးယား နိုင်ငံသားများ အနက် ရာထူးအကြီးနှင့် အထင်ရှားဆုံးပုဂ္ဂိုလ်များဖြစ်သည်။