အာကာသကို ခရီးသွားနိုင်ပါပြီ၊ လူတဦးလျှင် ဒေါ်လာ ၅၅ သန်း ကုန်ကျပါမယ်
အာကာသကို ခရီးသွားနိုင်ပါပြီ၊ လူတဦးလျှင် ဒေါ်လာ ၅၅ သန်း ကုန်ကျပါမယ်
အာကာသစခန်းသို့ ပထမ ဆုံးအကြိမ် ပုဂ္ဂလိကခရီးစဉ်မှာ လိုက်ပါမယ့်သူ သုံးဦးကို ဒီနေ့ မိတ်ဆက်ပြသပြီး သူတို့ဟာ တဦးကို အမေရိကန်ဒေါ်လာ ၅၅ သန်းစီပေးရမှာဖြစ်ပါတယ်။
Axiom Space မှာ တာဝန်ထမ်းနေတဲ့ NASA အာကာသယာဉ်မှုးဟောင်းတဦးက ဒီအဖွဲ့ကို ဦးဆောင်ခေါ်သွားမှာဖြစ်ပြီး ပြင်ဆင်ချိန်တနှစ်ယူကာ ရှေ့နှစ် ဇန်နဝါရီမှာ ပျံသန်းမှု စတင်မှာဖြစ်ပါတယ်။
“ဒါဟာ နိုင်ငံတကာ အာကာသစခန်းဆီသွားမယ့် ပထမ ဆုံး ပုဂ္ဂလိက ခရီးစဉ်ပါ။ အရင် ဘယ်တုန်းကမှ မရှိဖူးသေးတဲ့ခရီးစဉ်ပါ” လို့ Axiom Space ရဲ့ အကြီးအကဲ မိုက်ကပြောပါတယ်။ ဒီခရီးစဉ်ရဲ့ ခေါင်းဆောင်ကတော့ အာကာသလောကမှာ လူသိများတဲ့ Michael Lopez-Alegria ဖြစ်ပါတယ်။ ဒီ ၃ ယောက်က အာကာသကိုသွားချင်တယ်။ ကျနော်တို့က သူတို့ဆန္ဒကို ပံ့ပိုးပေးတယ် လို့ မိုက် က ရှင်းပြပါတယ်။
ဒီအဖွဲ့ကို ဦးဆောင်ခေါ်သွားမယ့် အာကာသယာဉ်မှူးဟောင်း Lopez-Alegria ကတော့ ဒီလူတွေဟာ စွန့်ဦးတည်ထွင်သူတွေဖြစ်တယ် လို့ပြောပါတယ်။ ဟောိဝုဒ်မင်းသား တွမ်ခရုဇ် ကလည်း ဒီခရီးစဉ်မှာ အဖွဲ့ဝင်တယောက်အဖြစ် လိုက်ချင်တယ်လို့ မနှစ်က ပြောထားဖူးပါတယ်။
အာကာသကို လိုက်မယ့်သူတွေဟာ ဆေးစစ်ရမယ်၊ သီတင်း ၁၅ ပတ် လေ့ကျင့်ရေး ဝင်ရမှာဖြစ်ပါတယ်။