လကမ္ဘာသွားမယ့် အာကာသခရီးသည် ဂျပန်သူဌေးပြောပြတဲ့ အာကာသ အတွေ့အကြုံများ

အာကာသထဲခရီးထွက်တာဟာ ဒီကမ္ဘာမြေကြီးကို ပိုလို့ချစ်မြတ်နိုးတတ်လာစေခဲ့တယ်လို့ အာကာသခရီးကနေပြန်လာခါစ ဂျပန်သူဌေးပြော။

အာကာသထဲမှာ ၁၂ ရက်ကြာနေခဲ့တဲ့ ခရီးစဉ်က အတွေ့အကြုံတွေကို ပြန်လည်ဖောက်သည်ချတဲ့ ပွဲတစ်ခုမှာ ခုလိုပြောခဲ့တာပါ။

ကျနော်တို့ကမ္ဘာမြေကြီးဟာ လေ၊ ရေ၊ အနံ့နဲ့ ရာသီဥတုတွေကို ပေးတယ်လေ။ အာကာသထဲကနေ ကမ္ဘာကြီးကိုကြည့်ရတာဟာ ကျနော်တို့ ဓါတ်ပုံတွေထဲမှာ မြင်ရတာထက် အဆ (၁၀၀) မက ပိုလှပါသတဲ့။

ဒုံးပျံစီးကာစထွက်တဲ့ဖီလင်ဟာ ရိုလာကိုစတာစီးရတာလောက် ကြောက်စရာ မကောင်းပါဘူး။ ဂျပန်မှာကျည်ဆံရထား စစီးကာစက ခံစားရတဲ့ဖီလင်မျိုးပဲ၊ ငြိမ့်ညောင်းမှုကလည်း အဲသဘောပဲ၊ ပြတင်းကနေအပြင်ဖက်ကို လှမ်းကြည့်မိလို့သာ ဪ ငါတို့ယာဉ်ကြီး စတင်ထွက်ခွါနေတာပါလားလို့ သိလိုက်ရပါသတဲ့။

သူ့စိတ်ထဲ ဖြစ်လာတဲ့ဆန္ဒက ကမ္ဘာ့ထိပ်တန်းခေါင်းဆောင်တွေကို လူစုပြီး အာကာသထဲ ခေါ်သွားပေးချင်သတဲ့။ ဒါမှသာ ဒီလူတွေဟာ ကမ္ဘာမြေကြီးကို ချစ်တတ်လာပြီး သဘာဝပါတ်ဝန်းကျင်ကို မဖျက်ဆီးတဲ့လူတွေ ဖြစ်လာကြလိမ့်မယ်လို့ သူက မှတ်ချက်ပြုပါတယ်။

အသက် ၄၆ နှစ်အရွယ် ဂျပန်ဖက်ရှင်သူဌေးဟာ ဆယ်စုနှစ်တစ်ခုကျော်အတွင်း ကမ္ဘာ့ပထမဆုံး အာကာသခရီးသည်အဖြစ် မှတ်တမ်းဝင်ခဲ့ရပါတယ်။ သူဟာ အီလွန်မတ်ရဲ့ SpaceX စီးကာ လာမယ့်နှစ်ထဲမှာ လကမ္ဘာကို အလည်အပတ် ခရီးစဉ်အတွက် စာရင်းပေးထားခဲ့ပါပြီ။

Francis Zin

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page