ညစာ မစားတဲ့ ဘုန်းကြီး ရှိရင် ပြပါဆိုတဲ့ စကားကို ပြန်ချေပခြင်း (တကယ့် သာသနာ့ အာဇာနည်တွေပါ)

ညစာ မစားတဲ့ ဘုန်းကြီးရှိရင် ပြပါအုံးတဲ့ ကြည့်ဖူးချင်သလား? ညစာ စားဖို့ဆိုတာကို အသာထားလိုက်ပါ ။ အဲ့ကျောင်းတိုက်တွေမှာ ငွေတောင် ကိုင်ခွင် မရှိဘူး။ ဖုန်းကိုင်ခွင့် မရှိဘူး။ သတင်းစာတောင် စာချ ဆရာတော်တွေပဲ ဖတ်ခွင့်ရှိတယ်။

မဟာဝိဟာရ ကျောင်းတိုက် သံဃာ ၁၀၀၀ နီးပါး ရှိတယ်။ ဓူတင် ဆောက်တည်သူက ဓူတင်ဆောက်တည်။ တိစီဝရိ ဆောင်သူက တိစီဝရိ ဆောင်။ မြင်လိုက်တာနဲ့ ကြည့်နူးဖွယ်ရာ။ ဒါက မှော်ဘီမှာ ရှိတယ်။

မဟာဝိဟာရကျောင်းတိုက် (လှည်းကူး) အဲ့မှာတော့ ၄၀၀ နီးပါး ရှိတယ်။ ရွှေမကိုင် ငွေမကိုင် ဖုန်းမကိုင်ကြဘဲ။ ဖားအောက်တောရ သွားကြည့်လိုက်။ ဓမ္မဝိနယ လင်္ကာရကျောင်းတိုက်(သထုံ) သွားကြည့်လိုက်။ သံဃာ ၃၀၀ နီးပါး ရှိတယ်။ ရွှေမကိုင် ငွေမကိုင်။

အေးချမ်းသာယာ ကျောင်တိုက်သွားကြည့်။ ညစာ မစားတဲ့ ရဟန်းသံဃာတော်တွေ မြောက်များစွာ ရှိပါတယ်ကွာ။ မင်းတို့ မြင်ဖို့သာ လိုတယ်။ မင်းတို့က မစုံစမ်းဘူး။ အဲ့လို ကျောင်းတိုက်တွေကို မသွားကြဘူး။

မင်းတို့က နာမည်ကြီးတဲ့ ကျောင်းတိုက်မှ သွားကြတာ။ အဲ့မှာ လှူမှ ကုသိုလ်ရတယ်လို့ ထင်နေကြတာကိုး။ အပြင်က ရဟန်းတွေကို ကြည့်ပြီး သာသနာတော်ကို ဆုံးဖြတ်ရင်တော့ မှားလိမ့်မယ်။

Dhamma Padma

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page