သားသမီးတွေက ပစ်ထားလို့ မျက်မမြင် ခင်ပွန်းကို ဈေးရောင်းပြီး ရှာကျွေးနေရတဲ့ အသက် (၈၀) အဘွား

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ဧည့်ပြရွာက အသက်(၈၀) အရွယ် အဖွားအိုတစ်ယောက်ကတော့ မျက်စိမမြင်ရှာတဲ့ ယောကျ်ားဖြစ်သူကို ကိုယ်တိုင်ဈေးရောင်းပြီး ပင်ပင်ပန်းပန်းရှာဖွေကျွေးမွေးနေရပါတယ်။

အဖွားဟာ အသက်(၈၀)ရှိနေပေမယ့်လည်း သရက်သီး မှည့်၊ သရက်သီးခြောက်၊ သရက်ပြားတွေနဲ့အခြား စားစရာလေးတွေ ရောင်းပြီး အသက်(၇၉)နှစ်အရွယ် မျက်စိမမြင်တဲ့ ခင်ပွန်းဖြစ်သူကို ဖေးမစောင့်ရှောက်နေသူတာ ဖြစ်ပါတယ်။

သားသမီးတွေရှိပေမယ့် ဖခင်ဖြစ်သူ မျက်လုံးကွယ်တာကိုတောင် လာမကြည့်ကြတဲ့အကြောင်းတွေကိုလည်း အဖွားက ဝမ်းနည်းမျက်ရည်တွေနဲ့ ပြောပြထားပါသေးတယ်။

အငယ်ဆုံးသမီးကတော့ လာပြီး ဆန်၊ ဆီနဲ့ မီးသွေးတွေ ဝယ်ပေးပေမယ့် အဖိုးနဲ့အဖွားဟာ သားသမီးတွေရဲ့ ပစ်ပယ်မှုတွေကြောင့် ပင်ပန်းကြီးစွာ လုပ်ကိုင်စားသောက်ရင်း စားဝတ်နေရေးအတွက် လင်မယားနှစ်ယောက်အတူ ခက်ခက်ခဲခဲနဲ့ ဖြတ်သန်းနေရတာပါ။

ဒါကြောင့် ၃၇လမ်း ၇၇ ထောင့်က ဒေါ်ဖောင် ခေါက်ဆွဲဆိုင်ဘေးလေးမှာ ဈေးခြင်းလေးနဲ့ ချရောင်းနေတဲ့ အဖွားကိုတွေ့ရင် တတ်နိုင်သလောက် ဈေးဝယ်ပြီး ကူညီကြပေးကြဖို့ တောင်းဆိုတိုက်တွန်းလိုက်ပါတယ် ခင်ဗျာ။

လူမှုကွန်ရက်ပေါ်မှာ ဆင်းရဲနွမ်းပါးတဲ့ သက်ကြီးရွယ်အိုတွေကို အစဉ်အမြဲ ကူညီနေကြတဲ့ စေတနာရှင်များကိုလည်း အဘွားရှိရာ လမ်းညွှန်ပေးလိုက်ကြပါဦးခင်ဗျာ။

စေတနာရှင်အားလုံး မတောင့်မတ မကြောင့်မကြတဲ့ ဘဝ ရရှိခံစား စံစားနိုင်ပါစေလို့ ဒီနေရာကနေ ဆုတောင်း ပေးလိုက်ရပါတယ် ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page