တန်ဖိုး ရှိတဲ့ အာလူးအခွံတွေကို အလွယ်တကူ လွှင့်မပစ်လိုက်ပါနဲ့….
နည်းမသိသေးရင် အရမ်းနစ်နာပါတယ်။ အာလူးအခွံတွေကို ဒီအတိုင်း အလွယ်တကူ လွှင့်မပစ်လိုက်ပါနဲ့။ လုပ်နည်း ပြောပြပါ့မယ်…
ရေအေးအေးထဲမှာ ဆားလေးနည်းနည်းခပ်ပြီး အားလူးအခွံတွေကို တစ်ညအိပ် စိမ်လိုက်ပါ။ နောက်နေ့မနက်ကျရင် အဲ့ဒီရေစိမ်ထားတဲ့ အာလူးအခွံတွေကို ရေထဲက ဆယ်လိုက်ပါ။
ရှာလကာရည် ထမင်းစားဇွန်းနဲ့ ၂ ဇွန်း၊ သကြားတစ်ဇွန်းထည့်ပီး မွှေပါ။ ပြီးရင် ဇကာခုံးလေးထဲထည့်၊ ရေစစ်ပြီး နေပူပူမှာ ၆ နာရီကြာ လှန်းထားလိုက်ပါ။
ပြီးတာနဲ့… လေလုံပလပ်စတစ် အိတ်အမဲထဲထည့်ပြီး ထိပ်က စုချည်ထားလိုက်ပါ။ အချိန်ကျလို့ ခေါင်းလောင်းတီးပြီး မောင်းလာတဲ့ ကားစိမ်းစိမ်းကြီးတွေ့ရင် ‘အောင်ပြီ’… လို့မှတ်
အဲဟာ စည်ပင်သာယာက အမှိုက်သိမ်းကားပဲ။ အဲ့ကားပေါ်ကို ခုန အိတ်အမဲကို ပစ်တင်လိုက်ပါ။ ဒါပါပဲ။ ဒါဟာ… အာလူးအခွံတွေကို အလွယ်တကူ လွှင့်မပစ်တဲ့ နည်းလေးပါ။
လူတိုင်းလိုက်လုပ်လို့ ရပါတယ်။ မရှင်းတာရှိရင် စီဘီက လာမေးနိုင်ပါတယ်။
သန်၄ကို ၏ T4K နည်းပညာအဖွဲ့မှ ဖြန့်ဝေသည်။