အဖြူကောင် နိုင်ငံခြားသားကို အထင်ကြီးတဲ့စိတ်ကြောင့် ဒုက္ခရောက်ကြရသည့် အမျိုးသမီးများ
အဖြူကောင်မြင်ရင် အထင်ကြီးတဲ့စိတ်က မြန်မာတွေကြားထဲအရင်ကထက်ပိုဆိုးလာတယ်။ အဖြူကောင်တကောင်နဲ့တဝိုင်းထဲစကားထိုင်ပြောတယ်ဆိုရင်ပဲ သူ့ကိုယ်သူ အရမ်းကို Hype ဖြစ်နေပြီ။
အများဆုံးဘယ်နေရာမှာတွေ့ရလဲဆိုတော့ စားသောက်ဆိုင်မ။ ဟိုဘက်က အဖြူကောင်က အဲ့လောက်မဟုတ်ဘူး။ ကိုယ့် မြန်မာတွေကပိုဆိုးနေတယ်။ ဟင်းပွဲတခုမှာပြီဆိုရင် ဒီနိုင်ငံခြားသားက ဟိုဟာမစားဘူး ဒီဟာမစားဘူး ဟိုဟာမထဲ့နဲ့ ဒီဟာမထဲ့နဲ့…အဖြူကောင်နဲ့ ထိုင်တဲ့ မြန်မာမိန်ခလေးတွေဆို ပိုတောင်ဆိုးသေး။ အဲ့ အဖြူကောင်ကလွဲရင် ကျန်တဲ့ ကောင်တွေက ယောကျားပဲ မဟုတ်တော့ သလိုလို…ချေ တဲ့မျက်နှာက မေးစေ့က မိုးပေါ်ရောက်နေပြီ…ပြောတဲ့ အင်္ဂလိပ်စကားကျတော့ အိုးနင်းခွက်နင်း။ ဒီကြားထဲ လူအထင်ကြီးရအောင်လို့ အသံကိုစောင့်စောင့်ပြီးတော့ထွက်သေးတယ်။
ဘာနဲ့တူလဲဆိုတော့ အီးပါချင်ပြီး အီးမထွက်တော့ အား အား အင်း အင်း မျက်နှာကြီး ကျုံ့ပြီး အိမ်သာထဲ အီးထိုင်ညစ်နေတာနဲ့တူနေတယ်။ နိုင်ငံခြားသားအထင်ကြီး လွန်းလို့ စလုံးမ တယောက် ဘယ်လို ဒုက္ခနဲ့ ကြုံရလဲဆိုတာလေး ရှဲပါရစေဗျာ။ လွန်ခဲ့တဲ့ ၉ နှစ်လောက်က အဖြစ်အပျက်လေးပါ။ စင်္ကာပူးရီးယန်း တွေက အဖြူကောင်တွေကို အာမိုး လို့ခေါ်တယ်။ အဖြူကောင်တွေ့ပြီဆိုရင် ဘယ်ကလာတဲ့ အဖြူပဲ ဖြစ်ဖြစ် နေရင်းထိုင်းရင်ကို အထင်နေကြီးနေတာ။ ဒါကို အဖြူကောင်တွေက ကောင်းကောင်းသိတယ်။ အဲ့အဖြူကောင်က ယူကရိန်းက လာတာ။ အင်္ဂလိပ် စကားဆိုလည်း လေးလုံးကွဲအောင်တောင် ပြောတတ်တဲ့ကောင်မဟုတ်ဘူး။ စင်္ကာပူ ကို Visit နဲ့ လာပြီး အလုပ်လာရှာတာ။ အိပ်ထဲမှာ ဒေါ်လာ ၅၀၀ တောင် ပြည့်အောင်ပါတဲ့ကောင်မဟုတ်ဘူး။
အဖြူကောင်အထင်ကြီးတဲ့ တိုင်းပြည်ဆိုတော့ Europe ဘက်ကလာတဲ့ လူဆိုရင် Stay က ၆ လထိရတယ်။
ဒီနေရာမှာ စကားစပ်လို့ ပြောရအုံးမယ်။ ကျနော်တို့ ရွှေတွေ (မြန်မာတွေကိုရွှေလို့ စလုံးမှာခေါ်ပါတယ်) အလုပ်လာရှာတယ်ဆိုရင် Stay ၁ လ ရဖို့တောင် ဘုရားတရား တနေရတယ်။ ၁ လပြည့်လို့ Extension ရရင်ရ မရရင် Stay ရှောင် ဒါမှမဟုတ် ပြည်တော်ပြန်ပဲ။
ထားပါတော့ဗျာ…လိုရင်းကိုသွားကျရအောင်။ အဲအဖြူကောင်က ၆ လအတောအတွင်းမှာ စလုံးမ တယောက်ကို ရအောင်ရှာတယ်။ ဘယ်ပြောကောင်းမလဲ အဖြူကောင် အထင်ကြီးတဲ့ စလုံးမတွေ နဲ့ဆိုတော့…ချီးတွင်းထဲ လောက်ကျသလိုပဲ…လောက်ကလည်း ချီးလေးတွေစားပြီး ပျော်တာပေါ့။ နောက်ဆုံ စလုံးမ တယောက်ရဲ့ အထောက်အပံ့ယူတယ် အဲ့စလုံးမနဲ့ တူတူနေကျတာပေါ့။ လူက ပညာ အရည်အချင်း က မရှိ ဘာမှလည်း မယ်မယ်ရရ မတတ် အင်္ဂလိပ် စကားကလည်း လေးလုံးမကွဲ နဲ့ ၆ လ Stay ကလည်းပြည့်တော့ ပြန်ရပီလေ။
စလုံးမက အဲ့ ယူကရိန်း အဖြူကောင် ကို အပိုင်ရပီဆိုပြီး ချိုင်လိုက်တာ နောက်ဆုံး ဗိုက်တလုံး နဲ့ ကျန်ခဲ့ပါလေရောဗျာ။ မတတ်နိုင်ဘူး အဖေမရှိတဲ့ ခလေးဆိုတော့ ဖြတ်ချပလိုက်တယ်။
ဆိုလိုချင်တာက ခုကျနော်တို့ဆီမှာ အဲ့နိုင်ငံခြားသားအထင်ကြီးတဲ့ ပိုးက တော်တော်ဆိုးနေပြီ။ မိန်းခလေး တင်ပဲလားဆိုတော့ မဟုတ်ဘူး ယောကျားလေးတွေပါ အဲ့ပိုးဝင်နေတာ။ နိုင်ငံခြားသားနဲ့များ Restaurants တို့ Bars တို့မှာတွေပြီဆိုရင် လူအထင်ကြီးအောင်လို့ အော်အော်ပြီးတော့ ပြောတာ လိပ်ခေါင်းဆေးတောင် သွားပေးရမလားမှတ်တယ်။
တကယ်ပညာတတ် တကယ် Professional ကျကျ နဲ့ သူနိုင်ငံမှာ Income ကောင်းကောင်းရနေတဲ့ အဖြူကောင်တွေဟာ ကျနော်တို့လို 3rd World Country မှာ အလုပ်ကို လာမလုပ်ဘူး။ (လာလုပ်တဲ့ လူတွေတော့ရှိပါတယ် ဒါပေမဲ့ ရှားတယ်)
အဖြေကရှင်းပါတယ်။ သူတို့ ဒီမှာ အလုပ်လာလုပ်တယ်ဆိုတာ သူလို ကိုယ်လိုလူတွေကြီးပဲ။ သူ့အရည်အချင်း ကိုယ့်အရည်းချင်း ဘာမှ ကွာတာမဟုတ်ဘူး။ ခုနောက်ပိုင်းဆို ကိုယ်တွေကတောင် သူတို့ထက်ပိုသာအုံးမယ်။ သူ့နိုင်ငံမှာတိုးလို့မရလို့ အဖြူကောင်အထင်ကြီးတဲ့ ကိုယ်တွေနိုင်ငံလာပြီး အခွင့်အရေးလာရှာတာလည်းဖြစ်နိုင်တာပဲ။ အဲ့တော့ ကိုယ်ရွှေ ကိုယ်မျိုး တွေ အဖြူကောင်အထင်ကြီး ဖူးဖူး နဲ့ မှုတ်ထားပြီး ကိုယ့်လူမျိုးအချင်းချင်း ကျတော့ မတူသလို မတန်သလို မဆက်ဆံပါနဲ့လို့။ အထူးသဖြင့် အဖြူကောင်အထင်ကြီးတဲ့ ရွှေမတွေပါ။ ချီးတွင်းထဲကျတဲ့လောက်က ချီးစားပြီး အချိန်တန် အိမ်ပြန်သွားရင် အစောက စလုံးမ လို ဗိုက်တလုံးနဲ့ ကျန်ခဲ့နေအုံးမယ်လို့။
အမှန်တရားပြောရင်လူမုန်းတယ်ဗျ.. ဒါပေမဲ့ကျနော်ပြောတာစေတနာအမှန်တရား.. အနာပေါ်ဒုတ်ကျရင်တော့နာမှာပဲလေ..
Zayer Lynn