စည်ပင်က ခဏခဏ ဖမ်းလို့ အရင်းပြုတ်ပြီး သူများဆီက တောင်းစားနေရတဲ့ (၇၀) ကျော်အဖိုး
အဖိုးတို့ …သူများတွေဆီ တောင်းစားနေရတာ တပါတ်ကျော်ပြီ
အဖိုး အသက် (၇၀)ကျော်… အဖွား နှင့် မြေး (၃)ယောက်ဖြင့်နေတယ်။ ပန်းဆိုးတန်း City Express ဘေးမှာ ခေါင်းစည်းကြိုး ကလစ်တွေ ရောင်းတယ်။
အဖိုးရေ…ခေါင်းစည်းကြိုးတွေ ဘယ်လိုရောင်း၊ သားရေ…အဖိုးပြမယ်နော်… အိတ်နဲ့က တခု – ၁၀၀၀ ကျပ်အသေးလေးတွေက တခု – ၂၀၀ ကျပ်၊ သား ရွေးလေနော်…သမီးလဲ ရွေးနော် ကြိုက်တာ
အဖိုး အရင်က ဆိုင်လေး ခင်းပြီ ရောင်းတာမလား…ခု ဘယ်လိုဖြစ်တာလဲ၊ သားရယ် သက်ဆိုင်ရာတွေက လာလာဖမ်းတာ…အဖိုး အဖမ်းခံရတာ (၃)ခါကျော်ပြီ။ အဖိုး အရင်းပါ ရှုံးပြီ…မိသားစု အိမ်မှာ ဆန် နဲ့ ဆီ မရှိတာ တပါတ်ကျော်ပြီ
ခုလဲ သူတို့ကို ကြည့်နေရတာ…သူတို့က မိုးချုပ်မှ ပြန်ကျတာ၊ အဖိုးတို့ မြေးဖိုးတွေ..သူများဆီက တောင်းစားနေရတာ တပါတ်ကျော်ပါပြီ သားရယ်။ ခု နောက်ဆိုင်ကလဲ အဖိုးကို ထမင်းကျွေးလို့ အဖိုး အသက်ရှင်နိုင်တာ
ဟုတ် အဖိုး…ဒါဆို သားတို့ ယူမယ်နော်…ခု ရွေးထားတာ ဘယ်လောက်ကျလဲ ဟင်၊ (၈)ထောင်ပဲ ကျတယ် သားရယ်…(၁)သောင်းဖိုး ပြည့်အောင် ယူပေးပါလား သားရယ်၊ ယူမှာပေါ့…အဖိုးပဲ ထည့်ပေးတော့၊ ရော့ အဖိုး ၁၀၀၀၀၀ ကျပ် အိမ်အပြန် ဆန် နဲ့ ဆီ အပြည့်ဝယ်ပြီ ပြန်ပါနော်။
ဟာ ဝမ်းသာလိုက်တာ…အလ္လာက သားကို အဖိုးဆီ လွှတ်လိုက်တာ…အဖိုး တကယ် ဒုက္ခရောက်နေတာပါ သားရယ်။ ရပါတယ် အဖိုးရယ်…အဖိုး အိမ် ဂရုစိုက်ပြန်နော်…အဖိုး လိုတာတွေ ဝယ်သွားပါနော်။
တကယ် ကျေးဇူးတင်ပါတယ် သားရယ်…သား ကယ်လို့ အဖိုးတို့ မိသားစု ရှေ့ဆက် အသက်ဆက်နိုင်ပြီ သားရယ်။ ရပါတယ် အဖိုးရယ်… ဂရုစိုက်ပြန်ပါနော်
(ကျနော်တို့နှင့်အတူ ပူးပေါင်းပါဝင်လှူဒါန်းပေးကြသော (၇)ရက်သားသမီးများကို အဖိုးကိုယ်စား ကျေးဇူးတင်ပါတယ်ဗျ)
ဪ…အဖိုးရယ်…အဖိုးရဲ့ စကားသံတွေမှာ ဝမ်းနည်းသံတွေကြောင့် ကျနော်တို့ပါ မျက်ရည်ကျရတယ်။
ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ