၁၉ လမ်းထိပ်မှာ တနေကုန် ထိုင်ရောင်းလို့ ဈေးဦးမပေါက်ဘဲ ဖြစ်နေတဲ့ အဘွားရဲ့ မျိုးစေ့ဆိုင်လေး
အဖွား ရောင်းရရဲ့လား လို့ မေးကြည့်တော့..” သားရေ မရောင်းရတာကြာလှပေါ့။ မင်းအရှေ့မှာ မြင်တဲ့အတိုင်းပဲ မျိုးစေ့အထုတ်တွေက ပုံနေတာသာကြည့်ပါ။ ဒီအချိန်မှာ ဒီလိုပဲ ဝမ်းရေးက မလွယ်ဘူး သားရေ” လို့ ပြောပြပါတယ်။
သီးပင်စားပင် စိုက်ရတာ ဝါသနာပါသူတွေအနေနဲ့ အဖွားဆိုင်လေးက မျိုးစေ့လေးတွေ လမ်းကြုံရင် ဝယ်ယူအားပေးကြပါလို့ လမ်းညွှန် ချင်ပါတယ်။
လီလီ ပန်းပင် မျိုးဥ တွေလည်း ရပါတယ်။ တစ်ဥ ကို ၅၀၀ ကျပ်ပါ။ သီးပင် စားပင် မျိုးစေ့ထုတ်လေးတွေကတော့ ၂၀၀ ကျပ် အထုတ်လေးတွေကနေ ၁၀၀၀ ကျပ်အထိ အစားစားရှိကြောင်းသိရပါတယ်။
ယခုလိုကာလမျိုးမှာ ဆိုင်ကြီးတွေတောင် ငုတ်တုပ်ထိုင်နေရတဲ့ အချိန်မှာ လမ်းဘေးဈေးသည်တွေအနေနဲ့ စားဖို့ သောက်ဖို့တောင် အနိုင်နိုင် ဖြစ်အောင် ရောင်းချနေရပါတယ်။
သက်ကြီးရွယ်အိုတွေ အနေနဲ့ လမ်းဘေးမှာ ဈေးရောင်းရတာ ရာသီဥတုရော၊ တခြား အခက်အခဲတွေနဲ့ရော အများကြီး ကြုံတွေ့ရပါတယ်။ အဲဒါကြောင့် သက်ကြီးရွယ်အို အဘိုးအဘွားတွေ ဈေးရောင်းနေတာ တွေ့ရင် ၅၀၀၊ ၁၀၀၀ ကိုယ်နိုင်သလောက်လေး ဝယ်ယူ အားပေးကြပါလို့ ဒီနေရာကနေ တိုက်တွန်းလိုက်ရပါတယ်ဗျာ။