နောင်အနာဂတ်မှာ အသက်ပြန်ရှင်ဖို့ မျှော်လင့်ချက်နဲ့ မိန်းမကိုယ်ခန္ဓာတွေကို အေးခဲသိမ်းဆည်း
တရုတ်နိုင်ငံတွင် နောင်အနာဂတ်မှာ အသက်ပြန်ရှင်ဖို့မျှော်လင့်ချက်နဲ့ အမျိုးသမီးကိုယ်ခန္ဓာတွေကို အအေးလွန်စနစ်နဲ့ သိမ်းဆည်း။
တရုတ်ပြည် Shandong ပြည်နယ် Yinfeng Life Science Foundation က သေသွားတဲ့လူကို တနေ့နေ့မှာပြန်ရှင်နိုင်မယ့်မျှော်လင့်ချက်နဲ့ အအေးလွန်နည်းပညာ crynoics procedure သုံးပြီး သိမ်းဆည်းထားပါတယ်။ အနာဂတ်မှာဆေးပညာတွေတိုးတက်လာပြီး သေဆုံးသွားတဲ့လူကိုတောင် ပြန်အသက်ရှင်အောင်လုပ်နိုင်လိမ့်မယ်လို့ ယူဆနေကြပါတယ်။
၂၀၁၇ မေလ ၈ ရက်နေ့မှာ Zhan Wenlian ဆိုတဲ့ အသက် ၄၉ နှစ်အရွယ်အမျိုးသမီးနှလုံးရပ်ပြီး ငါးမိနစ်မပြည့်ခင်မှာ life support system ကိုတင်ခဲ့ပါတယ်။ ဗရိန်းဒက် (ဦးနှောက်အလုပ်မလုပ်တဲ့သူ) လို့ခေါ်တဲ့ လူကအသက်မရှိတော့ပေမယ့် ကိုယ်ခန္ဓာကဆဲလ်တွေ မသေအောင်လုပ်ထားတာပါ။
ပြီးတာနဲ့ အမေရိကန်ပြည်ထောင်စု Aaron Drake of the Alcor Life Extension Foundation နဲ့ Yinfeng Life Science Foundation တို့စီစဉ်ထားတဲ့ ဓာတ်ခွဲခန်းထဲကိုပို့ပြီး အအေးဓာတ် -190 degree C အောက်ရှိတဲ့ အလုံပိတ်ပြွန်ကြီးထဲ ထည့်လိုက်ပါတယ်။ အဲ့လိုလုပ်တဲ့အခါမှာ အအေးဓာတ်လွန်ကဲပြီးဆဲလ်တွေမပျက်စီးရအောင် ကိုယ်ခန္ဓာထဲကိုဆေးထိုးထည့်ရပါတယ်။
ပြီးတော့ အဲ့ဒီ -190 degree C အအေးဓာတ်ထားတဲ့လုပ်ငန်းစဉ်က ၃ ရက်လောက်ကြာပါတယ်။
မေလ ၁၀ ရက်နေ့ကစပြီး လီတာ ၂၀၀၀ ဆန့်အလုံပိတ်ပြွန်ကြီးထဲမှာ Zhan Wenlian ကို နိုင်ထရိုဂျင်ဓာတ်ငွေ့ရည်သုံးပြီး အအေးဓာတ် – 192 C နဲ့ – 195 C ကြားမှာထိန်းသိမ်းထားပါတယ်။
Zhan Wenlian က အဆုတ်ကင်ဆာဖြစ်နေချိန်မှာ သူ့ယောက်ျားက Foundation ကိုဆက်သွယ်ခဲ့တာဖြစ်ပြီး သူမ မသေခင်မှာ အဲ့လိုသိမ်းထားပေးမယ်ဆိုတာသိသွားခဲ့ပါတယ်။ အခုထိန်းသိမ်းတာဟာ စရိတ်စကအလွန်ကြီးပြီး Foundation က အကုန်အကျခံပေးထားပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာ ထိန်းသိမ်းထားနိုင်ပြီး သူမရဲ့ကိုယ်ခန္ဓာအခြေအနေကိုစောင့်ကြည့်သွားမှာဖြစ်ပါတယ်။
ကျနော်ပြောလိုတာက အခုအခါမှာ နည်းပညာဆန်းသစ်မှုတွေကအလွန်များလာပါပြီ။ လူ့အသက်ကို ၁၄၀ အထိရှည်နိုင်ဖို့ ကုမ္ပဏီတစ်ခုကလည်း ကြိုးစားနေပါတယ်။ အခုအအေးလွန်နည်းပညာမှာ လူသားတွေအတွက်အသုံးဝင်နိုင်တာက ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို လှုဒါန်းသူရှိရင် တနေ့ပြန်သုံးလို့ရအောင်ထိန်းသိမ်းနိုင်ခြင်းဖြစ်ပါတယ်။
ဗရိန်းဒက် လို့ခေါ်တဲ့ ဦးနှောက်အလုပ်မလုပ်တော့ပဲ နှလုံးခုန်တာရပ်ပြီးသေဆုံးသွားတဲ့လူကို အသက်ပြန်ရှင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါ။ ဒါပေမယ့်နောင်နှစ်ပေါင်းများစွာကြာတဲ့အခါမှာ မပြောနိုင်ပါ။ Foundation ကတော့ ဖြစ်နိုင်တယ်လို့ဆိုထားပါတယ်။
ဒီသတင်းရေးတော့တွေးမိတာက တချို့ကတော့ကျနော့်ကိုပြောပါလိမ့်မယ်။ “တို့ဘကြီးအခုထိ မသေနိုင်သေးလို့ဟာကိုကွာ.. နည်းပေးလမ်းပြတွေ မလုပ်စမ်းပါနဲ့။ “အနာဂတ်အတွက်ရတက်မအေးလို့ပါ” လို့ တချို့ကဆိုချင်ဆိုနေကြမှာပါ။
Richard Myo Thant