တရားသဘောတွေ ပြည့်နေတာလား၊ ပျင်းတာလား ပြောရခက်တဲ့ ရွှေမြန်မာတွေရဲ့ အနာဂါတ်
တရားသဘောတွေ ပြည့်နေတာလား၊ ပျင်းတာလား ပြောရခက်တဲ့ ရွှေမြန်မာတွေရဲ့ အနာဂါတ်…
ကျွန်တော် ၁၉၉၅-၉၆ ခုနှစ် ရော်ဘာစစိုက်တော့.. တခုစပြီးသတိထားမိတာ.. ကျွန်တော်ခြံက အလုပ်သမားတွေ ကိုယ်ပိုင်စားပင်သီးပင် မစိုက်ချင်ကြဖူးခင်ဗျ.. တရားသဘောပိုပြည့်တယ်လို့တောင် တင်စားရမလိုလို… ဘာမှမမြဲဘူး.. ငါသေရင်ထားခဲ့ရမှာ.. လို့များတွေးနေသလားမသိဘူး၊ စစိုက်တုန်းက ရထားတဲ့ ဧက ၂၀၀ မှာ သူတို့အိမ်ဝိုင်းလေးတွေ ကိုယ့်ဟာကိုယ် ပေ ၄၀ ပတ်လည်လောက် ခြံခတ်ခိုင်းပါတယ်။ အိမ်တလုံးစာ.. တိုင်.. ထရံ.. အမိုးတွေကိုလည်း ပြည့်စုံအောင်ချထားပေးပါတယ်။ ကိုယ့်အိမ်ဝိုင်းထဲမှာ စားပင်သီးပင်စိုက်ခိုင်းပြီး ကိုယ်စိုက်တာကိုယ်စားရမှာ အတွေးမျိုးဝင်အောင် လုပ်ခိုင်းပါတယ်။
မစိုက်ကြဖူးဗျ.. ဘယ်လိုမှပြောမရတဲ့အဆုံး.. အိမ်ဝန်းအလိုက်ပြိုင်ပွဲ လုပ်ပေးပါတယ်။ အအောင်မြင်ဆုံး သီးပင်စားပင်စိုက်နိုင်တဲ့ လုပ်သားကို ပထမဆု ၃၀၀ဝိ.. ဒုတိယဆု ၂၀၀ဝိ.. တတိယဆု ၁၀၀ဝိ ပေးမယ်.. ကိုယ်ခြံထဲကထွက်တဲ့ အသီးအနှံတွေကိုလည်း သူတို့စိတ်ကြိုက်စီမံရောင်းချနိုင်တယ်လို့ ကြေငြာပြီး သူတို့လိုတဲ့ ဘူးဖရုံမျိုးစေ့တွေကို ရန်ကုန်ကဝယ်ပြီးချထားပေးပါတယ်။ အဲဒီတုန်းက နေစားအလုပ်သမားခဟာ တနေ့မှ ၁၀ဝ ကျပ်ပါ။ ၃၀၀ဝ ကျပ်ဆိုတဲ့ ဆုကြေးအပြင် ရရှိလာတဲ့ အသီးအရွက်တွေကိုလဲ.. သူတို့စားချင်စားရောင်းချင်ရောင်း စီမံခွင့်ရှိပါတယ်။ ကျွန်တော်မယူပါဘူး။
ဆုကြေးရမယ်ဆိုတော့ အပြိုင်အဆိုင်စိုက်လိုက်ကြတာ.. ကျွန်တော်မယူပါဆိုပေမဲ့.. ကားအပြန်မှာ တင်ပေးလိုက်တဲ့ ဘူးသီးတွေ အသီးအရွက်တွေအစုံပါဘဲ.. သတ်မှတ်အချိန်မှာ ခြံမန်နေဂျာတွေနဲ့အမှတ်ပေးပြီး ဆုပေးခဲ့ပါတယ်။
အိုကေသွားပြီ.. နောက်နှစ်တွေစိုက်ရင် စားရမှန်းသိသွားရင် စိုက်ကြမှာတွေးပြီး.. ဆုကြေးမထုတ်တော့ဘူးဗျ…၏
မှားသွားတယ်.. မစိုက်ကြဘူး.. လူတိုင်းတော့မဆိုလိုပါ.. စိုက်ပျိုးရေးသမားဘ၀ နှစ်ပေါင်း ၂၀ ကျော်ဖြတ်သန်းလာတဲ့အခါ.. ခြံထဲကလုပ်သားထဲမှာ စိုက်ချင်သူဆိုတာ ၁၀% တောင်ရှိပါ့မလားမသိဘူး.. ဘူးတပင်မစိုက်ချင်ဘူး.. သူများစိုက်ရင် ဘူးသီးလေးတောင်းစားမယ်.. ဘူးညွန့်လေးတောင်းစားမယ်.. မပေးရင်စိတ်ဆိုးမယ်.. ဒါလေးတောင် ကပ်သပ်ရသလားဆိုပြီး.. စောင်းမြောင်းမယ်.. စိုက်တဲ့သူကလဲ.. ကိုယ့်ပစ္စည်းနဲ့ ကိုယ်အမုန်းခံရလို့ နောက်မစိုက်တော့ဘူး…
ကျွန်တော့်ခြံမှာ ဝါးဘိုးတရုံဖြစ်ဖို့နည်းလမ်းမသိတော့ ၃ နှစ်လောက်အမျိုးမျိုးစိုက်ပြီးမှ သိလာတဲ့အခါ ဝါးကိုမျိုးစုံ ၁၀ မျိုးထက်မနဲခြံထဲမှာစိုက်ထားပြီးပါပြီ.. စစိုက်စိုက်ချင်းမန်နေဂျာနဲ့ နီးနီးတွေမှာ စိုက်ရပါတယ်။ မျှစ်ထွက်လာရင် ချိုးစားမှာစိုးရိမ်လို့ပါ။ ခုဆိုဝါးဘိုးရုံ ၂၀ လောက်ဖြစ်လာပြီ.. ခြံထဲကတဲများအတွက် လိုတဲ့ဝါးအစုံကိုခြံထဲကဘဲ ရနိုင်ပြီ ဆိုတဲ့အခါ.. ဝါးဘိုးမျှစ်ကို ချိုးသင့်တာချိုးပြီးတခြံလုံး ဝေမျှစားဖို့ မှာလို့ရပါပြီ.. သရက်သီးရာသီ ပိန္နဲသီး တွေဆိုရင်လဲ ဝေမျှစားစေပါတယ်။
မျှော်လင့်ထားသလိုပါဘဲ.. ဝါးနက်ရုံတွေတံမြက်စည်းကိုင်းဘောရုံတွေဖြစ်လာပြီး.. မြေတားနံရံတွေဖြစ်လာပြီးဖို့ မြေတွေပြိုမကျအောင် ဝါးရုံတွေက ထိမ်းထားနိုင်ပါတယ်။ ဝါးနက်ရုံတွေလဲဖြစ်လာပါပြီ.. လာပါပြီ.. အနားက ရွာတွေကလူတွေ.. ခြံထဲဝင်ပြီး.. စားမကောင်းဆုံး ဝါးနက်မျှစ်တွေကို လာချိုးတော့ Zone တာဝန်ခံက စာတွေရေးပြီးတားမြစ်ရပါတယ်။
အရမ်းစိုက်ရလွယ်တဲ့ ဝါးနက်ကို ကိုယ့်ရွာကအိမ်နားတွေမှာ မစိုက်ဘဲ.. ဝါးနက်တလုံးကို လိုရင် ၂၀၀ဝ ကျပ် ပေးဝယ်သုံးပါတယ် ။ ဝါးဘိုးဝါးတလုံးကို ၅၀၀ဝ ကျပ်လောက် ဝယ်သုံးတယ်လို့ သိရပါတယ်။
အားလုံးသုံးသပ်ပြောရရင်.. မသိတာလား.. ပျင်းတယ်ပြောရမလား.. ဒီလိုလူမျိုး (ကျွန်တော်တို့ နိုင်ငံသား) အများစုနဲ့ ဘယ်အစိုးရဘဲ တက်တက်.. အလုပ်လုပ်ဖို့ထက်.. အခွင့်အရေးတောင်းဖို့ဘဲ သိနေကြသူတွေ.. ရွှေပြည်တော်.. မျှော်တိုင်းဝေးနေမယ် ထင်ပါတယ်။
(Myo Thant)