အမြန်လမ်း ၁၁၅ မိုင်ဂိတ် ပြန်ဖွင့်ခြင်းနှင့် နေပြည်တော် လက်ရှိအခြေအနေ

အမြန်လမ်း ၁၁၅ မိုင်ဂိတ် ပြန်ဖွင့်ခြင်းနှင့် နေပြည်တော် လက်ရှိအခြေအနေ

ရန်ကုန်ဘက်မှလာသော မော်တော်ယာဉ် များအား ၁၁၅ မိုင်တွင် နံနက် ၉ နာရီမှ ၁၂ နာရီအထိ ကျန်းမာရေးထောက်ခံချက်မပါသည့် မော်တော် ယာဉ် များအား စစ်‌ဆေးပြီး ကျန်းမာရေထောက်ခံချက် မပြနိုင်သော မော်တော်ယာဉ်များကို ဖြတ်သန်ခွင့်မပြုခြင်းဖြစ်ပါတယ်။

ရန်ကုန်ဖက်မှ လာသောမော်တော်ယာဉ်များသည် ကျန်းမာရေးထောက်ခံချက် မပြနိုင်ပါက ရန်ကုန် – မန္တလေးအမြန်လမ်း ၁၁၅ မိုင်အား ဖြတ်သန်းခွင့်ရမည်မဟုတ်ပဲ ပြန်လှည့်ရမည်ဟု ယင်းဂိတ်တွင် စစ်ဆေးနေ့သည့်တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

၃ ယောက်အောက် အိမ်စီးကာတွေတော့ ဖြတ်ခွင့်ပေးတယ် ၃ ယောက်ထက်ကျော်ရင်တော့ ကျန်းမာရေးထောက်ခံချက် ပြရမယ် မပြနိုင်ရင်တော့ ဖြတ်ခွင့်မပြုဘူး ပြန်လှည့်ရမယ် အခုတော့ ကျန်းမာရေးထောက်ခံချက် မပါလည်း အာလုံးကို ဖြတ်သန်းခွင့်ပြုလိုက်ပြီဟု ၎င်းက ပြောကြားပါတယ်။

၁၁၅ မိုင်တွင် အဖွဲ့ပေါင်းစုံဖြင့် ရန်ကုန်မှ နေပြည်တော်သို့ သွားမည့်ကားများ ကိုဗစ်ကာကွယ်တားဆီးရေးအတွက် ယနေ့နံနက် ၉ နာရီမှ စတင်စစ်ဆေးနေခြင်း ဖြစ်ပါတယ်။

နေပြည်တော်အခြေအနေ မေးကျလွန်းလို့ပါ မနက်က ကျွန်တော်တို့မင်းသီဟမှာ ဆန်ပြုသွားသောက်တယ် ဂျိုကောင်ကြီးကြော်ငြာပေးလို့ အရမ်းကောင်း ကြုံရင်ဝင် သောက်ပါနော်။

မနက် လိုက်တရက် ကားအစီး ၃၀လောက် လှည့်လည်တယ် သီချင်းတွေဖွင့်ကကြတယ် တီးလုံးတွေမြူးတယ် ရဲတွေလုံခြုံရေးချထားတာ မြင်ရတယ် လုံခြုံရေးရဲမေတွေတော်တော်ချောလာတယ်။ တတိယအကြိမ် လွှတ်တော်တက် မဲ့ကိုယ်စားလှယ်တွေ ကိုဗစ်ကာကွယ်ဆေးထိုးကျတယ် ။

သမ္မတရုံးသတင်းစာရှင်းလင်းပွဲမရှိပါဘူး လွန်ခဲ့တဲ့ ၂ ရက်လောက်က လုပ်နိုင်တယ်လို့တော့ ပြောသံကြားတယ် သမ္မတရုံးကလဲ သောကြာနေတိုင်းလုပ်တာမဟုတ်ဘူး ဦးဇော်ဌေးအားတဲ့အခါ လုပ်လေ့ရှိတယ် ဒီနေ့တော့မရှိလောက်တော့ဘူး အခုထိဖိတ်တာမတွေ့ရလို့ပါ။

ဆရာဝန်တွေဆေးကုနေတယ် ရုံးဝန်ထမ်းတွေ ရုံးတက်နေတယ် ကျွန်တော်လို့ လက်လုပ်လက်စားတွေ အလုပ်လုပ်နေရတယ်။

ကျွန်တော်တို့လဲအကုန်မသိနိုင်ဘူး။ အားလုံးကတော့ ပုံမှန်အနေအထားပဲလို့ ယူဆနိုင်တယ်။ (အောင်သူရ)

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page