အမေရိကန်သင်္ဘောတွေရောက်နေတဲ့ တောင်တရုတ်ပင်လယ်မှာ တရုတ် စစ်ရေးလေ့ကျင့်မည်

အမေရိကန်သင်္ဘောတွေရောက်နေတဲ့ တောင်တရုတ်ပင်လယ်မှာ တရုတ် စစ်ရေးလေ့ကျင့်မည်

အငြင်းပွားရေပိုင်နက်အတွင်း အမေရိကန်လေယာဉ်တင်သင်္ဘောအုပ်စု ဝင်ရောက်မှုကို အမျက်ဒေါသထွက်ခဲ့ သည့် တရုတ်နိုင်ငံက ယခုအပတ်အတွင်း တောင်တရုတ်ပင်လယ်အတွင်း စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်မယ်လို့ ပြောကြားလိုက်ပါတယ်။

တရုတ်နိုင်ငံ ပင်လယ်ရေကြောင်းဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်သည့် သတိပေးချက်တစ်ခုအရ ဇန်န ဝါရီလ ၂၇ ရက်မှ ၃၀ ရက်အတွင်း တုံကင်းပင်လယ်ကွေ့ ရေပိုင်နက်နယ်မြေအချို့မှ တရုတ်နိုင်ငံ အနောက် တောင်ပိုင်း လီကျိုးကျွန်းဆွယ်အနောက်ပိုင်းအထိ သင်္ဘော၊ လှေများဝင်ရောက်ခွင့် ပိတ်ပင်ထားပါတယ်။

သို့သော်လည်း မည်သည့်အချိန်တွင် စစ်ရေးလေ့ကျင့်မှုပြုလုပ်မည် သို့မဟုတ် စစ်ရေးလေ့ကျင့်မှုတွင် တပ်ဖွဲ့ ဝင်နှင့် စစ်သင်္ဘော၊ လက်နက် မည်ရွေ့မည်မျှ ပါဝင်မည်ဆိုသည်ကို အသေးစိတ်မဖော်ပြထားပါဘူး။

ဂျိုးဘိုင်ဒင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် လွတ်လပ်သော ရေကြောင်းသွားလာခွင့် တိုးမြှင့်ရန်ဟု ဆိုကာ ယူအက်စ်အက်စ် သီရိုဒီရုစဗဲ့ ဦးဆောင်သော အမေရိကန်တိုက်ရေယာဉ်အုပ်စု တောင်တရုတ်ပင်လယ် အတွင်း ဝင်ရောက်ခဲ့ပါတယ်။

တရုတ်နိုင်ငံက ဗီယက်နမ်၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ ထိုင်ဝမ်တို့နှင့် ပိုင်နက်နယ်မြေ အငြင်းပွားမှုများ ဖြစ်ပွားလျက်ရှိရာ တောင်တရုတ်ပင်လယ်အတွင်းသို့ မကြာသေးမီနှစ်များအတွင်း အမေရိကန်တပ်မတော်က လှုပ်ရှားမှုများ တိုးမြှင့်လုပ်ဆောင်လာခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်အတွင်းသို့ အမေရိကန်နိုင်ငံက လေယာဉ်တင်သင်္ဘောများ၊ စစ်ရေယာဉ်များ ပုံမှန် ဆိုသလို စေလွှတ်မှုကို တရုတ်နိုင်ငံက ဇန်နဝါရီလ ၂၅ ရက်တွင် ကန့်ကွက်ခဲ့ပါတယ်။

တိုက်ချင်းပစ် ဒုံးကျည်ပစ်စင်တွေကိုလည်း လေ့ကျင့်ဖို့ နေရာဖြန့်ကျက်ထားလိုက်ပါတယ်။

အရှေ့နဲ့အနောက်ဖက်ဆီတွေက တပ်မတွေဆီဖြန့်ကာ တရုတ်ဟာ အိန္ဒိယတနိုင်ငံလုံးနဲ့ ဂျပန်အခြေစိုက် အမေရိကန်တပ်စခန်းတွေကို ချိန်ရွယ်လိုက်ပါသတဲ့။ မနှစ်ကတော့ ဒီ DF-26 တွေကို တောင်တရုတ်ပင်လယ်ထဲက ရေတပ်စခန်းတွေဆီဖြန့်ကာ ကျူးကျော်လာတဲ့ အမေရိကန်သင်္ဘောတွေကို ဖျက်ပစ်မယ်လို့ ကျုံးဝါးခဲ့ဖူးသတဲ့။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page