မြန်မာပြည်က ပုဂ္ဂလိက ကိုယ်ပိုင်စာသင်ကျောင်း၊ ဘော်ဒါဆောင်တချို့ရဲ့ အမှောင်ဖက်ခြမ်း
မြန်မာပြည်က ပုဂ္ဂလိက ကိုယ်ပိုင်စာသင်ကျောင်း၊ ဘော်ဒါဆောင်တချို့ရဲ့ အမှောင်ဖက်ခြမ်း…
ဘော်ဒါမဖွင့်ရလို့ရင်နာနေကြတာတွေ့တော့ သမီးလေး လေးနှစ်နေခဲ့တဲ့ ဘော်ဒါတွေသွားမြင်မိတယ် မိုးတွင်း အဝတ်လှမ်းစရာနေရာမရှိ အစိုတွေထပ်ထပ်လှန်း နေရာလုံလောက်အောင်မပေးနိုင် စိုစိ ရေတဗြဲဗြဲ (အောက်ပိုင်းအတွင်းခံနဲ့ ရေလဲထမီတင်နော်) ကျန်တာက အလျော်သမားအပ်ရတာ ပိုက်ဆံထပ်ပေးရတယ်…
မုန့်အတွက်ပိုက်ဆံသွင်းရတယ် စားချင်စားချင် မစားချင်မစားချင် ပို့တာစား ထမင်းချိုင့်မှာပေးတယ် လပေး သူတို့တကယ်ချိုင့်ပို့သမားကိုကျတော့ ရက်ပေး ကျောင်းပိတ်လို့ပြန်ရင် ချိုင့်ပို့တဲ့လူရက်နဲ့တွက်ပေးတာ အမြတ်တွေ အမြတ်တွေ…
တချို့ ဘော်ဒါတွေနာမည်ကြီးလွန်းလို့ လူတွေများလို့ကုတင်တောင်မပေးနိုင်ဘူး အောက်မှာခင်းအိပ် ဖျာချင်းဆက် ကုတင်ချင်းဆက် သွားစရာလမ်းတောင်မရှိဘူး ယောက်ကျားလေးဆောင် ဝဲပေါက်ကြတယ် လူ ၂၀၀ လောက်ကို အိမ်သာ ၅ လုံး ရေချိုးခန်းအလုံမရှိ အုတ်ကန်ထဲက ဘုံခပ်ချိုး…
ရေနွေးကျိုပေးတာ ထမင်းစေ့တွေကျနေတဲ့အုတ်ကန်ထဲက အဆောင်မှူးကအခန်းတိုင်းလိုက်မကြည့်နိုင် စွာတဲ့လူကဗိုလ်ကျ သူများပစ္စည်း အလကား ဖျက်ဆီး ယူသုံး ပြောမဲ့လူမရှိ ငြိမ်ခံလာရတာပဲ အချို့ဘော်ဒါတွေ အဆောင်မှူးကစျေးရောင်းတယ် ကလေးတွေက မုန့်အကြွေးယူစားတယ် မိဘလာတော့အကြွေးဆပ် အထည်တွေလည်းရောင်းတယ်…
အချို့အဆောင်တွေ ပြတင်းပေါက်လုံးဝမရှိဘူး ပန်ကာတပ်ပေးထားတယ် ဖွင့်ချင်တဲ့လူနဲ့ မဖွင့်ချင်တဲ့လူပြသနာတက် အခန်းထဲလေကောင်းလေသန့်မရ အောက်သိုးသိုးချဉ်စုတ်စုတ်…
ကလေးတွေကလည်း သန့်ရှင်းအောင်မနေတတ် ပူလောင်မွန်းအိုက်စပ်ပြီး ဝဋ်ကြွေးတစ်ခုလို နေကြရတာ ဟောတိုက်ကြီးမှာ လာသမျလူဖျာခင်း သဲတရှပ်ရှပ်နေရတာလည်း ရှိသေး အခုပြောနေတာသင်ကြားရေးမပါဘူး ဘာလို့ထားလဲမေးရင် ထားချင်လို့ထားတာပါ ဝန်ဆောင်မှု နဲ့ စရိတ်နဲ့ညီမျှစွာ ကျန်းမာရေးနဲ့ ညီညွတ်စွာ ထားပေးနိုင်တဲ့ ဘော်ဒါတွေကိုမဆိုလိုပါဘူး…
သင်ကြားရေးကိုလိုအပ်လို့ ဘော်ဒါကို ဒီတစ်နှစ်ပဲသားရယ် ဒီတစ်နှစ်ပဲသမီးရယ်နဲ့ သည်းခံပြီးနေကြရတာ အခုကျန်းမာရေးနဲ့မညီညွတ်လို့ ညီညွတ်အောင်မလုပ်မှန်းသိလို့ ဖွင့်ခွင့်မပေးတာလေကွယ် တစ်နိုင်ငံလုံးအတွက် ခြုံငုံစဉ်းစားရတာလေကွယ် ခဏ သည်းခံကြပါဦးလား…
သင်ကြားရေးအားနည်းရင် ဖြေလျော့မှုလည်းလာမှာပေါ့ ကိုယ့်တာကိုအရင်လုံအောင်ကာကြပါဦးလား ပိုက်ဆံလည်းတောင်း ဝန်ဆောင်မှုလည်းကောင်းအောင် အစကတည်းက လုပ်ကြပါဦးလား ကာကွယ်ဆေးပေါ်တော့မှ ထိုးသိပ်ထည့်ပြီးပြန်ဖွင့်ကြ… (မြင်သိကြား သမျှပါ ဘော်ဒါတစ်ဆောင်ထဲ ကိုမရည်ညွှန်းပါ)
Theingi Winn