အမြန်လမ်းတစ်လျှောက် ယာဉ်မတော်တဆမှု အများဆုံးဖြစ်သည့်နေရာများ ရဲတပ်ဖွဲ့ထုတ်ပြန်

အမြန်လမ်းတစ်လျှောက် ယာဉ်မတော်တဆမှု အများဆုံးဖြစ်သည့်နေရာများ ရဲတပ်ဖွဲ့ထုတ်ပြန်…

အမြန်လမ်းတစ်လျှောက် ယာဉ်မတော်တဆမှုအများဆုံးဖြစ်သည့် နေရာ ၁၆ နေရာရှိပြီး ယင်းနေရာများ အရောက်တွင်သတိထားမောင်းနှင်းရန် အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။

ယာဉ်မတော်တဆမှု အများဆုံးဖြစ်သည့် နေရာများမှာ အမှတ် ၃ လမ်းဆုံ၊ ဘောနတ်ကြီး ၊ ဘောနီ၊ အုတ်ရှစ်ကုန်း၊ မြို့ချောင်း၊ ဖြူး၊ ဗောဓိကုန်း၊ ဇီးပင်သာ ၊ သာဂရ ၊ ပလွေး၊ ပန်းတင် ၊ ဘုရားတောင်၊ ပေပင်လေး၊ သီးကုန်း၊ ပြင်စည် နှင့် စကားအင်း အနီး မိုင်တိုင် အချို့နေရာများသည် ယာဉ်မတော်တဆမှု အများဆုံးဖြစ်ပွားလေ့ရှိသည့် နေရာများဖြစ်ခြင်းကြောင့် သတိပြု မောင်းနှင်ကြရန် သတိချက် ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ယင်းအပြင် အမြန်လမ်းမကြီးတစ်လျှောက် အသုံးပြု သွားလာလျက်ရှိသည့် ခရီးသွားပြည်သူများအနေဖြင့်မိုးအခါ ရေဝပ်ခြင်း၊ လမ်းချော်ခြင်းမြင်ကွင်းမရှင်းခြင်းစသည်တို့ကြောင့် လမ်းခရီးတစ်လျှောက် အန္တရာယ် ကင်းရှင်းစွာဖြင့် သတ်မှတ်ထားသော အမြန်နှုန်းအတွင်းမှသာ မောင်း နှင်ကြပါရန်နှင့် အမြန်လမ်းမကြီးတစ်လျှောက် ရဲစခန်းအပိုင် နယ်မြေအလိုက် ယာဉ်တော်တဆမှုအများဆုံးဖြစ်ပွားတတ်သည့် တည်နေရာမိုင်တိုင်များအား သိရှိဂရုပြုမောင်းနှင်နိုင်ရန် သတိပေးထားပါတယ်။

အမြန်လမ်းမကြီးရဲတပ်ဖွဲ့

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page