ယောက်ျားလေးတွေ ကိုယ့်မှာ ဘာရောဂါ ရှိနေလဲ ရှူးပေါက်ပြီး အလွယ်တကူ သိနိုင်တဲ့နည်း
ယောက်ျားလေးတွေ ကိုယ့်မှာ ဘာရောဂါ ရှိနေလဲ ရှူးပေါက်ပြီး အလွယ်တကူ သိနိုင်တဲ့နည်း..
ယောက်ျားလေးတွေအနေနဲ့ ကိုယ့်မှာ ဘာရောဂါ ရှိနေလဲဆိုတာကို ရှူးပေါက်ကြည့်ပြီး အလွယ်တကူ သိနိုင်ပါတယ်။ သစ်ပင်အောက်ကို သွားပြီး ရှူးပန်းကြည့်ပါ။
ရှူးရှူးတွေကို ပုရွက်ဆိတ်တက်ရင် သကြားဓာတ်များနေလို့ ဆီးချိုဖြစ်နိုင်တယ်။ ချက်ချင်း ခြောက်သွားရင် ဆားဓာတ် (ဆိုဒီယမ်) များနေတာ ဖြစ်နိုင်တယ်။ အသားနံ့ နံရင် ကိုလက်စ်ထရော များနေတာ ဖြစ်နိုင်တယ်။
ဇစ်ပြန်ဆွဲဖို့ မေ့နေရင် အယ်ဇိုင်းမား ဖြစ်နိုင်တယ်။ သစ်ပင်ကို တည့်အောင် မပန်းနိုင်ရင် ပါကင်ဆန်ဖြစ်နိုင်တယ်။ ခြေမပေါ်ပဲ ကျတယ်ဆိုရင်တော့ ဆီးကျိတ်ကြီးနေတာ ဖြစ်နိုင်တယ်။
ကိုယ့်ရှူးနံ့ ကိုယ်မရတော့ဘူးဆိုရင် ကိုဗစ် ဖြစ်နေပါပြီ။ ယောက်ျားလေးများအတွက် သီးသန့်ပါ။
မူရင်းရေးသားသူကို လေးစားစွာဖြင့်..