လစာ သိန်း ၂၀ ပေးမယ်ဆိုပြီး အလုပ်ခေါ်နေကြတဲ့ မြဝတီနဲ့ လောက်ကိုင်က ကာစီနိုများရဲ့ နောက်ကွယ်
ပညာတတ် လူငယ်လေးတွေ လုံးဝ မလုပ်သင့်တဲ့ နယ်စပ်မြို့က အလုပ်အကိုင်တမျိုး…
လောက်ကိုင် နဲ့ မြဝတီ မှာ အခုအခေါ်များနေတဲ့ အလုပ်ကြောင်းပြောပြမယ်။ သိက္ခာပိုင်းနဲ့ ဆိုင်ပေမယ့် ပညာတတ်လေးတွေ နှမျောလွန်းလို့ ထပ်ပြီး ဆုံးရှုံးမခံချင်တော့လို့ မြဝတီ လောက်ကိုင်သွားပြီး ကာစီနိုမှာ အလုပ်လုပ်ဖို့ တွေးနေတဲ့လူငယ်တွေ ဖတ်ဖို့ပါ။
အလုပ်ခေါ်တဲ့ပုံစံက အွန်လိုင်း Game , customer Service, Online Marketing အစရှိလို နာမည်တွေနဲ့ ခေါ်ကြတယ် English 4 skill ကျွမ်းရမယ်။ ကွန်ပြူတာတက်ရမယ်ဆိုပြီး ခေါ်တယ်။ လစာက နေစားငြိမ်း ၁၂ သိန်း ၁၅ သိန်းဝန်းကျင်ပေးကြပါတယ်။ အဲ့အလုပ်က နိုင်ငံခြားသားတွေဆီက Chat တင်ထိုင်ပြီး လိမ်ရတာပါနော်။ နိုင်ငံခြားသားတွေကို ပထမဆုံး မိန်းကလေးအယောင်ဆောင်ပြီး ရင်းနီးအောင် လုပ်ရတယ်။ ရင်းနီးသွားပြီဆို အလုပ်အကိုင်အကြောင်းတွေပြောတယ်။ ငါဝင်ငွေဘယ်လောက်ကောင်းကြောင်း ဘာလုပ်ငန်းတွေ လုပ်ကြောင်းပေါ့။
သူ့ကို ရင်းနှီးမြုတ်နှံဖို့ခေါ်ရမယ်။ အတိုးဘယ်လောက်ပေးမယ်ပေါ့။ ပထမဆုံး ၁ ကြိမ် ၂ ကြိမ်တော့ အတိုးကို ထည့်ပေးတယ်။ ဟိုဘက်က ယုံကြည်ပြီး အများကြီး ငွေလွှဲ ရင်းနှီးမြုတ်နှံမှ block လိုက်ရတာ။ ဂိမ်းတွေဆိုလဲ သူ့ဆီက ငွေရောက် block လိုက်ရတာ အလုပ်က အပြင်လုံးဝ မထွက်ရဘူး။ ထွက်ရလဲ တစ်လတစ်ခါ အဲ့တာလဲ သူ့တို့ကားနဲ့ လိုက်ပို့တာ။ လစာက ပထမဆုံးလတာ ၁၂ သိန်း ၁၅ သိန်း ပေးတာပါ။ နောက်လဆို ကိုယ်လိမ်နိုင်မှ ပိုက်ဆံရတာ မလိမ်နိုင်ရင်လဲ ရိုက်ခံရတယ် အထုခံရတယ်။
လိမ်နိုင်တဲ့သူ ငွေများများ ရှာပေးနိုင်သူဆို အိမ်ပြန်ရဖို့ လမ်းမရှိတော့ဘူး။ သူ့ကို လက်လွှတ်မခံတော့ဘူး။ အလုပ်ချိန် ၁၂ နာရီ အနည်းဆုံးလုပ်ရပါတယ်။ တစ်ခါတလေ မအိပ်ရဘူးနော်။ မိန်းကလေးတွေဆို နိုင်ငံခြားသားတွေနဲ့ ဘာညာ ချက်ရတဲ့အထိ ပါတက်တယ်။
အလုပ်ကလုပ်မဲ့သူဆို ကားစရိတ် ခံခေါ်တက်ကြတယ်။ အပြင်ထွက်ရတဲ့သူဆိုတာကလဲ သူဌေးလူယုံဖြစ်မှ ထွက်ရတက်တာ ပြည်သူ့စစ် လုံခြုံရေးအပြည့်နဲ့ ဟိုတယ် အထက်မြင့်တွေ မြို့အစွန်ဖျားတွေမှာ လုပ်ရတာပါ။ ခိုးထွက်လို့လဲ မရဘူး။ ထွက်ခဲ့ရင် အသက်ပါပေးရပါလိမ့်မယ်။ လုံးဝ အဲ့အလုပ်တွေ မလုပ်ကြပါနဲ့နော်။
ခုမြန်မာပြည်က ပညာတက်လေးတွေက ယုံစားပြီး အရမ်းကို ဒီဘက်တက်လာကြတာ။ တရုတ်လူမျိုးတွေက ပြည်တွင်းမှာ အဖမ်းအဆီးများလို့ မြန်မာ နယ်စပ်တွေမှာ လုပ်စားနေနေတာပါ။ တချို့မိန်းကလေးတွေဆို တရုတ်သူဌေးရဲ့ ပြုကျင့် ခံရတက်ပါတယ်။ မြန်မာပြည်က ပညာတက်လေးတွေ သတိထားဆင်ခြင် နိုင်ဖို့ပါ။ အရမ်းကို စွားရွားတဲ့ အလုပ်ပါနော်။
သူများဆီက ရတဲ့ အပူစာတွေဖြစ်သလို မိမိလဲ လူလိမ်ဖြစ် မိမိ အသိုင်းဝိုင်းလဲ မကောင်း မိမိ အသက်ရှင်ရေးဟာလဲ မသေချာ အရိုက်ခံအထုခံ အနှိပ်ဆက်ခံ အလုပ်ကြီးပါ။ ပညာတက်ကလေးတွေ အများကြီး နွံနစ်ခံနေရလို့ ပညာတတ်တွေကို အဲလိုမဆုံးရှုံးစေချင်ဘူး။
မူရင်းရေးသားသူအား ခရက်ဒစ်ပေးပါတယ်။ ခုမြန်မာနိုင်ငံထဲမှာ ကျပ်တည်းနေတဲ့အတွက် အဲပိုင်းတွေ ရောက်ရောက်သွားကျတာ စိတ်မကောင်းဘူး။ သူများပြောရင် မယုံဘူးတတ်ဘူးနော်။ ကျွန်မက ကိုယ်တိုင် မြဝတီလိုမြို့မှာ စားသောက်ဆိုင် ဖွင့်ခဲ့သူမို့ ကိုယ်တိုင် မြင်ခဲ့တာမို့ ပညာတတ်လေးတွေ နှမျောတယ်။