မထင်မှတ်ပဲ လုပ်ပေးဖြစ်တဲ့ အကူအညီလေးတစ်ခုနှင့် လူတွေ သတိမထားမိတဲ့ အချက်

မထင်မှတ်ပဲ လုပ်ပေးဖြစ်လိုက်တဲ့ အကူအညီလေးတစ်ခုပါ….

Junction city ကို ရောက်ခဲ့စဉ် စက်လှေကားမှာ အသက်နည်းနည်းကြီးပြီ ဝဝ အမျိုးသမီးတစ်ယောက်က လဲကျပါတယ်.. ဝိုင်းထူဖို့ကြိုးစားရင်းနဲ့ စက်လှေကားပေါ်က အထပ်ကို ရောက်တော့မှာပါ.. စက်လှေကားမှာ အန္တရာယ်အရှိဆုံးနေရာက အထပ်ကိုရောက်ပြီ လှေကားပြားတွေ ပြန်သိမ်းတဲ့အချိန်ပါ.. အခါမသင့်ရင် လက်တွေ ခြေတွေ ညှပ်ပါသွား နိုင်ပါတယ်…

အားလုံးက ဝိုင်းထူဖို့ကြိုးစားနေတာ အဆင်မပြေတာ တွေ့တာနဲ့ ကျွန်တော်လည်း အပြေးသွားပြီ စက်လှေကားကို ပိတ်ပေးလိုက်ပါတယ်…

ဒါက ကျွန်တော်ရဲ့ ဒုတိယ အတွေ့အကြုံပါ.. အရင်ကလည်း ရန်ကင်းစင်တာ စက်လှေကားမှာ ကလေးလေးတစ်ယောက် လဲကျတုန်းကလည်း စက်လှေကားကို ပိတ်ပြီ ကူညီလိုက်တာရှိခဲ့ပါတယ်…

မိတ်ဆွေတို့ကို အဓိက ပြောချင်တာက စက်လှေကားတွေရဲ့ ထိပ်မှာ အရေးပေါ် စက်ပိတ်လို့ရတဲ့ အနီရောင် ခလုပ်လေးရှိပါတယ်.. အရေးပေါ်အခြေအနေတခုခုမှာ စက်လှေကားကို ရပ်ချင်ရင် ဒီအနီရောင်ခလုပ်ကို နှိပ်ရပါတယ်.. ဒါလေးကို မိတ်ဆွေတို့ကို ပြောပြချင်တာပါ.. သိတဲ့သူတွေလည်း ရှိနိုင်ပေ့မယ့် မသိတဲ့သူက ပိုများပါတယ်…

နောက်စက်လှေကားရှိတဲ့နေရာရောက်ရင် မိတ်ဆွေတို့သတိထားကြည့်ပါ.. ပုံမှာ ပြထားတဲ့ အနီရောင်ခလုပ်လေးကို အပေါ်အောက် ထိပ် ၂ ဖက်စလုံးမှာ ရှိတာကို တွေ့ရမှာပါ…

ဒါလေးကိုတော့ ဝိုင်းရှယ်ပေးစေချင်ပါတယ်.. အသိပညာလေးတခုပါ…

(Thein Aung Chen)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page