အခွန်လာဆောင်တဲ့သူကို ချဉ်သွားအောင် လုပ်နိုင်တဲ့ မြန်မာပြည်က အခွန်စနစ် (ကိုယ်တွေ့ကြုံရသူ)
အခွန်လာဆောင်တဲ့သူကို ချဉ်သွားအောင် လုပ်နိုင်တဲ့ မြန်မာပြည်က အခွန်စနစ်…
မြန်မာပြည်မှာကတော့ ဖြစ်နိုင်ရင် အခွန်မဆောင်တာ အကောင်းဆုံးဘဲ။ ၂၀၁၇ တုန်းက အိမ်ဌားခ တနှစ်စာ သိန်း ၉၆၀ ရတဲ့အပေါ် သက်သာခွင့် သိန်း ၁၀၀ နှုတ်အပြီး ဝင်ငွေခွန် (10%) သိန်း ၈၀ ကျော် (နိုင်ငံ့သားကောင်းပီသစွာ အခွန်ကို မှန်မှန်ကန်ကန် ဆောင်ခဲ့တယ် (ငွေဖြူ သိန်း ၈၆၀ ရမယ်ထင်ခဲ့တယ်)
အခု ၂၀၂၀ မှာ ကားတွေနာမည်ပေါက်ပြောင်းရမယ်ဆိုတော့ အိမ်ကကား ၂ စီးစာအတွက် ဒီနေ့ အခွန်ရုံးမှာ claim လုပ်ဖို့သွားတယ်။
၂၀၁၇ တုန်းကဆောင်ထားတဲ့အခွန် သိန်း ၈၀ ကျော်က ဝင်ငွေခွန် (10%) ဘဲဆောင်ထားတယ်။ အိမ်ဌားတွေဘက်က ကုန်သွယ်ခွန် commercial tax (5%) မဆောင်ထားလို့ သိန်း ၈၆၀ ပေါ်မှာ နောက်ထပ် 5% (၄၃ သိန်း) ထပ်ဆောင်ရမယ်တဲ့ အဲ့တော့မှ (OC စာရွက်အဖြူ) ငွေဖြူရမယ်တဲ့။ ၄၃ သိန်းထပ်မဆောင်ရင် အရင်ကအခွန်ဆောင်ထားတဲ့ ၈၆ သိန်းရော ငွေဖြူသိန်း ၈၆၀ ရော ပလုံပြီတဲ့။
အရင်အိမ်ဌားတွေက INGO မို့လို့ ကုန်သွယ်ခွန် (5%) မဆောင်ရဘူးဆိုတာ အကြမ်းဖျင်းသိထားတယ်။ ဒါပေမယ့် ဒီနေ့ အခွန်ရုံးကပြောတာ INGO တိုင်း ကုန်သွယ်ခွန်ကင်းလွတ်မရဘူးတဲ့ UNICEF / UNFPA အဲ့လို UN အဖွဲ့တွေဘဲ ကုန်သွယ်ခွန်ကင်းလွတ်ခွင့်ရတာတဲ့။
အဲ့တော့ ကား ၂ စီးစာ နာမည်ပြောင်းအခွန်ဆောင်ဖို့ ငွေဖြူတွေပြန်ရဖို့ဆို နောက်ထပ် commercial tax 5% (၄၃ သိန်း) ထပ်ဆောင်ရမယ်တဲ့။
တကယ်ဆို အိမ်ရှင်က ဝင်ငွေခွန် 10% ဘဲဆောင်ရမှာ ဌားတဲ့သူက company ဆိုရင် commercial tax 5% ဆောင်ရမှာ INGO တွေဆိုရင် ဆောင်စရာမလိုဘူး။ ဒီတိုင်းသိထားတာ အိမ်ရှင်က 15% ဆောင်စရာအကြောင်းမရှိဘူး။ အခွန်မဆောင်ဘဲ INGO ဆိုပြီး အခွန်ရှောင်သွားတဲ့ INGO အတုကိုကျတော့ အခွန်ရှောင်မှုနဲ့လိုက်မဖမ်းဘဲနဲ့ အိမ်ရှင်ကဘဲ သူတို့အစား (5%) ထပ်ဆောင်ရမယ်ဆိုတာ ဘယ်လိုမှမဖြစ်သင့်တဲ့ကိစ္စ $ရေးမပါတဲ့ အခွန်ဥပဒေတွေ။
ဒီနှစ် ၂၀၂၀ စက်တင်ဘာလ အထိ အခွန်ကင်းလွတ်ခွင့်ဥပဒေ အရ သိန်း ၁၀၀၀ တန်ကားဝယ်ရင်တောင် (3%) သိန်း ၃၀ ဘဲဆောင်ရမယ် ကိုကငွေဖြူသိန်း ၈၆၀ ရဖို့ ၄၃ သိန်းဆောင်ရမယ်ဆိုတော့ လုံးဝမတန်ဘူး လုံးဝမဆောင်တော့ဘူး။
အခွန်ဥပဒေစာအုပ်လဲဖတ်ဖူးတယ်။ မြန်မာလိုရေးထားတာကို ဘယ်နှခါပြန်ဖတ်ဖတ် နားမလည်အောင် ရှုပ်ယှက်ခက်အောင်ရေးထားတာ ပွင့်လင်းမြင်သာမှု လုံးဝမရှိဘူး။ အခွန်ဥပဒေကို လူနားလည်မလွယ်အောင် ဒီလောက် ရှုပ်ယှက်ခက်အောင်ရေးထားတဲ့ကြားထဲ အခွန်ဥပဒေတွေက တနှစ်တခါပြောင်းနေသေးတယ်။
အခွန်ဘယ်လောက်ဆောင်ထားဆောင်ထား အခွန်စာအုပ်ထဲမှာ မှတ်တမ်းဘယ်လောက်ရှိရှိ (OC) လို့ခေါ်တဲ့ ငွေဖြူစာရွက်ကအသက်တဲ့ နှစ်တိုင်းအခွန်ဆောင်ထားတဲ့ အဲ့စာရွက်လေးတွေပျောက်သွားရင် ကို့ငွေဖြူတွေလဲပျောက်ပြီ။
အဲ့တော့ ဒီနှစ်ကစပြီး အခွန်ကို လုံးဝအမှန်အကန်မဆောင်တော့ဘူး။ (သူများတွေလုပ်နေကျအတိုင်း) အခွန်ဦးစီးမှူးကို ပိုက်ဆံပေးပြီး အခွန်လျော့ဆောင်ရအောင် လုပ်တော့မယ်။
တကယ် အမှန်ကန်ဆောင်တဲ့သူက နစ်နာတာဘဲ အဖတ်တင်တယ်။ မိအေး ၂ ခါ ၃ ခါ နာတယ်။ တော်သေးတာက ကိုလုပ်နေတဲ့ လုပ်ငန်းက နှစ်တိုင်းအခွန်ဆောင်ထားတဲ့ စာရွက်စာတမ်းတွေရှိသေးလို့ ပိုက်ဆံထပ်မထွက်ခဲ့တာ…
Arkar Moe Myint