အခါလွန်မိုးတွေ အညှိုးနဲ့ ရွာမယ့် ဒေသတွေကို ပြောလိုက်တဲ့ မိုးလေဝသ ဆရာမလေး စုစုစံ
အခါလွန်မိုးတွေရွာမယ်
လေစီးတွေ ကမောက်ကမ ဖြစ်နေတာကို အဆင့်မြင့်မိုးလေဝသဂြိုလ်တုတွေကနေ ထောက်လှမ်းခြင်းဖြင့် သိရှိရပါတယ် မြန်မာနိုင်ငံအတွက် အမြဲစောင့်ကြည့်ထောက်လှမ်းပေးနေပါတယ်။
၂၀၂၂ ဇန်နဝါရီလ ၁၅ရက်နေ့မှာ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်၊ နေပြည်တော်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်တွေမှာ ရေထိမခံနိုင်သော လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေကြသူများ ကြိုတင်သိရှိ ပြင်ဆင်နိုင်ကြစေရန် အတွက် ရက်ကြို ခန့်မှန်းပေးလိုက်ပါတယ်
ကချင်ပြည်နယ်မိုး – ၂၀၂၂ ဇန်နဝါရီလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အတွင်း ကချင်ပြည်နယ်မှာ မိုးရွာနိုင်ပြီး ပူတာအို မချမ်းဘော အထက်ဆန်ခေါင် ခေါရ်လန်ဖူး နောင်မွန်း ပန်နန်းဒင်ဒေသများတွင်မိုးကြီးနိုင်ပါတယ်။
၂၀၂၂ ဇန်နဝါရီလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် မိုးညှင်းခရိုင် ဗန်းမော်ခရိုင်တွေမှာ မိုးရွာနိုင်ပါတယ်။ (ခန့်မှန်းချိန် ၉-၁-၂၀၂၂ မနက် ၉ နာရီ ၁၈ မိနစ်အချိန်)
မိုက်ဆွန်ခ၊ ရှမ်းပြည်နယ်မှာမိုးတွေရွာမယ်။ ၂၀၂၂ ဇန်နဝါရီလ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့တွေမှာ ရှမ်းပြည်နယ် တစ်ခုလုံးတွင် မိုးရွာနိုင်ပါတယ်( ခန့်မှန်းချိန် ၉-၁-၂၀၂၂ မနက် ၉ နာရီ ၃၇ မိနစ်အချိန်)
ရွှေဘိုဘေးကြားတွေ မိုးသတိ – ၂၀၂၂ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် မုံရွာခရိုင် ရွှေဘိုခရိုင် ကန့်ဘလူခရိုင်တွေမှာမိုးအသင့်အတင့်ရွာသွန်းနိုင်ပါတယ် (ခန့်မှန်းချိန် ၉-၁-၂၀၂၂ နေ့လည် ၁၂ နာရီ ၁၅ မိနစ် အချိန်)
Su Su San (Senior Meteorologist, Advanced Weather Forecaster & Meteorological Intelligence Officer)