မြန်မာပြည် အထည်ချုပ်လုပ်ငန်းတွေအတွက် ထိုးနှက်ချက်တခု(အလုပ်လက်မဲ့တွေ ထပ်တိုးလာပါတော့မယ်)

H& M ၊ Zara ပိုင်ရှင် Inditex နဲ့ Primark ကဲ့သို့ ထိပ်တန်းအမှတ်တံဆိပ်တွေ ပါဝင်တဲ့ ACT အဖွဲ့က မတည်ငြိမ်တဲ့ နိုင်ငံရေးအခြေအနေကြောင့် မြန်မာနိုင်ငံမှာ သူ့ရဲ့ လုပ်ဆောင်ချက်တွေကို ရပ်နားဖို့ ဆုံးဖြတ်လိုက်ကြောင်း ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။

ဖေဖော်ဝါရီလ အာဏာသိမ်းမှုဖြစ်စဉ်ပြီးနောက် အလုပ်သမားတွေကိုယ်စား ဆောင်ရွက်တဲ့နေရာမှာ ပြည်တွင်းက အလုပ်သမားသမဂ္ဂအဖွဲ့များ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကြောင့် အခုလို ရပ်နားဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်တယ်လို့ ပြောပါတယ်။

အဆိုပါအဖွဲဟာ ကမ္ဘာလုံးဆိုင်ရာအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်နဲ့ ကမ္ဘာလုံးဆိုင်ရာ ကုန်အမှတ်တံဆိပ်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု တစ်ခုဖြစ်ပြီး လုပ်သားများအတွက် ကုမ္ပဏီတစ်ခုချင်းစီ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိတဲ့ စားဝတ်နေရေးဖူလုံတဲ့ လုပ်အားခ သေချာစွာရရှိနိုင်ရေး ကိစ္စရပ်တွေကို အဓိကလုပ်ဆောင်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် ရဲ့ လက်ရှိအခြေအနေအောက်မှာ လွတ်လပ်စွာ လည်ပတ်နိုင်ခြင်းမရှိတာက အဖွဲ့ရဲ့ လုပ်ငန်းတွေမှ နှုတ်ထွက်ရခြင်းရဲ့ အကျိုးဆက်လည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ၂၀၁၈ ခုနှစ်မှစတင်ကာ ACT ဦးစားပေးနိုင်ငံဖြစ်လာခဲ့ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ အဖွဲ့ဝင်တွေက မြန်မာနိုင်ငံမှာ ACT ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို ရပ်ဆိုင်းဖို့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ယင်းအဖွဲ့ မြန်မာနိုင်ငံမှ ထွက်ခွာသွားခြင်းကြောင့် အလုပ်သမားများဖက်မှ ရပ်တည်ပေးမယ့် အဖွဲ့အစည်း တခု လျော့နည်းသွားခြင်း ဖြစ်ပါတယ်။ အလုပ်သမား အခွင့်အရေး ဆုံးရှုံးမှု ပိုမို များပြားလာနိုင်ပြီး အလုပ်လက်မဲ့တွေ အများအပြား ဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page