အဘအောင်မင်းခေါင် ပုပ္ပားတောင်မှာ ရေးခဲ့တဲ့ မြန်မာပြည် အနာဂတ်အတွက် တဘောင်စာ (ကွက်တိပါပဲ)
မြန်မာရောဂါကပ်ဘေးနဲ့ လက်ရှိ အဖြစ်အပျက်တွေနဲ့ ဆက်စပ်နေတဲ့ သဲလွန်စ တဘောင်တစ်ခုကို လေ့လာမိပါတယ်.. ဘယ်လိုဆက်စပ် နေသလဲဆိုတော့ ၁၃၁၀ ခုနှစ်မှ ၁၃၁၄ ခုနှစ်အတွင် အဘး ဘိုးတော်အောင်မင်းခေါင် ပုပ္ပါး တောင်ကလပ်မှာ ရေးစပ်ခဲ့တဲ့ တဘောင်စာက ဖော်ပြနေတာဖြစ်ပါတယ်..
“လွဲမထွက်သာ ဝဲဘက်ယာပါမှ ဇာတ်မဟာရုပ်စုံထွက်ပြီမို့ မိုးလင်းရင် ဇာတ်တော်သိမ်းမည်တဲ့ ပတ်ဆော်ကာ ကပ်ကျော်မယ့်ကိန်းပါပဲ.. ” ဆိုတဲ့ ကိုးန၀င်းတဘောင်စာထဲက နောက်ဆုံးအပိုဒ် စာဖြစ်ပါတယ်။ တစ်ခုချင်းအဓိပ္ပါယ် ပြန်ကြည့်ရင်..
“လွဲမထွက်သာ ၊ ဝဲဘက်ယာပါမှ” ဆိုတဲ့အဓိပ္ပါယ်က ဝဲယာမတူညီတဲ့အမြင်အငြင်း အခုန်များနှင့်အတူ..
“လွဲမထွက်သာ” တဲ့ အခြေအနေအောက်မှာ စစ်တပ်နှင့် ပြည်သူဟူ၍ နိူင်ငံတွင် အင်အားကြီးနှစ်ရပ် ပေါ်လာလိမ့်မယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်..
“ဇာတ်မဟာရုပ်စုံဖွင့်ပြီမို့” ဆိုတဲ့တဘောင်အပိုဒ်ရဲ့ ဆိုလိုချက်က အခုလို နီ၊ စိမ်၊ ဝါ၊ ပြာ ၊ဖြူ၊ စတဲ့ ရောင်စုံပါတီတွေ ထွက်ပေါ်လာခြင်းနှင့် တိုင်းရင်သားလက်နက်ကိုင်အဖွဲစုံ ရည်ရွယ်ချက်စုံ ပေါ်ပေါက်လာမယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်..
“မိုးလင်းရင် ဇာတ်တော်သိမ်းမည်တဲ့” ဆိုတဲ့ တဘောင်စာအပိုဒ်ရဲ့ ဆိုလိုချက်က မိုးလင်းရင် နေမင်းကို မြင်ရမယ် နေမင်းဆိုတာ ဘာလဲ..?
မြန်မာတို့အယူဆမှာ လမင်းကို (ယုန်) တံဆိပ် သင်္ကေတနဲ့ ခိုင်းနှိုင်းခဲ့ကြသလို ဖန်နေ၀န်းကို တော့ (ဒေါင်း) တံဆိပ်သင်္ကတနဲ့ ခိုင်းနှိုင်းကြပါတယ်.. ပိုမိုသေချာ အောင်ဆက်ကြည့်ကြမယ်..
“မိုးလင်းရင်” ဆိုတဲ့ တဘောင်ပိုဒ်ကို ပိုမိုသေချာတဲ့ အထောက်ပံ့ တဘောင်စာ နှစ်ပိုဒ်နဲ့ ကြည့်ရင် တဘောင်စာ တစ်ခုမှာ “ကြက်မတွန်မှ မိုးလင်းလိမ့်မယ်”
နောက်တစ်ခုက “ဇာမဏီကြက်မ သူကတွန်တယ် ဇဗ္ဗူတခွင် လင်းလို့ မဆုံး” ဆိုတဲ့ တဘောင်စာနှစ်ခု ဖြည့်ဆွတ်အားဖြည့်ကြည့်တဲ့အခါ အဖြေက ရှင်းပါတယ်။ ဒေါင်း တံဆိပ်ပါတဲ့ အမျိုးသမီးတစ်ဦး ဦးစီးတဲ့ပါတီက ဦးဆောင်မယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်…
“ပတ်ဆော်ကာ ကပ်ကျော်မယ့်ကိန်းပါပဲ” ဆိုတဲ့အပိုဒ်က အခု ပတ်ဆော်တယ်ဆိုတာ အောင်ပွဲခံနေကြတဲ့အချိန် တနည်းအောင်ပွဲခံနိုင်မယ် အခု ကြုံတွေ့ခံစားနေရတဲ့ ကပ်ဘေးကြီးနဲ့ အခြေအနေတွေကိုလည်းကျော်နိုင်လိမ့်မယ်လို့ အဘအောင်မင်းခေါင်ရဲ့ တဘောင် စာ အဓိပ္ပါယ်က ဆိုလိုခြင်းဖြစ်ပါတယ်။
အဘမင်းခေါင် ကြိုတင်မိန့်ထားပုံက..
“ကိုလေးတို့ မလေးတို့ ရေ.. အနာဂါတ်မှာ ကပ်ကြီးတစ်ခုကြုံကြမယ်.. ကပ်ကြီးကြုံတဲ့အချိန်မှာ တို့တိုင်းပြည်မှာ မလွဲမရှောင်သာ ရာဇပုလ္လင်မှာ ဩဇာကြီးမားသူ ဝဲ/ယာ အုပ်စုကြီးနှစ်ခု စိုးစံကြလိမ့် မယ်.. ထိုသို့စိုးစံကြတဲ့အခါ အဖွဲ့စည်းပေါင်းစုံ ပါတီပေါင်းစုံ လက်နက်ကိုင်အဖွဲ့ပေါင်းစုံ လည်းပေါ်ကြလိမ့်မယ်.. မပူကြပါနဲ့ကွယ်.. မိုးလင်းတဲ့အခါ ကပ်ကြီးဘေးက ကိုလေးတို့ မလေးတို့ ပျော်ပျော်ပါးပါးနဲ့ ကျော်ဖြတ်နိူင်ကြမှာပါကွယ်..”
Dr.ရဲဇော် (ဇီးကုန်း)