အပ်မှို အရမ်းကြိုက်ကြသူများအတွက် ဂရုပြုစရာ (အရေးတကြီး စစ်ဆေးဖို့ လိုလာပါပြီ)
အပ်မှို အရမ်းကြိုက်ကြသူများအတွက် ဂရုပြုစရာ (အရေးတကြီး စစ်ဆေးဖို့ လိုလာပါပြီ)
မြန်မာတွေ အပ်မှိုဆိုပြီး ခေါ်ခေါ်နေကြတဲ့ အီနိုကီမှိုကို ကြိုက်ကြသူများ သတိပြုရန်ဖော်ပြပေးလိုက်ပါတယ်။
မြန်မာတွေက အပ်မှို ဆိုပြီးခေါ်တဲ့ Sun Hong Foods တံဆိပ်ပါ အီနိုကီမှိုမှာ လစ်စတီးရီးယား ပိုးတမျိုး ရှိနေတဲ့အတွက် မစားကြဖို့ အမေရိကန် ရောဂါကာကွယ်ရေးဌာနက ပြောလိုက်ပါတယ်။
လစ်စတီးရီးယားဟာ ဘက်တီးရီးယားပိုးတမျိုး ဖြစ်ပြီး အစာအဆိပ်သင့်မှုကို ဖြစ်စေနိုင်တဲ့ ပိုးလို့ သိရပါတယ်။
လစ်စတီးရီးယား ပိုးဝင်ခြင်းရဲ့ လက္ခဏာတွေက ဘာလဲ။
သာမန်လူတွေ မှာဆိုရင်တော့ ဖျားမယ် ချမ်းတုန်မယ် ကိုယ်လက်ကိုက်ခဲမယ် ပျို့မယ် ဝမ်းလျှောမယ်။ ဒီလက္ခဏာတွေက ပိုးရှိတဲ့ အစားအစာတွေကို စားပြီး ရက်အနည်းငယ်အတွင်း ဖြစ်တတ်ပါတယ်။ တစ်ခါတစ်လေ ရက် ၃၀လောက်နေမှ လက္ခဏာပြတာမျိုးလည်း ရှိနိုင်ပါတယ်။
မတော်တဆများ ဦးနှောက်နဲ့ အာရုံကြောကို ရောက်သွားရင်တော့ ခေါင်းကိုက်တာ ဇက်တောင့်တာ သတိမကောင်းတာ ဟန်ချက်မထိန်းနိုင်တာ တက်တာတွေ ဖြစ်နိုင်ပါတယ်။
ကိုယ်ဝန်ဆောင်တွေနဲ့ မွေးကင်းစ ကလေးတွေမှာ ဆိုရင်တော့ ကိုယ်ဝန်ဆောင်တွေမှာဆိုရင်တော့ သာမန်ဖျားတာ၊ ကိုယ်လက်ကိုက်တာလောက်ပဲ ဖြစ်တာပါ။ ပြဿနာက ဗိုက်ထဲက ကလေးမှာပါ။ ကလေးပျက်ကျတာ၊ အသက်မပါတာတွေ ဖြစ်နိုင်သလို မွေးပြီး သိပ်မကြာခင်မှာ ပြင်းထန်တဲ့ လက္ခဏာတွေပြတာလည်း ဖြစ်နိုင်ပါတယ်။
မွေးစကလေးတွေမှာ ဘာလက္ခဏာတွေ ပြမလဲ ဆိုတာက ပြောရခက်ပါတယ်။ အတွေ့များတာကတော့ နို့ကောင်းကောင်းမစို့တာ ဂျီကျတာ ဖျားတာ အန်တာ အသက်ရှူကြပ်တာ စတာတွေ ဖြစ်တတ်ပါတယ်။ သတိမထားမိရင် အသက်သေဆုံးတဲ့အထိ ဖြစ်သွားတတ်ပါတယ်။
အထူးသဖြင့် ကိုယ်ဝန်ဆောင်၊ အသက် ၆၅ နှစ်နဲ့အထက် ဒါမှမဟုတ် ကိုယ်ခံအားစနစ် အားနည်းသူတွေ မစားဖို့ သတိပေးထားပါတယ်။ လောလောဆယ် Sun Hong Foods ကုမ္ပဏီတံဆိပ်နဲ့ မှိုတွေကို ပြန်သိမ်းဖို့ ညွှန်ကြားထားတယ်။
တခြားတံဆိပ်တွေကိုတော့ သတိပေးတာ မရှိသေးပါဘူး။ ပြန်သိမ်းဖို့ ညွှန်ကြားထားတဲ့ အပ်မှိုကြောင့် ၄ ဦး ကွယ်လွန်ပြီး လူ ၃၀ ဆေးရုံတက်ခဲ့ရတယ်လို့ သိရပါတယ်။