အဲယာကွန်းက ထွက်တဲ့ လေကနေတဆင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်သလား

အဲယာကွန်းက ထွက်တဲ့ လေကနေတဆင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်သလား…

အဲယားကွန်းကထွက်လာတဲ့ လေလမ်းကြောင်းဟာ ရောဂါပိုးပါတဲ့ အမှုန်ကို သယ်ပို့ပေးရာ အချက်တစ်ချက် ဖြစ်နေပါသတဲ့။ စားသောက်ဆိုင်တစ်ခုရှိ စားပွဲသုံးခုမှာ အတူစားမိတဲ့ မိသားစု (၃)စုမှာ ရောဂါပိုးရှိသူ ၁၀ ယောက်တွေ့ခဲ့ရတယ်။

ပထမဆုံးလူနာက တရုတ်ပြည်ဝူဟန့်ကနေ ကွမ်ကျိုးကိုလာတယ်။ နောက်နေ့မှာ သူ့မိသားစုဝင် ၃ ယောက်နဲ့ စားသောက်ဆိုင်မှာ သွားစားတယ်။ အဲ့ဒီဆိုင်မှာ အဲကွန်းပဲပါပြီး ပြတင်းပေါက်မပါဘူး။

အဲဒီမိသားစုနားကစားပွဲတွေမှာ အခြားမိသားစု နှစ်စုက စားနေတယ်။ သူတို့မိသားစုသုံးစု စားသောက်ဆိုင်မှာ အတူရှိချိန်ဟာ ၁ နာရီလောက်ရှိတယ်။ အဲ့ဒီနေ့က ပထမဆုံးလူနာက ဘာရောဂါလက္ခဏာမှမပြသေးဘူး။ ဒါပေမယ့် နောက်နေ့မှာ ကိုယ်ပူပြီး ချောင်းဆိုးတယ်။

နောက်နှစ်ပတ်အတွင်းမှာ သူ့မိသားစုထဲက ၄ ယောက်ဖျားတယ်။ ဒုတိယမိသားစုက ၃ ယောက်ဖျားတယ်။ တတိယမိသားစုက ၃ ယောက်ဖျားတယ်။ အဲ့ဒီအချိန်ဟာ ဇန်နဝါရီလမို့ တရုတ်ပြည် ကွမ်ကျိုးမှာ ထိတွေ့သူ လိုက်ရလွယ်တယ်။ သေချာ လိုက်စိစစ်တော့ ကျန်တဲ့မိသားစုနှစ်ခုက ထိတွေ့စရာဆိုလို့ ပထမမိသားစုနဲ့ စားသောက်ဆိုင်တစ်ခုမှာ အတူစားမိသားဖြစ်နေကြတာ။

အဲ့ဒီတော့ ဖြစ်နိုင်ခြေတစ်ခုတည်းက လေထဲကနေ အမှုန်အနေနဲ့ကူးတာ။ သို့သော် ဝေးတဲ့နေရာကို အလွယ်တကူကူးတာမဟုတ်ဘူး။

ဒါပေမယ့် လေကနေကူးတယ်ဆိုတာက သုံးချက်ရှိတယ်။

၁။ စားပွဲတွေနီးနီးကပ်ကပ်ဖြစ်နေတာ။

၂။ အဲကွန်းလေလမ်းကြောင်းက လေတိုက်တာပြင်းတာ။

၃။ အဲ့ဒီအနီးတဝိုက်မှာ ပြတင်းပေါက်မရှိပဲ လေကအဲ့အနားတင်ကွက်လည်ပတ်နေမှာ။

အဲ့ဒီတော့ အဲကွန်းကနေ ပြန်ကူးသလားကြည့်တယ်။ အဲကွန်းရဲ့ လေဝင်လေထွက်ပေါက် နေရာတွေကနေ Smear Sample နမူနာ (၆)ခုယူကြည့်တယ်။ ပိုးမတွေ့ဘူး။ ဒါဆိုရင်အဲကွန်းကနေ လေထဲကနေ ဗိုင်းရပ်စ်ကူးတာမဖြစ်နိုင်ဘူး။

အဲ့ဒီဆိုင်ထဲမှာပဲ တစ်ထပ်တည်းက လာစားသူ ၇၃ ယောက်မှာ Swab ယူစစ်ကြည့်တော့ ပိုးမတွေ့ဘူး။ ပြီးတော့ ၁၄ ရက် Quarantine ဝင်စောင့်ကြည့်တော့လည်း ဘာရောဂါလက္ခဏာမှ မပြဘူး။ အဲ့ဒီစားသောက်ဆိုင်က ဝန်ထမ်းတွေမှာလည်း Negative ပြတယ်။

အခုကိစ္စမှာ မသေချာမှု (၂) ခုရှိနေသေးတယ်။

၁။ အခုကွမ်ကျိုးကကိစ္စမှာ လေကြောင့်ကူး မကူးကို ဘယ်သူမှ သေချာသက်သေမပြနိုင်ဘူး။ စမ်းသပ်မှုသေချာမလုပ်ရသေးဘူး။

၂။ အခြားလူတွေကို Swab ယူခဲ့ပေမယ့် Negative ဖြစ်ပြီးနောက် Antibody Test ထပ်မလုပ်ခဲ့ဘူး။

အဲ့ဒီတော့ ကျနော်တို့ ဘာသတိထားရမလဲ…

အလုပ်မှာ တတ်နိုင်ရင် အဲကွန်းပိတ်၊ တံခါးတွေဖွင့်ပြီး လေကောင်းလေသန့် အဝင်အထွက်ရှိအောင်နေရမယ်။ အလုပ်စားပွဲတွေ နီးနီးကပ်ကပ်မထားသင့်ဘူး။ (လက်တွေ့မှာ မလွယ်ပါ။)

ရောဂါလက္ခဏာမပြပဲ ပိုးရှိနေတဲ့ Asymptomatic သမားတွေက ဘယ်လိုမှမသိနိုင်ပဲရှိနေနိုင်ပါတယ်။ ကိုယ်တိုင်တောင် အပြင်ခနခနထွက်ရင် အဲ့လိုလူဖြစ်နိုင်ပါတယ်။ ဒါကြောင့်တတ်နိုင်ရင်အပြင်မထွက်ပါနဲ့။ ဘက်စ်ကားတွေထဲမှာ ခပ်ဝေးဝေးထိုင်ကြရတော့မလိုဖြစ်နေပါတယ်။ (လက်တွေ့မလွယ်ပါ။)

အားလုံးသတိပြုနိုင်ရန် တင်ပြလိုက်ပါတယ်…

Richard Myo Thant

Leave a Reply

Your email address will not be published.

x

You cannot copy content of this page