စရောက်တဲ့နေ့မှာပဲ အိမ်ရှင်ရဲ့ လက်ဝတ်ရတနာ သိန်း (၅၀) ဖိုးကို ‘မ’ သွားတဲ့ အိမ်ဖော်
ဒီပို့စ်ကို တင်ရင်ကောင်းမလား မတင်ဘဲနေရင် ကောင်းမလား စဉ်းစားနေမိတာ။ ဘယ်သူ့ကိုမှ မထိခိုက်စေချင်တာတော့ အမှန်ပါ။ ဒါပေမယ့် ကိုယ့်လို တစ်ခြားသူတွေကို မဖြစ်စေချင်လို့ တင်ဖို့ ဆုံးဖြတ်လိုက်တာပါ။
ပုံပါအမျိုးသမီးဟာ ကျွန်မအဒေါ်အိမ်မှာ အိမ်အကူလိုလို့ အေးဂျင့်ကနေ တစ်ဆင့် ရောက်လာပါတယ်။ ဒီကြားထဲမှာ အဒေါ်မိသားစုလည်း အိမ်ပြောင်းတဲ့ကိစ္စနဲ့ အလုပ်တွေတော့များနေတာ ဟိုဘက်အိမ်ကပစ္စည်း ဒီဘက်အိမ်ရွှေ့နေတာ သူရောက်လာတဲ့နေ့မှာပဲ အိမ်ဟောင်းကိုသန့်ရှင်းရေးလုပ်ဖို့ပြောခဲ့တယ်။
အဲ့ရောက်တဲ့ညမှာပဲ သူက ဘီဒိုထဲထည့်ထားတဲ့ လက်ဝတ်ရတနာ သိန်း (၅၀) ဖိုးရှိပါတယ် ယူပြီး ညတွင်းချင်းပဲ ပြန်သွားခဲ့တယ်။ သူ့ပုံ CCTV မှာ မှတ်တမ်းရှိတယ်။ အေးဂျင့်ကိုပြောတော့လည်း အေးဂျင့်က သူ့လိပ်စာ အတိအကျ မသိ။ အဲ့အမျိုးသမီးကဖုန်းပိတ်ထားပြီး ဆက်သွယ်မရ။ ကိုဗစ်ကာလဖြစ်တော့ သွားလာ ခက်ခဲတော့ ဘယ်လိုက်ရမှန်းမသိ။
ယူသွားတဲ့ပစ္စည်းတွေက ဆုံးသွားတဲ့အဖွားက သူ့မြေးလေးကိုပေးခဲ့တဲ့ ပတ္တာမြားဆို သိပ်နှမြောတာပဲရှင်။ ပစ္စည်းထက် ပစ္စည်းကိုပေးတဲ့အဖွားက မရှိတော့ဘူးလေ။ တော်တော်လေး စိတ်မကောင်း ဖြစ်ရတယ်။
ကိုယ်တွေက တော့ စေတနာထားခဲ့တယ် သူစားဖို့ ထမင်းတောင် ချက်ပြီးပို့ပေးခဲ့တယ်။ သူကတော့ လုပ်ရက်သွားတာ။ ကိုယ့်လို တခြားသူတွေလည်း မဖြစ်စေချင်ဘူး။ ဘယ်သူ့မှကို မယုံတာအကောင်းဆုံးပဲ။
သူ့ကိုသိတဲ့ သူများရှိပါကလည်း အကြောင်းလေးကြားပေး လက်ဆင့်လေးကမ်း ပေးမယ်ဆို တကယ်ကျေးဇူးတင်မိပါတယ်ရှင်။ (May Zin Htet)