ဖေဖော်ဝါရီ ၁ ရက် နေ့မှာ ဘယ်သူမှ အပြင်မထွက်ဖို့ အမေရိကန်သံရုံး ထုတ်ပြန်ကြေညာလိုက်ပြီ

ယခုရက်ပိုင်း ( အထူးသဖြင့် Feb 1 and 2 ) နေ့များတွင် တင်းမာမှုများ ရှိလာနိုင်သောကြောင့် သတိထားသွားလာနေထိုင်ကြရန် မြန်မာနိုင်ငံရှိ အမေရိကန်နိုင်ငံသားများကို အမေရိကန်သံရုံးမှ စာထုတ်ပြန် သတိပေးလိုက်ပါတယ်။ ထုတ်ပြန်စာ အပြည့်အစုံကို အောက်မှာ ဖော်ပြထားပါတယ်-

ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး၏ အောက်ဖော်ပြပါ အချက်အလက်များကို အမေရိကန် ဆက်သွယ်ရေး ကွန်ရက်မှတဆင့် မြန်မာနိုင်ငံရှိ အများသူငှာ ဝန်ဆောင်မှုပေးနေသည့် အမေရိကန် နိုင်ငံသားများထံ ပေးပို့နေပါသည်။ သင့်အဖွဲ့အစည်း သို့မဟုတ် အနီးနားရှိ အမေရိကန် နိုင်ငံသားများအားလုံးထံ ဤစာကို ဖြန့်ဝေပါ။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလအတွင်း စစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ရန် မြန်မာနိုင်ငံတဝှမ်းတွင် ဖေဖော်ဝါရီ ၁ ရက်နှင့် ဖေဖော်ဝါရီ ၂ ရက်တို့တွင် ဆန္ဒပြပွဲများနှင့် အသံတိတ်သပိတ်ပြုလုပ်ကြမည် ဖြစ်ကြောင်း သံရုံးက သိရှိထားပါသည်။ ထိုနေ့ရက်များတွင် ခရီးသွားခြင်းနှင့် အပြင်ထွက် လှုပ်ရှားမှုများကို ရှောင်ကြဉ်ရန် အမေရိကန်သံရုံးက အကြံပြုထားသည်။

စစ်အာဏာသိမ်းမှု နှစ်ပတ်လည်နေ့သည် ရန်ကုန်မြို့နှင့် အစွန်အဖျားဒေသများတွင် တင်းမာမှုများ တိုးမြင့်လာနိုင်ကြောင်း အမေရိကန်သံရုံးက အကြံပြုထားသည်။ မကြာသေးမီက ရန်ကုန်မြို့တွင် ဗုံးပေါက်ကွဲမှုများနှင့် တိုက်ခိုက်မှုများသည် အမေရိကန် နိုင်ငံသားများအတွက် လုံခြုံရေးကို ဆိုးရွားစွာ ခြိမ်းခြောက်လျက်ရှိပြီး နောက်ထပ်လည်း အကြိမ်ရေနှင့် ပြင်းထန်မှု တိုးလာနိုင်ပါသည်။ ထို့အပြင်၊ အမျိုးအမည် မသိနိုင်သည့် လုံခြုံရေး ကိစ္စရပ်များလည်း ဖြစ်ပေါ်နိုင်ပါသည်။လမ်းပိတ်ဆို့မှုများနှင့် လုံခြုံရေး စစ်ဆေးခြင်းများ သေချာပေါက် ဖြစ်နိုင်ပါသည်။

လူစုလူဝေးများကို ရှောင်ကြဉ်ရန်နှင့် ပြင်ပလှုပ်ရှားမှုများကို မပြုလုပ်ရန် အမေရိကန်သံရုံးက အကြံပြုထားသည်။ သင်၏ ကိုယ်ရေးကိုယ်တာ လုံခြုံရေး အစီအစဉ်များကို ပြန်လည်သုံးသပ်ပြီး အေးအေးဆေးဆေး ငြိမ်ငြိမ်သက်သက်သာသာ နေပါ။ ဆက်သွယ်ရေးပြတ်တောက်မှုများဖြစ်နိုင်ချေကို ကြိုတင်ခန့်မှန်းပြီး ဆက်သွယ်ရေးလုပ်ငန်းများ အကန့်အသတ်ဖြစ်လာခြင်း သို့မဟုတ် မရရှိနိုင်သည့်ကိစ္စများတွင် အစီအစဉ်တစ်ခုထားရှိပါ။ မိသားစုနှင့် အပေါင်းအသင်းများအား ဤဖြစ်နိုင်ချေကို ကြိုတင်အကြံပေးပါ။

ဆက်သွယ်မှုများ မပြတ်တောက်စေရန် ပြုလုပ်ထားပါ။ အီလက်ထရွန်နစ်ပစ္စည်းများအား အားသွင်းထားပါ၊ ဘေးပတ်ဝန်းကျင်က အဖြစ်အပျက်များနှင့် ဒေသ သတင်းများကို စောင့်ကြည့်ပါ။ အစားအစာနှင့် ရေများကို ရက်အတန်ကြာအတွက် စုဆောင်းထားပြီး အမိုးအကာရှိတဲ့ လုံခြုံတဲ့နေရာမှာ နေပါ။ အကျပ်အတည်းအတွင်း သံရုံးမှ ထုတ်ပြန်ချက်များကို အချိန်နဲ့ တပြေးညီ အလွယ်တကူ ရရှိနိုင်မည် မဟုတ်ပါ။

လက်ရှိ အဆင့် ၄ ခရီးသွား အကြံပေးချက်သည် နိုင်ငံခြားရေးဌာနမှ ထုတ်ပြန်ထားသော အမြင့်ဆုံးအဆင့်ဖြစ်ပြီး အမေရိကန်နိုင်ငံသားများအား မြန်မာနိုင်ငံသို့ ခရီးသွားခြင်း မပြုလုပ်ရန် (သို့မဟုတ်) ဖြစ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာမှ အန္တရာယ်ကင်းမည် ဖြစ်ကြောင်း အကြံပြုထားသည်။ လတ်တလောအခြေအနေများကြောင့် အရေးပေါ်အခြေအနေကြုံလာပါက၊ အမေရိကန်သံရုံးသည် အကူအညီပေးရန် အလွန် အကန့်အသတ် ရှိနေပါကြောင်း ထုတ်ပြန် ကြေညာလိုက်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page